သစ်ဈေးကြောင့် နာရေးကူညီမှုအသင်းများ အခေါင်းစရိတ်ထောင်းလာ

0
876

သစ်ထုတ်ခွင့်ပိတ်ပြီး နောက်ပိုင်း သစ်ရှားပါးကာ ဈေးနှုန်းမြင့်တက်ခဲ့ခြင်း ကြောင့် လူသေအလောင်းများအတွက် အသုံးပြုသည့် အခေါင်းအကြမ်း စရိတ် မြင့်တက်ခဲ့ကြောင်း မြိတ်အခြေစိုက် နာရေး ကူညီမှုအသင်းအသိုင်းအဝိုင်းမှ သိရသည်။


ပြီးခဲ့သည့် ၂ နှစ်ကျော်ခန့်က ရေလမ်းဖြင့်သယ်ယူလာသည့် သစ်လုံး ဖောင်များတွင် အသုံးပြုသည့် ရေပေါ် သစ်များကို သစ်စက်လုပ်ငန်းရှင်များ၏ လှူဒါန်းမှုဖြင့် အခေါင်းကြမ်းများ ပြု လုပ်နိုင်ခဲ့သည်။ယင်းနောက်ပိုင်းတွင် သစ်တစ်တန် လျှင် ၃ သိန်းခွဲမှ စတင်ပြီး ဝယ်ယူသုံး စွဲနေရကာ လက်ရှိတွင် ၇ သိန်းအထိ ဈေးမြောက်လာသည့်အတွက်  ကုန်ကျ စရိတ် မြင့်တက်လာသည့်အပြင် ဝယ်ယူ ရလည်း ခက်လာသည်ဟု ၀ဋံသက နာရေးကူညီမှုအသင်းမှ သိရသည်။
” အခေါင်းကြမ်းတစ်ခုကို ငွေ နှစ် သောင်းဝန်းကျင်ခန့် ကုန်ကျနေတယ်” ဟု ၀ဋံသကနာရေးကူညီမှုအသင်း အတွင်းရေးမှူး ဦးခင်ဇော်က ပြောသည်။အဆိုပါ အခေါင်းကြမ်းများကို ဆွေမျိုးမဲ့၊ မူခင်း၊ ဆွဲကြိုးချသေ၊ နေ့ချင်း ချ လူသေအလောင်းများ အတွက်သာ အသင်းမှ ငွေကြေးမယူဘဲ အခမဲ့အသုံးပြု ပေးနေပြီး တစ်လလျှင် အလုံးရေ ၂၀ ဝန်းကျင်ခန့် အသုံးပြုနေရကြောင်း ယင်းအသင်းမှ သိရသည်။
ယခု ၂၀၁၆-၂၀၁၇ ခုနှစ်တွင် နိုင်ငံတော်မှ သစ်ထုတ်လုပ်ခွင့် တစ်နှစ် ရပ်နားထားသည်။သစ်ထုတ်ခွင့် ရပ်နားခဲ့သည့် အ တွက် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မြိတ်အထပ်သားစက်ရုံ ယာယီရပ်နား ခဲ့ပြီး သစ်စက်လုပ်ငန်း အချို့နှင့် ပရိ ဘောဂလုပ်ငန်းတို့မှာ အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရကြောင်း ယင်းလုပ်ငန်း အသိုင်းအဝိုင်းမှ သိရသည်။

 
မြိတ်အခြေစိုက် နာရေးကူညီမှု အသင်းများမှာ ၀ဋံသက၊ ပရဟိတကာရီ၊ မိသားစုညီညွတ်ရေး၊ အောင်မြင့်မိုရ် စ သည့်အသင်းများ ဖြစ်ကြပြီး ယင်း အသင်းများမှာ စေတနာရှင်အလှူများ၏ လှူဒါန်းငွေများဖြင့် ရပ်တည်နေရ ကြောင်း သိရသည်။