အပြည်ပြည်ဆိုင်ရာ စစ်တုရင် လူငယ်အသင်းလိုက်ပြိုင်ပွဲ တနင်္သာရီ တတိယချိတ်

0
597
ဓာတ်ပုံ - ကိုကိုဦး

နေပြည်တော်တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ စစ်တုရင် လူငယ် အသင်းလိုက်ပြိုင်ပွဲတွင် တနင်္သာရီတိုင်း အသင်းက တတိယဆုရရှိခဲ့ကြောင်း မြိတ် မြို့နယ်စစ်တုရင်အသင်းဥက္ကဋ္ဌ ဦးကိုကိုဦး ထံမှ သိရသည်။

ဝဏ္ဏသိဒ္ဓိအားကစားရုံတွင် ဧပြီလ ၃၀ ရက်မှ မေလ ၇ ရက်အထိ ကျင်းပသည့် ၂၀၁၉ ခုနှစ် တိုင်းနှင့်ပြည်နယ် စစ်တုရင် ပြိုင်ပွဲတွင် အပြည်ပြည်ဆိုင်ရာ စစ်တုရင် အလွတ်တန်း တစ်ဦးချင်း/ အသင်းလိုက် ပြိုင်ပွဲ၊ အပြည်ပြည်ဆိုင်ရာ စစ်တုရင် လူငယ် တစ်ဦးချင်း/အသင်းလိုက်ပြိုင်ပွဲ၊ အပြည်ပြည်ဆိုင်ရာ စစ်တုရင် အမျိုးသမီး တစ်ဦးချင်း/အသင်းလိုက်ပြိုင်ပွဲ၊ မြန်မာ့ ရိုးရာစစ်တုရင် အလွတ်တန်း တစ်ဦးချင်း/ အသင်းလိုက်ပြိုင်ပွဲ တို့ကို ထည့်သွင်း ကျင်းပခဲ့ခြင်း ဖြစ်သည်။

ပထမဆုကို မန္တလေးတိုင်းဒေသကြီး အသင်းနှင့် ဒုတိယဆုကို ရန်ကုန်တိုင်း ဒေသကြီးအသင်းတို့ ရရှိခဲ့ကြောင်း မြိတ် မြို့နယ် စစ်တုရင်အသင်းမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က အပြည် ပြည်ဆိုင်ရာ စစ်တုရင် လူငယ်အသင်း လိုက်ပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး အသင်းက အဆင့် ၆ ရရှိခဲ့ရာမှ ယခု ၂၀၁၉ ခုနှစ်တွင် တတိယဆုရခဲ့ခြင်းဖြစ် ကြောင်း မြိတ်မြို့နယ် စစ်တုရင်အသင်း ဥက္ကဋ္ဌ ဦးကိုကိုဦးက ပြောသည်။

အဆိုပါ စစ်တုရင်ပြိုင်ပွဲကို အားကစား နှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပ ပြုလုပ်ခြင်း ဖြစ်သည်။

မြင့်မိုရ်(မြိတ်)