အသက် ၂၅ နှစ်အောက် ဖိတ်ခေါ် ဘော်လီဘောပြိုင်ပွဲ ရငဲအသင်း ဗိုလ်စွဲ

0
617

သရက်ချောင်းမြို့နယ် ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အသက် ၂၅ နှစ်အောက် ဖိတ်ခေါ်ဘော်လီဘောပြိုင်ပွဲတွင် ရငဲကျေးရွာအသင်းက ဗိုလ်စွဲခဲ့ကြောင်း သရက်ချောင်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။

ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပရာ သရက်ချောင်းမြို့နယ်ရှိ ရက်ကွက်၊ ကျေးရွာများမှ အသင်း ၈ သင်းဖြင့်  ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဗိုလ်လုပွဲတွင် ရငဲအသင်းနှင့် ကညင်ချောင်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရငဲအသင်းက အနိုင်ရခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲကို သရက်ချောင်းမြို့နယ် မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပခဲ့ပြီး ပတမဆုရသည့် ရငဲ အသင်း အား ငွေကျပ် ၁၅၀၀၀၀၊ ဒုတိယဆု ရသည့် ကညင်ချောင်းအသင်းအား ငွေကျပ် ၁၀၀၀၀၀ ချီးမြှင့်ခဲ့ကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

မိုးမြင့်