လင်မယားကွာရှင်းမည့် ကိစ္စကို မကျေနပ်၍ ဇနီးနှင့် သမီးဖြစ်သူကို ဓားဖြင့်ထိုး၊ ဇနီးသည်သေဆုံး

ပုလောမြို့နယ်တွင် လင်မယားကွာ ရှင်းမည့်ကိစ္စကို မကျေနပ်သည့်အတွက် လင်ယောက်ျားဖြစ်သူက ဇနီးနှင့် သမီးဖြစ်သူကို ဓားဖြင့်ထိုးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ပုလောမြို့နယ်၊ တိုကျေးရွာအုပ်စုတွင် ဖေဖော်ဝါရီလ ၅ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓားဖြင့်ထိုးသည့်ဒဏ်ရာကြောင့် ဇနီးဖြစ်သူသေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ပြီးခဲ့သည့် နှစ်လခန့်က လင်မယား အဆင်မပြေ၍ ကွဲကွာနေပြီး...