၂၀၂၀ ရွေးကောက်ပွဲ တနင်္သာရီတိုင်းအတွက် ထူးခြားချက်များ

တနင်္သာရီတိုင်းတွင် ဝင်ပြိုင်ကြမည့် ပါတီအသီးသီးက ကိုယ်စားလှယ်များ စာရင်း ထွက်ပေါ်လာလေပြီ။ ပါတီအသီးသီးနှင့် တစ်သီးပုဂ္ဂလများ၏ တင်သွင်းထားမှုအရ လာမည့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် ကိုယ်စားလှယ် လောင်းဦးရေသည် ပြီးခဲ့သည့်ငါးနှစ်ကထက် တစ်ရာဝန်းကျင် တိုးလာသည်ကို တွေ့ ရှိရသည်။

ထားဝယ်မြို့ပြစီမံကိန်း အသေးစိတ် ရောင်စုံမြေပုံ

မောင်းမကန်မြို့ပြ ဖွံ့ဖြိုးရေးပုံစံ ရောင်စုံမြေပုံ
Dawei Watch, Dawei News, Dawei News Media

တိုင်းအတွင်း မဲရုံဝန်ထမ်း တစ်သောင်းခြောက်ထောင်ကျော် ထားမည်

လာမည့် ရွေးကောက်ပွဲအတွက် တိုင်းအတွင်းရှိ မဲရုံများတွင် မဲရုံဝန်ထမ်း တစ်သောင်းခြောက်ထောင်လေးရာကျော် ထားရှိမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ တိုင်းအတွင်း မဲရုံပေါင်း ၁၂၀ဝ ကျော်ရုံရှိပြီး မဲရုံဝန်ထမ်းအများစုမှာ ပညာရေးဌာနမှ ဆရာ၊ ဆရာမများဖြစ်သည်ဟု အထက်ပါကော်မရှင်အဖွဲ့ခွဲရုံးမှ...

ရွေးကောက်ပွဲဝင်ရန် စည်ပင်ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဖြစ်စဉ်က သရက်ချောင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌအဖြစ် အရွေးခံခဲ့ရသည့် ဦးသန်းမြင့်သည် လာမည့်ရွေးကောက်ပွဲတွင် သူရဦးရွှေမန်းဦးဆောင်သည့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP) မှ ရွေးကောက်ပွဲဝင်ရန်အတွက် စည်ပင်သာယာဥက္ကဋ္ဌရာထူးမှ နုတ်ထွက်လိုက်ပြီ ဖြစ်သည်။ ဦးသန်းမြင့်သည် ၂၀၁၀...
ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်မဲရုံတွင် မဲပေးရန်​စောင့်ဆိုင်း​နေသူများ

ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်မဲရုံတွင် မဲပေးရန်စောင့်ဆိုင်းနေသူများ

ရှေ့ပိုင်းမှ လူများသည် တစ်ဦးနှင့် တစ်ဦး သုံးပေခန့်ကွာသော်လည်း နောက်ဘက်ပိုင်းမှ စောင့်ဆိုင်းသူများမှမူ တကျပ်သိပ်ပြီးစောင့်ဆိုင်းနေရသည်။ ဓါတ်ပုံ- တင်ဌေး

ရွေးကောက်ပွဲနေ့ ပြဿနာများ ဖြေရှင်းခြင်း

⦿ ရွေးကောက်ပွဲနေ့မှာ ပြဿနာတွေ ပေါ်ပေါက်တတ်ပါတယ်။ ဘယ်လိုပြဿနာတွေလဲဆိုတာကို အောက်မှာ ဖော်ပြပါ့မယ်။ ▪ မဲရုံမှာ မဲဆွယ်တာ၊▪ မမှန်မကန် မဲပေးတာ၊▪ လျှို့ဝှက်မဲပေးတာကို ထိခိုက်တာ၊▪ မမှန်မကန်မဲရေတွက်တာ၊▪ အကြမ်းဖက်တာ၊ ခြိမ်းခြောက်တာ၊ ခြောက်လှန့်တာတွေ၊▪ မဲရုံအတွင်း ဝင်ခွင့်ရှိတဲ့ ရွေးကောက်ပွဲလေ့လာသူတွေ ဒါမှမဟုတ် ရွေးကောက်ပွဲကိုယ်စားလှယ်တွေ မတရားသဖြင့် ဝင်ခွင့်မပေးတာ၊▪ ထိခိုက်လွယ်တဲ့အရာတွေကို...

ကော့ရဲကြီးတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ကိုင်ရန် စိုင်းပြင်းနေ

ကော့သောင်းခရိုင်၊ ဘုတ်ပြင်း မြို့နယ်၊ ကော့ရဲကျွန်းတွင် ဟိုတယ်ခရီးသွားလုပ်ကိုင်ရန် Myanmar Life ကုမ္ပဏီက စိုင်းပြင်းနေသည်။ Myanmar Life ကုမ္ပဏီက ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းလုပ်ရန် ဧက ၅၀ လုပ်ကိုင်ခွင့်ကျထားပြီး...

တပ်မဲရုံ လျော့ အရပ်သား မဲရုံ တိုး

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲထက် တပ်မဲရုံ လျော့နည်းသွားပြီး အရပ်သားမဲရုံ ထပ်တိုးလာကြောင်း တနင်္သာရီတိုင်းရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။ တိုင်းအတွင်းလျာထားသည့် မဲရုံစုစုပေါင်း တစ်ထောင်ကျော် (၁၁၂၁)ရှိပြီး ၂၀၁၅...

မိုးရာသီအတွင်း ပရာကျွတ်မြို့သို့ ခရီးသွားလာမှု ပိုများလာ

မြန်မာ-ထိုင်းနယ်စပ်ဂိတ်တစ်ခု ဖြစ်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်တစ်ဖက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်မြို့သို့ ယခုနှစ်မိုးရာသီအတွင်း ခရီးသွားလာမှု ပိုများလာကြောင်း မြိတ် အခြေစိုက် ခရီးသွားလုပ်ငန်းအသိုင်းအ၀ိုင်းထံမှ သိရသည်။ ပြီးခဲ့သည့်နှစ်များက မိုးလယ်ကာလ တွင်သာ ပရာကျွတ်မြို့သို့ ခရီးသွားလာ မှုများရှိနေရာမှ ယခုနှစ် မိုးရာသီ၏ အစ၊ အလယ်၊...

ခရီးသွားလုပ်ငန်းများကို ကိုဗစ်စည်းကမ်းချက်နှင့်အညီ ပြန်စရန်ပြင်

ရပ်နားထားရသည့် ခရီးသွားလုပ်ငန်းများအား ကိုဗစ်-၁၉ စည်းကမ်းချက်များ နှင့်အညီ ပြန်စရန်ပြင်ဆင်နေသည်ဟု တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ ခရီးသွားလာရေးပြန်စရန်အတွက် ခရီးသွားကုမ္ပဏီနှင့် ယာဉ်မောင်း၊ လှေမောင်း၊ (Guide) ဧည့်လမ်းညွှန် ၂၀ ဦးခန့်ကို...