ဆင်းခွန်ကို အထူးနယ်စပ်ဂိတ် အဖြစ် တိုးမြှင့်မည်

0
666

မြန်မာ – ထိုင်း ယာယီနယ်စပ်ဂိတ် တစ်ခုဖြစ်သည့် မြိတ်ခရိုင် တနင်္သာရီမြို့ နယ်ရှိ မောတောင်နယ်စပ်ဂိတ် ထိုင်း ဘက်ခြမ်း ဆင်းခွန်ဂိတ်ကို လာမည့် မေလ ၂၃ ရက်နေ့မှ စပြီး အထူး နယ်စပ်ဂိတ်အဖြစ် တိုးမြှင့် ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ပရာကျွတ်ခီရီခန် ခရိုင်ဝန်က ပြောကြားသည်။


တနင်္သာရီတိုင်းဒေသကြီး အစိုးရ နှင့် ပရာကျွတ်ခရိုင်ဝန်နှင့် အဖွဲ့ဝင်များ မြိတ်မြို့တွင် မေလ ၆ ရက်နေ့က ပြု လုပ်သည့် မောတောင်-ဆင်းခွန် နယ် စပ် ဝင်/ထွက် ဂိတ် အဆင့်တိုးမြှင့် ခြင်းနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်း အဝေးတွင် ခရိုင်ဝန်က ယင်းကဲ့သို့ ပြောခြင်းဖြစ်သည်။ sin-khon
အထူး နယ်စပ်ဂိတ်အဖြစ် တိုးမြှင့် ရန် ထိုင်းနိုင်ငံရှိ ဝန်ကြီးများ အစည်း အဝေးတွင် သဘောတူပြီးဖြစ်ကာ ပရာကျွတ်ခရိုင်အတွင်းရှိ တိုက်နယ် ၅ ခုသို့ တစ်ညအိပ် နှစ်ရက်ခရီး သွားလာ ခွင့်ပြုမည်ဖြစ်ကြောင်း ခရိုင်ဝန်က ပြော သည်။
” တစ်ညအိပ် နှစ်ရက်ခရီးက တ အား နည်းနေတယ်။ ၂ ညအိပ် လောက် ဆိုရင် လုံလောက်မယ် ” ဟု မြိတ်ခရိုင် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးလှသန်းက ပြော သည်။
ယင်းသို့ ဖြတ်သန်းသွားလာခွင့် အချိန်နည်းခြင်းသည် မြန်မာဘက်မှ ပရာကျွတ်သို့ ကုန်သွယ်လိုသူများ အတွက် အခက်အခဲ ဖြစ်သကဲ့သို့ ပရာ ကျွတ်ဘက်မှ ခရီးသွားလုပ်ငန်း တိုးမြှင့် မည့်သူများအတွက်လည်း အခက်အခဲ ရှိနိုင်သည်ဟု ဝန်ကြီးချုပ် ဦးမြတ်ကိုက ပြောသည်။
ယခင် ယာယီနယ်စပ်ဂိတ် အဆင့် တွင် မြန်မာဘက်မှ ပရာကျွတ်မြို့ အနီးအနားသို့ နေ့ချင်းပြန်ခရီးသာ သွားလာ ခွင့်ပေးခဲ့သည်။
နောက်ပိုင်းတွင် ခရီးသွားလာမှုနှင့် ကုန်သွယ်မှု အခြေအနေအပေါ်မူတည် ပြီး မြန်မာဘက်မှ ခွင့်ပြုပေး ထားသည့် သွားလာခွင့်နှင့်ညီတူ ခွင့်ပြုရန် ထိုင်း ဝန်ကြီးချုပ်ထံ တင်ပြသွားမည် ဟု ပရာကျွတ်ခရိုင်ဝန်က ပြောသည်။
အထူးနယ်စပ်ဂိတ်အဖြစ် ဖွင့် လှစ်ပြီးပါက ထိုင်းဘက်မှ မြန်မာဘက် သို့ နယ်စပ် ဖြတ်သန်း ခွင့်လက်မှတ်ဖြင့် ၁၃ ညအိပ် ၁၄ ရက်၊ ယာယီနယ် စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် ၆ ညအိပ် ၇ ရက် သွားလာခွင့် ပြုမည် ဖြစ်ကြောင်း အထက်ပါ အစည်းအဝေးမှ သိရသည်။
မြန်မာဘက်မှ မောတောင်နယ်စပ် စခန်းကို ၂၀၁၃ ခုနှစ် မေလ ၈ ရက် နေ့က တရားဝင်ဖွင့်လှစ်ထားပြီး ဖြစ် ကြောင်း သိရသည်။