အုပ်ချုပ်ရေးမှူးက လက်ထိတ်ခတ် အုပ်စုဖွဲ့ ဝိုင်းရိုက်သည်ဟုဆိုသည့်အမှု တစ်လကြာသည်အထိ မထူးသေး

သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးက မင်းဒပ်ကျေးရွာ အုပ်စု ဝဲရစ်ရွာမှ ရွာသားတစ်ဦးအား လက်ထိတ်ခတ်၍ အုပ်စုဖွဲ့ ဝိုင်းဝန်းထိုး ကြိတ်ရိုက်နှက် သည်ဟုဆိုကာ ဇွန်လ ၂၁ ရက်က နယ်မြေရဲစခန်းတွင် ဖွင့်ထား သော အမှုမှာ တစ်လကြာသည့်တိုင် အကြောင်းမထူးသေးဟု အမှုဖွင့်ထား သည့်...

ထားဝယ်တိုင်းရင်းဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသသူ မရှိသေး

ထားဝယ်မြို့ရှိ တိုင်းရင်းဆေးရုံတွင် လက်ရှိအချိန်ထိ အတွင်းလူနာအဖြစ် တက်ရောက်ကုသမှုခံယူသူ မရှိသေး ကြောင်း အထက်ပါဆေးရုံမှ ဒုဆေးရုံ အုပ် ဒေါ်ခင်သန်းနုက ပြောသည်။ ၁၆ ခုတင်ဆံ့ အဆိုပါ တိုင်းရင်း ဆေးရုံတွင် အတွင်းလူနာများကို ယခု နှစ် ဧပြီလက စတင်လက်ခံနေသော်လည်း တက်ရောက်ကုသသူ မရှိသေးဘဲ ပြင်ပ...

ကေတီဗွီဆိုင်များ စည်းကမ်းလိုက်နာမှု အားနည်းဆဲဟု ဝန်ကြီးချုပ်ပြော

တနင်္သာရီတိုင်းတွင်းရှိ ကေတီဗွီ ဆိုင်များအတွက် လိုက်နာရမည့် စည်း ကမ်းချက်များ ထုတ်ပြန်ထားပြီးဖြစ် သော်လည်း စည်းကမ်းချက်များအား လိုက်နာမှု အားနည်းနေဆဲဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောသည်။ ဇူလိုင်လ ၁၇ ရက်တွင် ကျင်းပ သည့် တိုင်းအစိုးရအဖွဲ့ သတင်းစာ ရှင်းလင်းတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ "စည်းမျဉ်းစည်းကမ်း...

ယာဉ်တိုက်မှုကြောင့် ထားဝယ်တွင် အများဆုံးသေဆုံး

တိုင်းအတွင်းရှိ ခရိုင်သုံးခုအနက် ထားဝယ်ခရိုင်တွင် ယာဉ်တိုက်မှုကြောင့် အများဆုံးသေဆုံးလျက် ရှိသည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၂၆ ရက်အထိ ထားဝယ်ခရိုင်တွင် ယာဉ် တိုက်မှု ၁၁၉ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၆ ဦးအထိရှိကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများ...

လောင်းလုံးတွင် ချောင်းရေထိန်းနံရံ ပြိုကျ၊ ကျေးရွာချင်းဆက်လမ်းပိုင်း ပျက်စီး

လောင်းလုံးမြို့ (က) ရပ်ကွက်ရှိ အောင်ချမ်းသာချောင်း ရေထိန်းနံရံပြိုကျ သဖြင့် လောင်းလုံး-ပြင်းထိန် ကျေးရွာ ချင်းဆက် လမ်းပိုင်းပျက်စီးခဲ့ကြောင်း လောင်းလုံးဒေသခံများထံမှ သိရသည်။ မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ချောင်းရေလျှံပြီး ရေတိုးအားကြောင့် ဇူလိုင်လ ၁၇ ရက်က ရေထိန်းနံရံ ပေ ၂၀၀ ခန့် ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ...

MPT နေ့စားဝန်ထမ်းများ အနည်းဆုံးအခကြေးငွေ မရ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နေ့စားဝန်ထမ်းများ အစိုးရက တရားဝင် သတ်မှတ်ထားသည့် အနည်း ဆုံးအခကြေးငွေ တစ်နေ့ ကျပ် ၄၈၀၀ နှုန်း မရသေးကြောင်း ယင်းနေ့ စားဝန်ထမ်း အချို့နှင့် တနင်္သာရီတိုင်း မြန်မာ့ ဆက်သွယ်ရေးရုံး ထံမှ သိရသည်။ အစိုးရဌာနများနှင့် အဖွဲ့အစည်း များရှိ နေ့စားဝန်ထမ်းများကို...

သစ်ခိုးထုတ်မှု တားဆီးရေးလိုအပ်က တပ်မတော် အကူအညီယူမည်

တရားမဝင် သစ်ခိုးထုတ်မှုများကို တားဆီးနိုင်ရေးအတွက် လိုအပ်ပါက တပ်မတော်၏ အကူအညီယူမည်ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီး ဦးမြင့်မောင်က ပြောသည်။ လက်ရှိအချိန်တွင် စီးပွားရေးသမား များ သစ်ခိုးထုတ်မှုများ၌ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့၏ တပ်ဖွဲ့ဝင်အချို့ ပါဝင် ပတ်သက်မှုများရှိနေသည့်အတွက် တရားမဝင် သစ်ဖမ်းဆီးရေးကို လုပ်နေ...

လောင်းလုံး ကျေးရွာနှစ်ဆယ်ကျော်တွင် လျှပ်စစ်မီတာများ တပ်ဆင်တော့မည်

လောင်းလုံးမြို့နယ်အတွင်း လျှပ် စစ်မီးကြိုးသွယ်တန်းထားပြီးသည့် ကျေးရွာနှစ်ဆယ်ကျော်ကို ကျေးလက် မီတာများ တပ်ဆင်တော့မည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် လျှပ်စစ်အင်ဂျင်နီ ယာရုံးထံမှ သိရသည်။ လောင်းလုံးမြို့မှ သပြေရှောင် ကျေးရွာအထိ လမ်းတစ်လျှောက်နှင့် အတွင်းဘက်ကျေးရွာများ စုစုပေါင်း နှစ်ဆယ်ကျော်တွင် တပ်ဆင်မည်ဖြစ်သည်။ ယင်းကျေးရွာအားလုံးတွင် တစ် ပြိုင်တည်း တပ်ဆင်ပေးမည်မဟုတ်ဘဲ တပ်ဆင်မည့် ဝန်ထမ်းအင်အား အခြေ...

ပညာရှင် အခက်အခဲကြောင့် မြိတ်နှင့်လောင်းလုံးတွင် မိုးလေ၀သတိုင်းကိရိယာ မတပ်နိုင်သေး

ပညာရှင်အခက်အခဲကြောင့် မြိတ် နှင့် လောင်းလုံးမြို့တို့တွင် တပ်ဆင်မည့် အလိုအလျှောက် မိုးလေ၀သတိုင်း ကိရိယာများ ယခု မိုးတွင်းကာလတွင် မတပ်ဆင်နိုင်သေးကြောင်း တနင်္သာရီ တိုင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနထံမှ သိရသည်။ ကိုရီးယားနိုင်ငံနည်းပညာဖြင့် ထုတ်လုပ်ထားသည့် ယင်းကိရိယာ နှစ်ခု မှာ ဇူလိုင်လ ဒုတိယအပတ် ကတည်း...

တနင်္သာရီတိုင်းခရီးသွားလုပ်ငန်းအတွက် Master Plan မရှိ

တနင်္သာရီတိုင်းတစ်ခုလုံး၏ စီးပွား ရေးကို ခရီးသွားလုပ်ငန်းဖြင့်မြှင့်တင် မည်ဟု တိုင်းအစိုးရအဖွဲ့က မူဝါဒ ချမှတ် ထားသော်လည်း ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့်Master Plan မရှိသေး ပေ။ ခရီးသွားလုပ်ငန်းအတွက် Master Plan ကို အဖွဲ့အစည်းနှစ်ခုက ရေးဆွဲ နေဆဲဖြစ်ပြီး ပြည်ထောင်စုအစိုးရနှင့် ပြည်ထောင်စု လွှတ်တော်က အတည်ပြု...