တက္ကသိုလ်ဝင်တန်း အောင်ချက် မွန်ပြည်နယ် ထိပ်ဆုံးပြန်ရောက်

မြန်မာတနိုင်ငံလုံးတွင် ၆ နှစ်ဆက်တိုက် အောင်ချက်အကောင်းဆုံး ရရှိလာခဲ့သည့် မွန်ပြည်နယ်သည် ယမန်နှစ်တွင် ဒုတိယနေရာသို့ ရောက်ခဲ့သော်လည်း ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ပထမနေရာပြန်လည်ရောက်လာသည်။ ဇွန်လ ၁၁ ရက်နေ့က ပြည်နယ်နှင့် တိုင်းဒေသအလိုက် တက္ကသိုလ်ဝင်တန်းအောင်စာရင်များ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် ဖြေဆိုသူ ၁၉၆၈၁ ဦး ရှိသည့်အနက် ၇၇၄၉...

မိုးတွင်း နှစ်စဉ်လူသေသော ဇင်းကျိုက်ရေတံခွန် အန္တရာယ်ကင်းရေး

မိုးရာသီတွင် နှစ်စဉ်လူသေဆုံးမှုရှိသော မွန်ပြည်နယ်မှ နာမည်ကျော် ဇင်းကျိုက်ရေတံခွန် ယခု မိုးရာသီတွင် အန္တရာယ်ကင်းရေး လုပ်ငန်းများ စီမံထားကြောင်း ရေတံခွန်ကော်မတီက ပြောဆိုလိုက်သည်။ ကျောက်သင်္ဘောရေတံခွန်ဟု လူသိများသော ထိုရေတံခွန်သို့ လာရောက်သူများသည် အန္တရာယ်ရှိသော နေရာများသို့ ရေဆင်းကူးခြင်း၊ ဖြတ်သန်းသွားလာခြင်းကြောင့် နှစ်စဉ် လူသေဆုံးလေ့ရှိသည်။ ထိုကြောင့် ထိုသို့သော အန္တရာယ်ရှိသော နေရာများသို့...

မွန်ပြည်သစ်ပါတီ နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ပထမဆုံးအကြိမ်တွေ့ဆုံ

မွန်လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်သော မွန်ပြည်သစ်ပါတီနှင့် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ဇွန်လ ၈ ရက်နေ့က ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပြီး မွန်များတပေါင်းတစည်းတည်း ဖြစ်နိုင်ရေးအတွက် ဆွေးနွေးခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် ဖွဲ့စည်းခဲ့သော မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ ပါတီ ဖွဲ့စည်းခဲ့သည့် အချိန်မှ စ၍ ၆...

ပေါင်မြို့နယ်တွင် အသည်းရောင် အသားဝါရောဂါ ပုံမှန်ထက် ထူးကဲဖြစ်ပွား

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အသည်းရောင် အသားဝါရောဂါ (ဗ) အမျိုး အစားဖြစ်ပွားမှုပုံမှန်ထက်ထူးကဲ ဖြစ်ပွားနေကြောင်းမွန်ပြည်နယ် ကျန်းမာ ရေး ဦးစီးဌာနမှ သိရသည်။ မေလ ၇ ရက်နေ့က စတင်ဖြစ် ပွားပြီး မေလ ၃၀ ရက်အထိ ရောဂါဖြစ် ပွားသူ ၁၅၃...

မွန်ပြည်နယ် လွှတ်တော်က အစိုးရကို ထိန်းကြောင်းရေး အရှိန်မြှင့်

မွန်ပြည်နယ် အစိုးရ၏ စီမံကိန်းကော်မရှင်ကိစ္စ အချိန်မီထိန်းကျောင်းရေး အရေးကြီးအဆို ဆွေးနွေးရန် သဘောတူလိုက်ပြီးနောက် လွှတ်တော် အမြန်ဆုံး ခေါ်ယူရန် လွှတ်တော်ကိုယ်စားလှယ်များက တောင်းဆိုလိုက်သည်။ ထိုသို့ဖြင့် မွန်ပြည်နယ် အစိုးရကို လွှတ်တော်က ထိန်းကြောင်းရေး အရှိန်မြင့်လာပြီ ဖြစ်သည်။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေးပြီးသည့်နေ့၌ပင် နောက်ထပ်အထူးအစည်းအဝေး ထပ်မံကျင်းပေးရန် ကိုယ်စားလှယ်အချို့တို့က...

ဘိလပ်မြေစက်ရုံ ကန့်ကွက်သည့် လှုပ်ရှားမှု ကျိုက်မရောတွင် စတင်

ကျောက်မီးသွေးသုံးပြီး လည်ပတ်မည့် မော်လမြိုင် ဘိလပ်မြေစက်ရုံကို ကန့်ကွက်ကြောင်း ဆိုင်းဘုတ်ထူခြင်းနှင့်  အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း ဒေသခံတို့က စတင်လိုက်သည်။ စီမံကိန်းတွင် ကျောက်မီးသွေးအသုံးပြုမှုကို ကန့်ကွက်ကြောင်း ဒေသခံလူထု ၃၇၀၀ ကျော်က မွန်ပြည်နယ် အစိုးရ နှင့် လွှတ်တော်တို့ကို ဧပြီလအတွင်းက စာတင်ပြီးနောက် လှုပ်ရှားမှု...

ကျောက်ထုတ်လုပ်ငန်း ရပ်ဆိုင်းရေး ပေါင်တွင် ဆန္ဒပြ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ကျောက်ထုတ်လုပ်နေသည့် ကုမ္ပဏီတစ်ခုကြောင့် သဘာဝပတ် ဝန်းကျင်ထိခိုက်သည်ဟုဆိုကာ လုပ်ငန်း ပိတ်သိမ်းပေးရန် ဒေသခံ ၅၀၀ ခန့်တို့က ဇွန်လ ၅ ရက် နံနက်ပိုင်းက ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြခံရသော ကုမ္ပဏီ၏ အမည်မှာ Long Life Aggregate Co.Ltd ဖြစ်ပြီး ကျောက်ထုတ်လုပ်မှုကြောင့် ရေအရင်းအမြစ်...

ပြည်သူမလိုသူများပါသည့် ပြည်နယ်စီမံကိန်းကော်မရှင်ကိစ္စ မွန်လွှတ်တော်နှင့် အစိုးရ ထိပ်တိုက်တွေ့

လူထုမလိုလားသော စီးပွားရေးလုပ်ငန်းရှင်များကိုလည်း ထည့်သွင်းထားပြီး လွှတ်တော်သို့ အသိပေးခြင်းမရှိသည့် မွန်ပြည်နယ် စီမံကိန်းကော်မရှင်ကို အချိန်မီထိန်းသိမ်းရန် ပြည်နယ်လွှတ်တော်က အစိုးရကို စတင်မေးခွန်းထုတ်နေပြီဖြစ်သည်။ မွန်ပြည်နယ်ဝန်ကြီးချုပ်လက်မှတ်ထိုးကာ မေလ ၂၅ ရက်နေ့က အတည်ပြု ဖွဲ့စည်းခဲ့သည့် ပြည်နယ်စီမံကိန်းကော်မရှင်တွင် စုစုပေါင်း အဖွဲ့ဝင် ၁၅ ဦးပါဝင်ပြီး နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင်...

သစ်တောဧရိယာ လျော့ကျလာသော ကျိုက်ထီးရိုးတောင် စိမ်းလန်းရေး

ဟိုတယ် နှင့် ရွာချဲ့လာခြင်း၊ သာသနာ့နယ်မြေချဲ့လာခြင်း စသည့်အကြောင်း အမျိုးမျိုးကြောင့် သစ်တော့ ဧရိယာ လျော့ကျလာသော ကျိုက်ထီးရိုးတောင် စိမ်းလန်း စိုပြေရေးအတွက် ဘဏ္ဍာငွေ တောင်းခံလိုက်သည်။ ထိုအတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၂၁ သန်းကျော် တောင်းခံထားကြောင်း မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးက...

အတိုင်ခံ ဘိလပ်မြေစက်ရုံကို စတင်စစ်ဆေး

ဒေသခံများ တိုင်ကြားထားသော မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ ကျောက်မီးသွေးသုံးပြီး လည်ပတ်မည့် ဘိလပ်မြေစက်ရုံ ကို မွန်ပြည်နယ်လွှတ်တော်က ကွင်းဆင်း စတင်စိစစ်ခဲ့သည်။ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အား သုံးစွဲပြီး လည်ပတ်ရန် စီစဉ်နေသည့် Mawlamyine Cement Ltd. (MCL) စက်ရုံကို ရန်တန့်ပေးရန် ဒေသခံ ၃၇၀၀...