Dawei Watch, Dawei News, Dawei News Media

ရေလုပ်သားများ မဲပေးခွင့်မရ

တိုင်းအတွင်း ရေလုပ်သားအများစုမှာ မဲပေးခွင့်ဆုံးရှုံးနေသည်ဟု ကျွန်းစုမြို့နယ်၊ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးဥက္ကာမင်းက ပြောဆိုလိုက်သည်။ နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်နေ့သည် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၄၅ အရ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မိမိမဲဆန္ဒနယ်တွင်မရှိဘဲ ခရီးသွားမည့်ပုဂ္ဂိုလ်များအနေနှင့်...

မြိတ်တွင် သစ်ပင်လဲကျသဖြင့် အိမ်နှစ်လုံးပျက်စီး

မြိတ်တောင်ကျေးရွာအုပ်စုတွင် သစ်ပင် လဲကျပြီး နေအိမ်နှစ်လုံး ပြိုကျပျက်စီးခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။ ဇွန်လ ၁၈ ရက် နံနက် ၂ နာရီခန့် တွင် လေပြင်းကြောင့် ကုန်းဖောက် ရပ်ကွက်၊ ထူးထူးတိုးကြက်ခြံအနီး ရှိ သက်တမ်းရင့် သစ်ပင်ကြီးလဲပြိုခဲ့ခြင်းဖြစ်သည်။

ဥယျာဉ်ခြံအတွင်းကျသည့် လက်ပစ်ဗုံးများ ဖောက်ခွဲဖျက်ဆီး

မြိတ်ခရိုင်၊ ပလောက်မြို့ ၀ဇွမ်းအုပ် ကျေးရွာရှိ ဒေသခံများစိုက်ပျိုးထားသည့် ဥယျာဉ်ခြံအတွင်း တွေ့ရသည့် လက်ပစ်ဗုံးများကို  ဇန်န၀ါရီလ ၂၄ ရက် ညနေပိုင်းတွင် အမှတ်(၁၂) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ သွားရောက် ဖောက်ခွဲလိုက်ပြီဖြစ်ကြောင်း ဒေသခံ စောဆေးကဘောဒိုက ပြောသည်။ ဇန်န၀ါရီလ ၂၀ ရက်က အမှတ် ၁၂...

တိုင်းအတွင်း မြို့ ၆ မြို့တွင် မွန်ညီညွတ်ရေးပါတီက ရွေးကောက်ပွဲ ဝင်မည်

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရေဖြူ၊ ပုလော၊ မြိတ်၊ တနင်္သာရီ၊ ဘုတ်ပြင်းနှင့် ကော့သောင်း စသည့် မြို့ခြောက်မြို့တွင် မွန်ညီညွတ်ရေးပါတီက ရွေးကောက်ပွဲဝင်ပြိုင်ရန် လျာထားကြောင်း ယင်းပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် နိုင်စိုးမြင့်ထံမှ သိရသည်။ အဆိုပါ မြို့စာရင်းသည် ကနဦး...

မြိတ်ကျွန်းခရီးစဉ်များတွင် ပလပ်စတစ်ရေသန့်ဘူးအစား ဖန်ဘူးအစားထိုးမည်

ပလပ်စတစ်အမှိုက်လျော့နည်းစေရန်အတွက် ကျွန်းခရီးစဉ်ပို့ဆောင်နေသည့် မြိတ်အခြေစိုက် ခရီးသွားကုမ်္ပဏီအချို့ ပလပ်စတစ်ရေသန့်ဘူးများအစား ဖန်ဘူး များ အစားထိုးရန် စီစဉ်လျက်ရှိကြောင်း မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက်္ကဋ္ဌ ဒေါက်တာသိန်းဆွေမြင့်က ပြောသည်။ ကျွန်းများပေါ်တွင် ပလပ်စတစ် အမှိုက်လျှော့ချရေးအတွက် ခရီးသွား ကုမ်္ပဏီများကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း က အစည်းအဝေးခေါ်ယူကာ တိုက်တွန်း ထားပြီး ယခုလမှစတင်...

သစ်ဈေးကြောင့် နာရေးကူညီမှုအသင်းများ အခေါင်းစရိတ်ထောင်းလာ

သစ်ထုတ်ခွင့်ပိတ်ပြီး နောက်ပိုင်း သစ်ရှားပါးကာ ဈေးနှုန်းမြင့်တက်ခဲ့ခြင်း ကြောင့် လူသေအလောင်းများအတွက် အသုံးပြုသည့် အခေါင်းအကြမ်း စရိတ် မြင့်တက်ခဲ့ကြောင်း မြိတ်အခြေစိုက် နာရေး ကူညီမှုအသင်းအသိုင်းအဝိုင်းမှ သိရသည်။ ပြီးခဲ့သည့် ၂ နှစ်ကျော်ခန့်က ရေလမ်းဖြင့်သယ်ယူလာသည့် သစ်လုံး ဖောင်များတွင် အသုံးပြုသည့် ရေပေါ် သစ်များကို သစ်စက်လုပ်ငန်းရှင်များ၏ လှူဒါန်းမှုဖြင့်...

ပိုးကိုက်ခံရသည့် ပင်လယ်

ငါးဖမ်းစက်လှေတို့၏ မရေရာသည့်အနာဂတ် ယခုနှစ်ငါးဖမ်းရာသီတွင် ငါးဈေးကွက် မရှိသည့်အတွက် တိုင်းအတွင်းရှိ ကမ်းဝေးငါးဖမ်းလှေထက်ဝက်ကျော်မှာ ယာယီ ရပ်နားထားရသည်။ သြဂုတ်လ ၃၁ ရက်တွင် ငါးမဖမ်းရရာသီ ကုန်ဆုံးပြီး စက်တင်ဘာလ ၁ ရက်နေ့တွင် ကမ်းဝေးငါးဖမ်းလှေများ နှစ်စဉ်...

ဆလုံဘာသာစကားသင်ရိုး တိုင်းအစိုးရ အတည်ပြု

အခြေခံညာမူလတန်းကျောင်းများ တွင် သင်ကြားမည့် ဆလုံဘာသာစကား သင်ရိုးကို တိုင်းဒေသကြီး အစိုးရအဖွဲ့က အတည်ပြုလိုက်ပြီဖြစ်ကြောင်း တနင်္သာ ရီတိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး စောလုကာထံမှ သိရသည်။ ဆလုံဘာသာစကားဖြင့် ရေးသား ထားသော သင်ရိုးစာအုပ် ၁၁ အုပ်ကို ဆလုံကျောင်းသားများ တက်ရောက်နေ သည့် မူလတန်းကျောင်းများတွင် သင်...

ပညာရေးတက္ကသိုလ်တက်မယ်

မခိုင်ဝတ်ရည်ထွန်း (တစ်နိုင်ငံလုံး အမှတ်အများဆုံး စာရင်းဝင်) မြိတ်မြို့ရှိ ကန်စွန်းအင်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ပြီး ဝိပ္ပံတွဲတွင် စုစုပေါင်း ရမှတ် ၄၉၅ မှတ်ဖြင့် တစ်နိုင်ငံလုံး အမှတ်အများဆုံး ဆယ်ဦး...

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံပွဲ လူထောင်ချီတက်ရောက်

၂၀၁၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံပွဲကို မြိတ်မြို့ ကမ်းနားလမ်း မြိတ်ကုန်တိုက်နံဘေးရှိ သဲကွင်းတွင် မေလ ၉ ရက်က ပြုလုပ်ခဲ့ သည်။ ထောက်ခံပွဲသို့ လူအင်အား ၃၀၀၀ ကျော်တက်ရောက်ခဲ့ကြောင်း လူထု ထောက်ခံပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းမင်းက ပြောသည်။