အုတ်ဖိုမီးခိုးကြောင့် ကျန်းမာရေး ထိခိုက်မည်ကို ရွာသားများ စိုးရိမ်

အုတ်ဖိုများမှ ထွက်သည့် မီးခိုးကြောင့် ကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်လျက်ရှိကြောင်း ရေမြစ်ကြီးရွာသားများမှ ပြောဆိုသည်။ မြိတ်မြို့၊ စန္တဝတ်ကျေးရွာအုပ်စု၊ ရေမြစ်ကြီးကျေးရွာတွင် အုတ်ဖို နှစ် ဆယ်ခန့်ရှိပြီး ယင်းမှထွက်သည့်မီးခိုး များ ရွာအတွင်း နေ့စဉ်ဝင်ရောက်လျက် ရှိကြောင်း...

ကိုရိုနာဗိုင်းရပ်စ်ဂယက် မြိတ်ရေထွက်ကုန် လုပ်ငန်းခွင် အခက်

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ကိုရိုနာ ဗိုင်းရပ်စ် စတင်ဖြစ်ပွားပြီး သီတင်းနှစ်ပတ် အကြာ မြိတ်ဒေသမှ ရေထွက်ကုန်အချို့ ဈေးထိုးကျခဲ့သည်။ ကင်းမွန်ငါးဖမ်းလှေတချို့ ရပ်နား လိုက်ရသည်။ ဒါဇင်နှင့်ချီသည့် ကင်းမွန် ပြုတ်ခြောက် အလုပ်ရုံများလည်း ယာယီ ပိတ်လိုက်ရသည်။

ကလပ်အသင်းပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ မြိတ်အသင်း အဆင့်ရှစ်တွင် ရပ်တည်

မြိတ်စစ်တုရင်အသင်းမှ ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်သည့် ဆဋ္ဌမအကြိမ် မြောက် မြန်မာနိုင်ငံကလပ်အသင်း ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲတွင် မြိတ် စစ်တုရင်ကလပ်က အဆင့်ရှစ်နေရာဖြင့် ရပ်တည်ခဲ့ကြောင်း မြိတ်စစ်တုရင်ကလပ် ဥက္ကဋ္ဌ ဦးကိုကိုဦးထံမှ သိရသည်။ အဆိုပါပြိုင်ပွဲကို ပြီးခဲ့သည့် ဇန်နဝါရီလ...

ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားတစ်စု ငါးခြောက်လှန်းစက် စမ်းသပ်တီထွင်

ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားလူငယ်တစ်စုက ဒေသတွင်း အသုံးပြုနိုင်မည့် Dry Machine ဟုခေါ်သော ငါးခြောက်လှန်းစက်ကို စမ်းသပ်တီထွင်ခဲ့ကြောင်း ယင်းစီမံကိန်း တွင် ပါဝင်သည့် ကိုအောင်ခန့်ကိုက ပြောသည်။ ဇန်နဝါရီလက ပြုလုပ်သည့် ကျောင်း Project...

မြိတ်မြို့ရှိ မြေနိမ့်ရပ်ကွက် သုံးခုတွင် ရေနုတ်မြောင်း ပြုလုပ်မည်

မြိတ်မြို့ရှိ မြေနိမ့်ရပ်ကွက်သုံးခု တွင် ရေနုတ်မြောင်း အဓိက ဦးစားပေး ပြုလုပ်သွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ် စည်ပင်ယာရေးကော်မတီမှ သိရသည်။ ပင်လယ်ကမ်းနှင့်နီးသည့်နောက် လယ်ရပ်ကွက်၊ မြိတ်တောင်ရပ်ကွက်နှင့် မြိတ်တောင်ကျေးရွာ စသည့် ရေမြုပ်၊ ရေဝပ်သည့် ရပ်ကွက်များတွင် အဓိက...

စည်ပင်အမှိုက်ကားပေါ်မှ ဝန်ထမ်းတစ်ဦး ပြုတ်ကျ

မြိတ်တွင် စည်ပင်အမှိုက်ကားပေါ်မှ စည်ပင်ဝန်ထမ်း အမျိုးသမီးတစ်ဦး ပြုတ်ကျသည့်အတွက် ဒဏ်ရာများရရှိကာ မြိတ်ဆေးရုံကြီးသို့ တင်ပို့ကုသထားရကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၃၁ ရက်နေ့ က မြိတ်လေယာဉ်ကွင်းလမ်းအတိုင်း မောင်းနှင်လာသည့် စည်ပင်သာယာရေး...

မြိတ်ခရိုင်တရားရုံး တရားမမှုများတွင် တရားသူကြီးမရှိခြင်းကြောင့် အမှုကြန့်ကြာနေမှု လေးဆယ်ရာခိုင်နှုန်းကျော်ရှိ

မြိတ်ခရိုင်တရားရုံးရှိ တရားမအမှု များတွင် တရားသူကြီးမရှိခြင်းကြောင့် အမှုကြန့်ကြာနေမှုက လေးဆယ်ရာခိုင်နှုန်းကျော် ရှိနေကြောင်း တနင်္သာရီတိုင်း ဒေသကြီးတရားလွှတ်တော်ရုံးထံမှ သိရ သည်။ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်အရ ပြီးခဲ့ သည့်နှစ်ကုန်ပိုင်းက စစ်တမ်း ကောက်ယူ ခဲ့ရာ ယင်းသို့တွေ့ရှိခဲ့ကြောင်း တိုင်းတရားလွှတ်တော်က...

LGBT သက်ကြီးပူဇော်ပွဲနှင့် မိတ်ဆုံညစာစားပွဲ ပြုလုပ်မည်

တတိယအကြိမ်မြောက် LGBT သက်ကြီးပူဇော်ပွဲနှင့် မိတ်ဆုံညစာစားပွဲကို မြိတ်မြို့ရှိ Hotel Grand Jade တွင် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့၌ ပြုလုပ်မည် ဖြစ်ကြောင်း လိင်တူချစ်သူများအဖွဲ့ LGBT တာဝန်ခံ ရင်ခွင်ဦးထံမှ သိရသည်။ မြိတ်ခရိုင်အတွင်းရှိ လိင်တူချစ်သူများအနက် အသက် ၆၀ နှစ်အထက်ရှိသူ တစ်ဆယ်ကျော်အား...

တနင်္သာရီမြို့တွင် လူထုရှင်းသန့်အဖွဲ့က လုပ်မည့် သင်တန်းများ

တနင်္သာရီမြို့နယ် တကူတိုက်နယ်၊ တကူသံတိုက်ကျေးရွာတွင် ဖေဖော်ဝါရီလ ၂၀ ရက်မှ မေလအထိ အခမဲ့သင်ကြားပေးမည့် အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ စက်ချုပ်နှင့် မြန်မာ့သိုင်းသင်တန်း တက်ရောက်လိုသူများ လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း လူထုရှင်းသန့်အဖွဲ့မှ သိရသည်။ အင်္ဂလိပ်စာ၊ ကွန်ပျူတာနှင့် မြန်မာ့သိုင်းသင်တန်းအတွက် သင်တန်းကာလမှာ တစ်လခွဲနှင့် စက်ချုပ်သင်တန်းအတွက် အချိန်သုံးလကြာမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းတက်ရောက်လိုသူများအနေဖြင့်...

တက္ကသိုလ်ကျောင်းသူထံမှ ဆွဲကြိုးဖြတ်လုသည့် အမျိုးသမီးကို ဖမ်းမိ

မြိတ်တွင် တက္ကသိုလ်မှ ပြန်လာ သည့် တက္ကသိုလ်ကျောင်းသူထံမှ ဆွဲကြိုး ဖြတ်လုသည့် အသက် ၂၂ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူးရုံးထံမှ သိရသည်။ မြိတ်တက္ကသိုလ်တွင် တတိယနှစ် ကျောင်းသူက...