မြိတ်တွင် ရော်ဘာဈေး ဆက်တိုက်ကျ

မြိတ်မြို့ရှိ ရော်ဘာဈေးကွက်တွင် ဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေကြောင်း ရော်ဘာခြံလုပ်ငန်းလုပ်ကိုင်နေသူတို့မှ သိရသည်။ ရော်ဘာ ဈေးစဖွင့်သည့် စက်တင်ဘာလအတွင်းက ရော်ဘာမှိုင်းခံ တစ်ပိဿာလျှင် ၅၅၀၀ ကျပ်‌ကျော် ရရှိခဲ့ရာမှ အောက်တိုဘာလတွင် ၅၀၀၀ ကျပ်သို့ ဈေးကျဆင်းလာခဲ့ကြောင်း ရော်ဘာခြံလုပ်ကိုင်နေသူအချို့က...

တနင်္သာရီမြို့အား ရှေးဟောင်းဇုန်နှင့် ကာကွယ်ထိန်းသိမ်းဇုန်အဖြစ် သတ်မှတ်ခြင်း လက်မခံဟုဆို

မြိတ်ခရိုင် တနင်္သာရီမြို့အား ရှေး ဟောင်းဇုန်နှင့် ကာကွယ်ထိန်းသိမ်းဇုန် အဖြစ် သတ်မှတ်ထားသည်ကို လက်မခံ နိုင်ဟု တနင်္သာရီမြို့သူ/သားများက ပြောသည်။ ရှေးဟောင်းဇုန်သတ်မှတ်ထားခြင်း နှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စား လှယ်၊ စည်ပင်ကော်မတီ၊ ထွေ/အုပ်နှင့် ပြည်သူလူထုတွေ့ဆုံပွဲတစ်ခုကို မတ်လ ၁ ရက်က တနင်္သာရီမြို့နယ်ခန်းမတွင် ပြုလုပ်ခဲ့ရာ...

မြိတ်တွင် နေအိမ်တစ်အိမ် ရွှေခုနစ်ဆယ်ကျပ်သားခန့်ဖောက်ထွင်းခံရ

မြိတ်မြို့၊ မြစ်ငယ်ရပ်၊ အထက ၁ ကျောင်းအနီးရှိ နေအိမ်တစ်ဆောင် ဖောက်ထွင်းခံရပြီး လက်ဝတ်လက်စား မျိုးစုံ ရွှေထည် ခုနစ်ဆယ်ကျပ်သားခန့် နှင့် ငွေကျပ် လေးသိန်းခန့် ခိုးယူခံခဲ့ရကြောင်း ကာယကံရှင် မိသားစုထံမှ သိရသည်။ ကာယကံရှင် မိသားစု ရန်ကုန်သို့ သွားရောက် ဆေးကုသနေစဉ်...

ပိုးကိုက်ခံရသည့် ပင်လယ်

ငါးဖမ်းစက်လှေတို့၏ မရေရာသည့်အနာဂတ် ယခုနှစ်ငါးဖမ်းရာသီတွင် ငါးဈေးကွက် မရှိသည့်အတွက် တိုင်းအတွင်းရှိ ကမ်းဝေးငါးဖမ်းလှေထက်ဝက်ကျော်မှာ ယာယီ ရပ်နားထားရသည်။ သြဂုတ်လ ၃၁ ရက်တွင် ငါးမဖမ်းရရာသီ ကုန်ဆုံးပြီး စက်တင်ဘာလ ၁ ရက်နေ့တွင် ကမ်းဝေးငါးဖမ်းလှေများ နှစ်စဉ်...

ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးဇုန်အဖြစ် သတ်မှတ်ရေး တနင်္သာရီတွင် ကွင်းဆင်း

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးဇုန်အဖြစ် သတ်မှတ်နိုင်ရန် ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန(နေပြည်တော်)မှ ဇူလိုင်လ ၁ ရက်တွင် ကွင်းဆင်းလေ့ လာခဲ့ကြောင်း ယင်းမြို့နယ် ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းစိုးဝင်းထံမှ သိရသည်။ ၃ ရက်တာပြုလုပ်သည့် ကွင်းဆင်း လေ့လာမှုတွင်...

MFD ကုမ္ပဏီ ရှယ်ယာရှင်အချို့ အမြတ် သုံးနှစ်စာမရဟုပြော

မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ ကမ်းသာယာနှင့်ရှမ်းချောင်းကြီးကျေးရွာတွင် အိမ်ရာစီမံကိန်းအကောင်အထည် ဖော်နေသည့် MFD ကုမ္ပဏီထံမှ ရှယ်ယာ အမြတ်ငွေသုံးနှစ်စာမရရှိကြောင်း ရှမ်းချောင်းကြီး ကျေးရွာဒေသခံများက ပြောသည်။ ကလွင်ကျေးရွာအုပ်စု၊ ရှမ်းချောင်းကြီး ရွာသားများက ဧပြီလ ၃ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ယင်းသို့ ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။

မြိတ်တွင် နားရောဂါ အခမဲ့ ကုသပေးမည်

မြန်မာ-ထိုင်း ချစ်ကြည်ရေး အစီ အစဉ်ဖြင့် မြိတ်ပြည်သူ့ဆေးရုံကြီးတွင် ထိုင်းနိုင်ငံ နားအထူးကု ဆရာဝန်ကြီးများ အဖွဲ့မှ နားနှင့်ပတ်သက်သော ရောဂါ များကို ဩဂုတ်လ ၇ ရက်မှ စတင်၍ အခမဲ့လာရောက် ကုသပေးသွားမည်ဖြစ် ကြောင်း ယင်းဆေးရုံမှ သိရသည်။ "၇ ရက်နေ့မှာ လူနာတွေကို စမ်းသပ်စစ်ဆေးပေးမယ်...
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်ကြောင့် ပန်းရန်လုပ်ငန်းများရပ်နားထားရသည်မှာ လေးလခန့်ရှိ ဟုဆို

ပုလောမြို့နယ်အတွင်း ပန်းရန်လုပ်ငန်းများ အလုပ်ရပ်နားထားရသည် မှာ အချိန်လေးလခန့်ရှိနေပြီဖြစ်ကြောင်း ယင်းလုပ်ငန်း အသိုင်းအဝိုင်းထံမှ သိရသည်။ နေအိမ်ဆောက်လုပ်များသူအနေဖြင့် ကိုဗစ်-၁၉ အကျပ်အတည်းကာလတွင် ငွေအကုန်မခံလိုသည့်အတွက် အိမ်ဆောက်ရက်အား ရွှေ့ဆိုင်းခဲ့ကြသဖြင့် အလုပ်မလုပ်ရခြင်းဖြစ်ပြီး အချို့မှာ အခြားလုပ်ငန်းသို့ ပြောင်းလဲလုပ်ကိုင်နေရ ကြောင်း...

တပ်မတော်က တရားစွဲထားသည့်အမှု စာရေးဆရာ မာန်(တောင်လုံးပြန်) အပြစ်ရှိဟု အမိန့်ချ

တပ်မတော်က တရားစွဲဆိုထားသည့် အမှုတွင် စာရေးဆရာမာန် (တောင်လုံးပြန်)ကို ဒဏ်ငွေကျပ် သုံးသောင်းပေးဆောင်ရန် ဇန်နဝါရီလ ၂၃ ရက် မွန်းလွဲပိုင်းတွင် အမိန့်ချလိုက်ကြောင်း မြိတ်မြို့နယ်တရားရုံးနှင့် ကာယကံရှင်ထံမှ သိရသည်။ ဆရာမာန်(တောင်လုံးပြန်)သည် ၂၀၁၉ မေလ ၉ ရက်က မြိတ်မြို့၊ ကမ်းနားလမ်းတွင် ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ...

မြိတ်တွင် ကျောက်မိုင်းနံရံပြိုကျ အလုပ်သမားတစ်ဦး သေဆုံး

တနင်္သာရီတိုင်ဒေသကြီး မြိတ်မြို့နယ် စန္ဒ၀တ်ကျေးရွာအုပ်စုကျောက်ဖြူတောင်ကျေးရွာရှိ အမှတ် ၅ ကျောက်မိုင်းခွဲ လုပ်ငန်းခွင်တွင် ဧပြီလ ၂၇ ရက်နေ့ ညနေ ၅ နာရီခန့်က ကျောက်မိုင်းနံရံပြိုကျသဖြင့် အလုပ်သမားတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယင်းလုပ်ငန်းခွင် အလုပ်သမားများထံမှ သိရသည်။ ယင်းနေ့က လုပ်ငန်းခွင်တွင် ကျောက်သယ်ကားပေါ်သို့ ကျောက်များတင်နေစဉ် အမြင့်ပေ ၁၀၀...