နိုင်ငံခြားသားခရီးသည် ၀င်ရောက်မှု တစ်သောင်းခွဲခန့်တိုးလာ

0
482

နယ်စပ်ဂိတ်များမှတစ်ဆင့် တနင်္သာရီတိုင်းသို့ နိုင်ငံခြားသားဝင်ရောက်မှုမှာ ယခင် နှစ်ထက် တစ်သောင်းခွဲနီးပါး တိုးလာကြောင်း တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီး သွားညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

တနင်္သာရီတိုင်းသို့ နိုင်ငံခြားသားဝင် ရောက်မှုမှာ ၂၀၁၇ ခုနှစ် ၃ သိန်းခွဲခန့် ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ၃ သိန်း ၆ သောင်း ၀င်ရောက်ခဲ့ကြောင်း အထက်ပါဌာန၏ စာရင်း များအရ သိရသည်။

“၀င်ဖို့ထွက်ဖို့တွေ နည်းနည်း ဖြေလျော့ ပေးတာတွေ ရှိတယ်၊ ခရီးသွားလည်ပတ်ဖို့တွေ ထပ်ဖော်တာတွေ ရှိတယ်၊ မူဝါဒတွေ လျှော့ချပေးလိုက်တော့ ခရီးသွားပိုများလာတယ်”ဟု တိုင်းဟိုတယ်နှင့် ခရီးသွားညွှန် ကြားမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးလွှမ်းပိုင်က ပြောသည်။

တနင်္သာရီတိုင်းတွင် နယ်စပ်ဂိတ် ၃ ခု ရှိသည့်အနက် ကော့သောင်းနယ်စပ်ဂိတ်တွင် နိုင်ငံခြားသား ၀င်ရောက်မှု အများဆုံးဖြစ်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံခြားသားခရီးသည်များသည် ကော့သောင်းခရိုင်နှင့် မြိတ်ခရိုင်များရှိ ကျွန်းများကို အများဆုံး စိတ်ဝင်စားကြောင်း ဦးလွှမ်းပိုင်က ပြောသည်။

မိုးမြင့်