အသက် ၂၅ နှစ်အောက် ဖိတ်ခေါ် ဘော်လီဘောပြိုင်ပွဲ ရငဲအသင်း ဗိုလ်စွဲ

သရက်ချောင်းမြို့နယ် ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အသက် ၂၅ နှစ်အောက် ဖိတ်ခေါ်ဘော်လီဘောပြိုင်ပွဲတွင် ရငဲကျေးရွာအသင်းက ဗိုလ်စွဲခဲ့ကြောင်း သရက်ချောင်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။ ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်မှ...

တနင်္သာရီတိုင်း အားကစားအဆင့် တစ်ဆင့်တက်

၂၀၁၇-၂၀၁၈ အားကစားနှစ်က တိုင်းနှင့်ပြည်နယ် အဆင့်လေးတွင် ရပ်တည် ခဲ့သော တနင်္သာရီတိုင်းသည် ၂၀၁၈-၂၀၁၉ အားကစားနှစ်တွင် အဆင့်တစ်ဆင့် တက်ကာ အဆင့်သုံးတွင်ရပ်တည်ခဲ့ ကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။ အားကစားနှစ်ကို မတ်လ မှ ဖေဖော် ၀ါရီလအထိ သတ်မှတ်ခြင်း ဖြစ်သည်။

သရက်ချောင်းမြို့နယ် အသက် ၁၇ နှစ်အောက် ဘောလုံးပြိုင်ပွဲ ကျွဲမင်းကုန်းအသင်း ဗိုလ်စွဲ

သရက်ချောင်းမြို့နယ်ဘောလုံး အဖွဲ့ချုပ်နာယကဖလား အသက် ၁၇ နှစ် အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ကျွဲမင်းကုန်းအသင်းက မြို့နယ်ဘောလုံး အဖွဲ့ချုပ်အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ခြင်းကြောင်း မြို့နယ်ဘောလုံး အဖွဲ့ချုပ်ထံမှ သိရသည်။ အသက် ၁၇ အောက် ဘောလုံးပြိုင်ပွဲ...

တိုင်းနှင့်ပြည်နယ် ကျောင်းသား အားကစားပွဲတော်တွင် တနင်္သာရီတိုင်းက ရွှေတံဆိပ်ဆု အများဆုံးရ

တိုင်းနှင့်ပြည်နယ် အခြေခံပညာကျောင်းသားအားကစားပွဲတော်တွင် တနင်္သာရီတိုင်းက ရွှေတံဆိပ်ဆုအများဆုံးဖြင့် ဗိုလ်စွဲ ခဲ့ကြောင်း တနင်္သာရီတိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။ တိုင်းနှင့်ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် တနင်္သာရီတိုင်းက ရွှေ ၁၄ ခု၊ ငွေ ၂ ခု၊ ကြေး...

ပဏာမနှင့် မြန်မာ့လက်ရွေးစင်အဖြစ် ရွေးချယ်ခံထားရသည့် တနင်္သာရီ ကစားသမား တစ်ဆယ်ဦးရှိ

မြန်မာ့လက်ရွေးစင်နှင့် ပဏာမ လက်ရွေးစင်အဖြစ် ရွေးချယ်ခံထားရသည့် တနင်္သာရီတိုင်းမှ အားကစားသမား တစ်ဆယ်ဦး ရှိကြောင်း တိုင်းအားကစား နှင့်ကာယပညာဦးစီးဌာနထံမှ သိရ သည်။ မြန်မာ့လက်ရွေးစင်အဖြစ် ငါးဦး နှင့် ပဏာမ လက်ရွေးစင်အဖြစ် ငါးဦး ရွေးချယ်ခံထားရခြင်း ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ စစ်တုရင် လူငယ်အသင်းလိုက်ပြိုင်ပွဲ တနင်္သာရီ တတိယချိတ်

နေပြည်တော်တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ စစ်တုရင် လူငယ် အသင်းလိုက်ပြိုင်ပွဲတွင် တနင်္သာရီတိုင်း အသင်းက တတိယဆုရရှိခဲ့ကြောင်း မြိတ် မြို့နယ်စစ်တုရင်အသင်းဥက္ကဋ္ဌ ဦးကိုကိုဦး ထံမှ သိရသည်။ ၀ဏ္ဏသိဒ္ဓိအားကစားရုံတွင် ဧပြီလ ၃၀ ရက်မှ မေလ ၇ ရက်အထိ ကျင်းပသည့်...

ရငဲဘောလုံးပွဲ ဗိုလ်စွဲသည့်အသင်းကို ကျပ်ရှစ်သိန်းဆုချမည်

ဇူလိုင်လကုန်ပိုင်းတွင် ကျင်းပမည့် သရက်ချောင်းမြို့နယ်ရှိ ရငဲကျေးရွာ အုပ်ချုပ်ရေးမှူးဖလား ကျေးရွာပေါင်းစုံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲသည့် အသင်းအား ဆုငွေ ကျပ်ရှစ်သိန်း ချီးမြှင့် မည်ဖြစ်ကြောင်း ယင်းကျေးရွာအုပ်ချုပ် ရေးမှူးထံမှ သိရသည်။ တနင်္သာရီတိုင်းအတွင်း မြို့နယ် အဆင့်နှင့် ခရိုင်အဆင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျင်းပသည့် ဘောလုံးပြိုင်ပွဲများတွင်မူ ပထမဆုကို...

လွတ်လပ်ရေးနေ့ ပြခန်း ဝန်ကြီးဌာနအလိုက် စုပေါင်းပြမည်

တနင်္သာရီတိုင်းဒေသကြီး ၇၂ ကြိမ် မြောက် လွတ်လပ်ရေးနေ့အခမ်းအနား တွင် ပြခန်းများကို ဝန်ကြီးဌာန အလိုက် စုပေါင်းပြသမည်ဖြစ်ကြောင်း ထားဝယ် ခရိုင်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ လွတ်လပ်ရေးနေ့အခမ်းအနား ပြခန်းများကို ယခင်က ဦးစီးဌာနတစ်ခုချင်းအလိုက်ခင်း ကျင်းပြသရာမှ ယခုနှစ်တွင်...

မြို့နယ်အားလုံးတွင် အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲများ နှစ်စဉ်ကျင်းပမည်

တနင်္သာရီတိုင်းအတွင်း ထူးချွန်သည့် အမျိုးသမီးဘောလုံး အားကစားသမား များ ထွက်ပေါ်လာစေရန်အတွက် ယခုနှစ်မှစ၍ မြို့နယ်အားလုံးတွင် အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံး ပွဲများ နှစ်စဉ်ကျင်းပတော့မည်ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီး ဌာနထံမှ သိရသည်။ မြို့နယ်များတွင်ကျင်းပပြီးစီးပါက ခရိုင်အဆင့်ပြိုင်ပွဲကျင်းပမည်ဖြစ်ပြီး ခရိုင်အဆင့်ပြိုင်ပွဲတွင် တိုင်းနှင့်ပြည်နယ် ပြိုင်ပွဲ...

ယမန်နှစ်ချန်ပီယံ တနင်္သာရီဘောလုံးအသင်း ကွာတားအဆင့်မှ လှည့်ပြန်

တိုင်းနှင့်ပြည်နယ် အသက် ၂၁ နှစ် အောက် ဘောလုံးပြိုင်ပွဲ ယမန်နှစ်ချန်ပီယံ တနင်္သာရီတိုင်း ဘောလုံးအသင်းသည် ကွာတားဖိုင်နယ်တွင် ချင်းပြည်နယ် အသင်းကို ၂ ဂိုး၊ ၁ ဂိုးဖြင့် ရှုံးပြီး ပြိုင်ပွဲ မှ ထွက်ခွာသွားပြီဖြစ်သည်။