ကိုဗစ်ကြောင့် ပန်းရန်လုပ်ငန်းများရပ်နားထားရသည်မှာ လေးလခန့်ရှိ ဟုဆို

0
200
Dawei Watch, Dawei News, Dawei News Media

ပုလောမြို့နယ်အတွင်း ပန်းရန်လုပ်ငန်းများ အလုပ်ရပ်နားထားရသည် မှာ အချိန်လေးလခန့်ရှိနေပြီဖြစ်ကြောင်း ယင်းလုပ်ငန်း အသိုင်းအဝိုင်းထံမှ သိရသည်။

နေအိမ်ဆောက်လုပ်များသူအနေဖြင့် ကိုဗစ်-၁၉ အကျပ်အတည်းကာလတွင် ငွေအကုန်မခံလိုသည့်အတွက် အိမ်ဆောက်ရက်အား ရွှေ့ဆိုင်းခဲ့ကြသဖြင့် အလုပ်မလုပ်ရခြင်းဖြစ်ပြီး အချို့မှာ အခြားလုပ်ငန်းသို့ ပြောင်းလဲလုပ်ကိုင်နေရ ကြောင်း ပန်းရန်လုပ်ငန်း လုပ်ကိုင်သူအချို့ က ပြောပြသည်။

“ပန်းရန်မလုပ်ရတဲ့အတွက် စပါးလိုက် ရိတ်နေရတယ်” ဟု ပုလောမြို့နယ်၊ မင်းပြင်ကျေးရွာမှ ပန်းရန်ဆရာဖြစ်သူ ဦးအုန်းလွင်က ပြောသည်။

ထိုသို့ အလုပ်ပြောင်းလဲလုပ်ကိုင် နေသော်လည်း မိမိကျွမ်းကျင်သည့် အလုပ်မဟုတ်သည့်အတွက် အခက်အခဲအများနှင့် ကြုံတွေ့နေရကြောင်း ၎င်းက ပြောပြသည်။

ပုလောမြို့‌နေ ပန်းရန်ဆရာ ဦးညီစိုး ကလည်း ပြီးခဲ့သည့်နှစ် ပွင့်လင်းရာသီ အချိန်တွင် လုပ်ငန်းအပ်နှံသူများပြားပြီး ယခုပွင့်လင်းရာသီတွင် မရှိသလောက် ရှားပါးနေပြီဖြစ်ကြောင်း ပြောသည်။

ယင်းကဲ့သို့ ပန်းရန်အလုပ်များ မလုပ်ရသည့်အတွက် နေ့စားလုပ်ကိုင်ကြသူများ အားလည်း အလုပ်မပေးနိုင်တော့ကြောင်း ၎င်းက ဆိုသည်။

ချစ်ဖြိုးပိုင်