မြိတ်တွင် ကျောက်မိုင်းနံရံပြိုကျ အလုပ်သမားတစ်ဦး သေဆုံး

0
762
နံရံပြိုကျသည့် လုပ်ငန်းခွင်ဝန်းကျင်ရှိ အခြား ကျောက်မိုင်း လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် / ဓာတ်ပုံ - ဇော်ဇော်

တနင်္သာရီတိုင်ဒေသကြီး မြိတ်မြို့နယ် စန္ဒ၀တ်ကျေးရွာအုပ်စုကျောက်ဖြူတောင်ကျေးရွာရှိ အမှတ် ၅ ကျောက်မိုင်းခွဲ လုပ်ငန်းခွင်တွင်
ဧပြီလ ၂၇ ရက်နေ့ ညနေ ၅ နာရီခန့်က ကျောက်မိုင်းနံရံပြိုကျသဖြင့် အလုပ်သမားတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယင်းလုပ်ငန်းခွင် အလုပ်သမားများထံမှ သိရသည်။


ယင်းနေ့က လုပ်ငန်းခွင်တွင် ကျောက်သယ်ကားပေါ်သို့ ကျောက်များတင်နေစဉ် အမြင့်ပေ ၁၀၀ ၀န်ကျင်ရှိ ကျောက်မိုင်း နံရံပြိုကျလာခြင်းဖြစ်ကြောင်းသိရသည်။ယင်းပြိုကျမှုကြောင့် ကျောက်တင် အလုပ်သမားများအနက် မောင်တင်ဆန်း အသက်(၁၉)နှစ်သည် ထိခိုက်ဒဏ်ရာများကြောင့် သေဆုံးခဲ့ပြီး ကျန်နှစ်ဦးမှ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်တင်အလုပ်သမား မိသားစုများထံမှ သိရသည်။
ထိခိုက်ဒဏ်ရာရသူတွေကို လုပ်ငန်းရှင်သူဋ္ဌေးက ဆေးကုသစရိတ်ထောက်ပံ့ပေးထားသည်ဟု ဒဏ်ရာရ အလုပ်သမားတစ်ဦး၏ မိခင် ဒေါ်ထွန်းအေးကပြောသည်။ယင်းဖြစ်စဉ်အား သေမှုသေခင်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း
မြိတ်မြို့နယ်ရဲစခန်းမှ သိရသည်။