မူလတန်းဝတ်စုံ ၃ သောင်းကျော် ပေးမည်

0
626

၂၀၁၅ -၂၀၁၆ ပညာသင်နှစ်တွင် မူလတန်းနှင့် အလယ်တန်း အဆင့် ကျောင်းအပ်နှံရေး အခမဲ့ ဆောင်ရွက်ပေး ခြင်းနှင့်အတူ မူလတန်း ကျောင်းသူ ၊ကျောင်းသားများအား ကျောင်းဝတ်စုံ တစ်စုံပါ အခမဲ့ ထုတ်ပေးမည်ဟု ကော့သောင်းမြို့နယ် ပညာရေးမှူးရုံး ထံမှ သိရသည်။


မှုလတန်းအဆင့် ကျောင်းသား များကို အခမဲ့ ကျောင်းအပ်နှံရေး အပြင်  ပြဋ္ဌာန်း ပုံနှိပ်စာအုပ် တစ်စုံ ၊ ဗလာ စာအုပ် ၆ အုပ်၊ ကျောင်းဝတ်စုံတစ်စုံ ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးက ပြောသည်။
” အလယ်တန်း အဆင့်ကိုတော့ ကျောင်းအပ်နှံရေး အခမဲ့နဲ့ ပြဌာန်း စာအုပ် ပုံနှိပ်တစ်စုံ ထုတ်ပေးသွားမယ် ” ဟု ၎င်းက ဆိုသည်။
ကျောင်းအပ်နှံခြင်းကို မေလ တတိယ အပတ်တွင် စတင်ဆောင်ရွက် သွား မည်ဖြစ်ကြောင်း အထက်ပါရုံးမှ သိရသည်။