Tag: #တနင်္သာရီပတ်စဉ်
သူခိုးကြီးည
လသာသည့်ညတို့က လရောင် အောက်ရှိ လူငယ်တို့ကို စိတ်ကြည်နူးစေ၊ စိတ်ရွှင်ပြစေ၊ စိတ်ကစားစေပါသည်။
“တန်ဆောင်မုန်းလပြည့်ည”ကဲ့သို့ သော ပွဲတော်ည၊ ကြယ်စုံလင်းလက်သည့် ညတွင် လူငယ်တို့ ရင်ခုန်စိတ်ကစားစေ တတ်သည်ကို လူငယ်ဘ၀ ဖြတ်သန်းဖူးသူတိုင်း သိကြပါသည်။
ကျပ် ၉ ဘီလီယံနီးပါးရှိလာသည့် GGS ဂက်စ်ဖိုးအကြွေး တိုင်းအစိုးရ တာဝန်ယူ တောင်းပေးရမည်
ထားဝယ်ခရိုင်တွင်
လျှပ်စစ်ထုတ် လုပ်ဖြန့်ဖြူးနေသည့် GGS ကုမ္ပဏီမှ
အစိုးရသို့ပေးရမည့် ဂက်စ်ဖိုးကျပ် ၉ ဘီလီယံနီးပါး ရှိလာပြီဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရက
တာဝန်ယူ တောင်းခံပေးရမည်ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး
ဦးခင်မောင်ဝင်းက ပြောကြားသည်။
မတ်လ ၁၄ ရက်က
နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရုံးတွင်...
ပထမဆုံးအကြိမ် စက်သုံးဆီ အရည်အသွေး စစ်မည်
တိုင်းအတွင်းရှိ ရောင်းချနေသည့် စက်သုံးဆီများ အရည်အသွေးပြည့်မီ ခြင်းရှိ မရှိ သိရှိနိုင်ရန် ပထမဆုံးအကြိမ် ဓာတ်ခွဲစစ်ဆေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီထံမှ သိရသည်။
ဇန်န၀ါရီလ ၁၉ ရက်က ထားဝယ်ခရိုင်အတွင်းရှိ တရားဝင် စက်သုံးဆီဆိုင် နှစ်ဆိုင်မှ စက်သုံးဆီနမူနာများကို ရယူထားပြီး မြိတ်နှင့် ကော့သောင်းခရိုင်ရှိ...
လက်ရှိအစိုးရလက်ထက် တနင်္သာရီတွင် ကျပ်သန်းခြောက်သောင်းနီးပါးနှင့် အမေရိကန်ဒေါ်လာသန်း နှစ်ဆယ်ကျော် ရင်းနှီးမြှုပ်နှံ
လက်ရှိ NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းအတွင်း စီးပွားရေးလုပ် ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏ ငွေကျပ် သန်းပေါင်း ခြောက်သောင်းနီးပါးနှင့် အမေရိကန်ဒေါ်လာ သန်းနှစ်ဆယ်ကျော် ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)ထံမှ သိရသည်။
NLD အစိုးရ စတင်တာဝန်ထမ်း ဆောင်သည့် ၂၀၁၆ ခုနှစ် ဧပြီလမှ လက်ရှိ...
နိုင်ငံခြားသားခရီးသည် ၀င်ရောက်မှု တစ်သောင်းခွဲခန့်တိုးလာ
နယ်စပ်ဂိတ်များမှတစ်ဆင့် တနင်္သာရီတိုင်းသို့ နိုင်ငံခြားသားဝင်ရောက်မှုမှာ ယခင် နှစ်ထက် တစ်သောင်းခွဲနီးပါး တိုးလာကြောင်း တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီး သွားညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
တနင်္သာရီတိုင်းသို့ နိုင်ငံခြားသားဝင် ရောက်မှုမှာ ၂၀၁၇ ခုနှစ် ၃ သိန်းခွဲခန့် ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ၃ သိန်း...
တနင်္သာရီဂျာနယ်အမှု အမိန့်ချမည့်ရက် ရွှေ့
တနင်္သာရီဂျာနယ်တွင် သရော်စာရေးသား ဖော်ပြမှုကြောင့် တနင်္သာရီတိုင်းအစိုးရက တရားစွဲဆိုထားသည့်အမှု အပြီးသတ် အမိန့်ချမည့်ရက်ကို ရွှေ့ဆိုင်းလိုက်သည်။
ယင်းအမှုကို ဇန်န၀ါရီလ ၂၄ ရက် တွင် အမိန့်ချမည်ဟု ချိန်းဆိုထားသော်လည်း ထားဝယ်မြို့နယ်တရားသူကြီးက နေပြည်တော် အစည်းအဝေးသို့တက် ရောက်နေသည့်အတွက် ရက်ရွှေ့လိုက် ကြောင်း တနင်္သာရီဂျာနယ်တာဝန်ခံ အယ်ဒီတာ ဦးမျိုးအောင်က ဆိုသည်။
“လာမယ့်...
တောကြက်ထောင်သူကို တောကြက် ဟုထင်ကာ တူမီးသေနတ်ဖြင့် ပစ်
ကံပေါက်ဒေသေတွင် တောကြက် ထောင်ဖမ်းသူကို တောကြက်ဟုထင်ကာ တူမီးသေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ဇန်န၀ါရီလ ၂၄ ရက်က ဖောင်းတော ကျေးရွာအုပ်စုရှိ ပိုက်တဲလေးကျေးရွာနေ အသက် ၄၈နှစ်အရွယ်ရှိ အမျိုးသားနှင့် သားဖြစ်သူတို့သည် ရွာမှ သုံးမိုင်ခန့် အကွာရှိ တောင်ပေါ်တွင် တောကြက် ထောင်ခဲ့ကြောင်း...
မြိတ်အဝေးပြေးကားဝင်းအနီး မုဒိမ်းကျင့် လူသတ်မှုဖြစ်
မြိတ်မြို့၊ မြိတ်တောင်ကျေးရွာရှိ အဝေးပြေးကားဝင်းအနီး၌ မုဒိမ်းကျင့် လူသတ်မှုတစ်ခု ဖြစ်ခဲ့ကြောင်း ကာယကံရှင် မိသားစုနှင့် မြိတ်မြို့မရဲစခန်းမှ သိရသည်။
ဇန်န၀ါရီ ၁၉ ရက်၊ ည ၁၂ နာရီခွဲ အချိန် ရဲတပ်ဖွဲ့ဝင်များ ကင်းလှည့်စဉ် အဝေးပြေးကားဝင်း နံဘေးရှိ ရွှေပြည်တန် လမ်းမကြီး၌ အထုပ်တစ်ထုပ် သယ်ဆောင်လာသည့်...
ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း ၂၈-၁-၂၀၁၉ မှ ၃-၂-၂၀၁၉ အထိ
တနင်္ဂနွေ
အလုပ်လျှောက်ထားမည့် လူငယ်များ အလုပ်ရရှိမည်။ မိမိအိမ်၌ အိမ်သစ်တက် မင်္ဂလာပြုရတတ် သောအခါ ဖြစ်သည်။ ထီထိုးလျှင် စပ်တူထိုးပါ။ မိမိအိမ်သို့ ရပ်ဝေးမှ စားသောက်ဖွယ်ရာများ လက်ဆောင်ရမည်။ ယခုကာလ၌ ခရီးသွားရမည့် ရည်ရွယ်ချက်များ အဆင်မပြေ ဖြစ်တတ်သည်။ မေတ္တာရေးသည်ကား လက်ထပ်မင်္ဂလာပြုရမည့်အခါ ဖြစ်သည်။
အကျိုးပေးသော အရောင် -...