တနင်္သာရီတိုင်း အားကစားအဆင့် တစ်ဆင့်တက်

0
614

၂၀၁၇-၂၀၁၈ အားကစားနှစ်က တိုင်းနှင့်ပြည်နယ် အဆင့်လေးတွင် ရပ်တည် ခဲ့သော တနင်္သာရီတိုင်းသည် ၂၀၁၈-၂၀၁၉ အားကစားနှစ်တွင် အဆင့်တစ်ဆင့် တက်ကာ အဆင့်သုံးတွင်ရပ်တည်ခဲ့ ကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။

အားကစားနှစ်ကို မတ်လ မှ ဖေဖော် ၀ါရီလအထိ သတ်မှတ်ခြင်း ဖြစ်သည်။

တနင်္သာရီတိုင်းက အားကစားနှစ် တစ်နှစ်ပတ်လုံး ရွှေတံဆိပ် ၃၀၊ ငွေတံဆိပ် ၂၇ ခု၊ ကြေးတံဆိပ် ၂၇ စုစုပေါင်း ဆုတံဆိပ် ၈၄ ခုဖြင့် တိုင်းနှင့်ပြည်နယ်များ တွင် အဆင့်သုံးအဖြစ် ရပ်တည်နိုင်ခဲ့ ကြောင်း အထက်ပါဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

“အဓိကက ပြေးခုန်ပစ်အားကစား နည်းမှာ ရွှေတံဆိပ်တွေ တော်တော်များများ ရလိုက်တော့ ဒီနှစ် အဆင့်တိုးသွားတာ” ဟု ဦးစိုးမိုးနိုင်က ဆိုသည်။

တနင်္သာရီတိုင်းမှရရှိသည့် ရွှေတံဆိပ် ၃၀ အနက် ရွှေတံဆိပ် ၂၀ ခုမှာ ပြေးခုန်ပစ် အားကစားနည်းမှ ရရှိခဲ့ပြီး ကျန်ရွှေတံဆိပ် များကို အတိုက်အခိုက် ကစားနည်းများ ဖြစ်သည့် ၀ူရှူး၊ တိုင်ကွမ်ဒို၊ မြန်မာ့သိုင်း စသည့် အားကစားနည်းများမှ ရရှိခဲ့ ကြောင်း ၎င်းက ပြောသည်။

တိုင်းနှင့်ပြည်နယ် အားကစား အဆင့်သတ်မှတ်ရာတွင် ရွှေတံဆိပ်ရရှိမှု ကို ဦးစားပေးစဉ်းစားပြီး ရွှေတံဆိပ်ရရှိမှု တူပါက နောက်တဆင့်ဖြစ်သည့် ငွေတံ ဆိပ်၊ ကြေးတံဆိပ်ရရှိမှုများကို ထည့်သွင်း စဉ်းစား သတ်မှတ်လေ့ ရှိသည်။

တိုင်းနှင့်ပြည်နယ် အဆင့်တစ်ကို ရန်ကုန်တိုင်း၊ အဆင့်နှစ်ကို မန္တလေးတိုင်း ကရရှိပြီး အနိမ့်ဆုံးဖြစ်သည့် အဆင့် ၁၅ ကို ရခိုင်ပြည်နယ်က ရရှိခဲ့ကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီး ဌာနထံမှ သိရသည်။

ကျော်သူစိုး