ထားဝယ်တွင် ကျေးရွာအချို့ ရေကြီး

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထားဝယ်မြို့နယ်ရှိ ကျေးရွာခြောက်ရွာ တွင် ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိ ကြောင်း သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ် ရေးမှူးများထံမှ သိရသည်။ ဇူလိုင်လ ၁၂ ရက်မှစပြီး နှစ်ရက် ဆက် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ထားဝယ်မြို့နယ်ရှိ ကျောက်ရပ်၊ တောနား၊ ရှမ္မတွင်းကျေးရွာများတွင် ကျေးရွာချင်းဆက်လမ်း သုံးနေရာတွင် ရေကြီးနေပြီး...

တနင်္သာရီတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု မြင့်တက်

တနင်္သာရီတိုင်းဒေသကြီးတွင် ယခုနှစ် ဇူလိုင်လ ၁၀ ရက်အထိ သွေး လွန်တုပ်ကွေးဖြစ်ပွားသူ တစ်ထောင် ကျော်အထိ မြင့်တက်လာကြောင်း ပြည် သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းက ပြောသည်။ ယခုနှစ် မေလမှစကာ သွေးလွန် တုပ်ကွေးဖြစ်သူ အရေအတွက် မြင့်တက် လာခဲ့ပြီး ဇူလိုင်လ ၁၀...

နယ်စပ်ဝင်ပေါက်များမှ ဟင်းသီးဟင်းရွက်မျိုးစုံ စက်တင်ဘာလအထိ တင်သွင်းခွင့်ပြုမည်

တနင်္သာရီတိုင်းအတွင်းရှိ ထီးခီး၊ မောတောင်နှင့် ကော့သောင်းနယ်စပ် ဝင်ပေါက်များမှ ဟင်းသီးဟင်းရွက်မျိုးစုံ ကို လာမည့် စက်တင်ဘာလအထိ တင် သွင်းခွင့်ပြုလိုက်ကြောင်း တနင်္သာရီ တိုင်ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ကြွယ် စန္ဒာက ပြောသည်။ ဒေသလိုအပ်ချက်အရထိုင်းနိုင်ငံမှ တင်သွင်းလာသည့် ဟင်းသီးဟင်းရွက် အမျိုးပေါင်းစုံကိုဇွန်လ ၂၈ ရက်မှ စက်တင်ဘာလအထိ...

နာမည်ကြီး ဗွီဒီယိုဖိုင်၏ နောက်ဆက်တွဲဂယက်များ

ထားဝယ်အမျိုးသမီးငယ်တစ်ဦးက ထားဝယ်အမျိုးသားလူငယ်တစ်ဦးအား ပါးရိုက်နေသည့် ရုပ်သံဖိုင်တစ်ခု ဖေ့စ်ဘွတ် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဇူလိုင် လ ၁၁ ရက် ညက စတင်ပျံ့နှံ့ခဲ့ပြီး ဇူလိုင် လ ၁၂ ရက်တွင် ကျယ်ကျယ်ပျံ့ပျံ့ ပြန့်နှံခဲ့ သည်။ ယင်းရုပ်သံဖိုင်က လူမှုကွန်ရက် သုံးစွဲသူများကြား တမဟုတ်ခြင်း ပျံ့နှံ့...

သက်ကြီးအဘိုးအဘွားများ လူမှုရေးပင်စင် ရ မရ ကွင်းဆင်းစစ်ဆေးမည်

တိုင်းအတွင်း အသက် ၉၀နှစ်နှင့် အထက် သက်ကြီးအဘိုးအဘွားများကို ထောက်ပံ့ပေးနေသည့် လူမှုရေးပင်စင် ရမရ ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကြောင်း တိုင်းလူမှုဝန်ထမ်းဦးစီးဌာနထံမှ ဦးစီး အရာရှိ ဒေါ်ခိုင်ခိုင်ဦးကပြောသည်။ ယင်းလူမှုရေးပင်စင်ထောက်ပံ့ရာ တွင် သက်ကြီးအဘိုးအဘွားများကို တိုက်ရိုက်ပေးအပ်ခြင်းမျိုးမဟုတ်ဘဲ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက တစ်ဆင့် ပေးအပ်နေရသဖြင့် အမှန် တကယ် ရောက် မရောက်...

ကုန်ပစ္စည်းများတွင် သုံးစွဲရန်အညွှန်းကို မြန်မာဘာသာဖြင့် မဖော်ပြက အရေးယူမည်

ကုန်ပစ္စည်းများတွင် သုံးစွဲရန် အညွှန်း၊ ပါဝင်ပစ္စည်းများကို မြန်မာဘာ သာဖြင့် ဖော်ပြခြင်းမရှိပါက အရေးယူ တော့မည်ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းထွန်းက ပြောသည်။ စားသောက်ကုန်များ၊ လူသုံးကုန် ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ဖော် ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်း ကုန်ဆုံးမည့် ရက်စွဲများကိုပါ...

မူးယစ်အမှု ကွင်းဆက်တရားခံ အောင်လွင်ကို နှစ်အကန့်အသတ်မရှိ ထောင်ချနိုင်သည့် ပုဒ်မဖြင့် တရားစစွဲ

မလေးရှားမူးယစ်အမှု၏ ကွင်း ဆက်တရားခံဆိုသည့် အောင်လွင်(ခ) ထားဝယ်ကြီးကို ဇူလိုင်လ ၁၂ ရက်နေ့က ထားဝယ်ခရိုင် တရားရုံးတွင် စတင်တ ရားစွဲဆိုလိုက်သည်။ အောင်လွင်နေထိုင်သည့် ထားဝယ် မြို့ ကျောက်မော်/ရှမ္မရပ်ကွက်ရှိ နေအိမ် တွင်  ICE ၁၀ ဂရမ်ဖမ်းမိသည့် အမှုကို တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ ယင်းအမှုကို ထားဝယ်ခရိုင်တရား...

လောင်းလုံးဘုတ်ကျွန်း ပွင့်လင်းရာသီ လည်ပတ်နိုင်မည်

ထားဝယ်ဒေသရှိ လောင်းလုံးဘုတ် ကျွန်းပေါ်ရှိ ကမ်းခြေနှစ်ခုကို ပွင့်လင်း ရာသီအမီ လည်ပတ်ခွင့် ရတော့မည်ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီး ဦးမြင့်မောင်က ပြောကြားသည်။ လွန်ခဲ့သော နှစ်ပိုင်းက ခရီးသွား များ စိတ်ဝင်စားခဲ့သော လောင်းလုံးဘုတ် ကျွန်းသည် တပ်မတော်၏ စီမံမှုအောက် တွင်...

သဲ၊ ကျောက်၊ အမှိုက်၊ မြေကားများ လမ်းပေါ်ဖိတ်စဉ်က အနည်းဆုံး ကျပ်ငါးသောင်း၊ ထပ်ဖြစ်က ဆတိုး ဒဏ်ရိုက်မည်

ထားဝယ်မြို့အတွင်း သဲကျောက် တင်ကား၊ မြေကားနှင့် အမှိုက်ကားများ လမ်းမပေါ်ဖိတ်စဉ်ပါက အနည်းဆုံး ငွေ ကျပ် ငါးသောင်းမှဒဏ်ရိုက်မည်ဖြစ်ပြီး နောက်တစ်ကြိမ်ထပ်ဖြစ်ပါက ဆတိုး ဒဏ်ရိုက်တော့မည်ဖြစ်သည်။ အများပြည်သူသွား လမ်းမပေါ်တွင် ဖိတ်စဉ်ပါက ဒဏ်ရိုက်မည့်အစီအစဉ်ကို ဇူလိုင်လ ၂၀ ရက်နေ့တွင် စတင်မည် ဖြစ်ပြီး ပထမအကြိမ်တွင် ငွေကျပ် ငါးသောင်းမှစကာ...

ထားဝယ်ဈေးကြီး ပျံကျနေရာ အမိုးသစ် ဈေးရောင်းသူများ အဆင်မပြေဟုဆို

ထားဝယ်မြို့ စည်ပင်သာယာ ဈေးကြီးအတွင်းရှိ ပျံကျနေရာများတွင် သံဖရိန်ဖြင့် အမိုးများ ဆောက်လုပ်ထား ခြင်းက ဈေးရောင်းသူများအတွက် အဆင်မပြေဖြစ်နေကြောင်း ဈေးရောင်း သူအများစုက ပြောသည်။ ခေါင်မိုးအစွန်းတိုလွန်းသည့်အတွက် မိုးရွာချိန်တွင် မိုးပက်ခြင်း၊ နေပူချိန်တွင် နေပူဒဏ်ခံရခြင်းများ ကြုံတွေ့နေရ ကြောင်း အသက် ၃၅ နှစ် အရွယ်ရှိ ဈေုးသည်အမျိုးသမီးတစ်ဦးက...