မူးယစ်အမှု ကွင်းဆက်တရားခံ အောင်လွင်ကို နှစ်အကန့်အသတ်မရှိ ထောင်ချနိုင်သည့် ပုဒ်မဖြင့် တရားစစွဲ

0
502

မလေးရှားမူးယစ်အမှု၏ ကွင်း ဆက်တရားခံဆိုသည့် အောင်လွင်(ခ) ထားဝယ်ကြီးကို ဇူလိုင်လ ၁၂ ရက်နေ့က ထားဝယ်ခရိုင် တရားရုံးတွင် စတင်တ ရားစွဲဆိုလိုက်သည်။
အောင်လွင်နေထိုင်သည့် ထားဝယ် မြို့ ကျောက်မော်/ရှမ္မရပ်ကွက်ရှိ နေအိမ် တွင်  ICE ၁၀ ဂရမ်ဖမ်းမိသည့် အမှုကို တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းအမှုကို ထားဝယ်ခရိုင်တရား ရုံးက ရာဇဝတ်ကြီးမှုအမှတ် ၆၇ / ၂၀၁၈ ဖြင့် လက်ခံခဲ့ပြီး မူးစိတ်ပုဒ်မ- ၁၉(က) ဖြင့် တရားစွဲဆိုထားကြောင်း ခရိုင်တရား သူကြီး ဒေါ်သန်းသန်းအေးက ဆိုသည်။
မူးစိတ်ပုဒ်မ- ၁၉ (က)အရ မူး ယစ်ဆေးကို ရောင်းချရန်အလို့ငှာ လက် ဝယ်ထားခြင်းကို ကျုးလွန်ပါက အနည်း ဆုံးထောင်ဒဏ် ၁၀ နှစ်မှ နှစ်အကန့် အသတ်မရှိ ထောင်ဒဏ်အထိ ချမှတ်ခံရ မည် ဖြစ်သည်။

နောက်ထပ်ရုံးချိန်းကို ဇူလိုင်လ ၂၅ ရက်ကို ထပ်မံချိန်းဆိုထားကြောင်း ၎င်းက ပြောသည်။
“နောက်ရုံးချိန်းမှာ တရားလိုနဲ့ တရားလိုပြ သက်သေနှစ်ဦးကို စစ်ဆေး သွားမယ်”ဟု ခရိုင်တရားသူကြီး ဒေါ်သန်းသန်းအေးက ပြောသည်။
အောင်လွင်အနေဖြင့် ယင်းပုဒ်မ အပြင် မလေးရှားမူးယစ်အမှု၏ ကွင်း ဆက်တရားခံအဖြစ် စွပ်စွဲခံထားရပြီး ၎င်းပိုင်ဆိုင်မှုကို ငွေကြေးခဝါချမှု တိုက် ဖျက်ရေးဥပဒေဖြင့် စစ်ဆေးနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထား သည်။
အောင်လွင်(ခ)ထားဝယ်ကြီး၏ ပိုင်ဆိုင်မှုမှာ ကျပ်သိန်းပေါင်း နှစ်သောင်း ခုနှစ်ထောင်ကျော်ကို ကနဦး စိစစ်တွေ့ရှိ ပြီး ထိန်းသိမ်းထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မလေးရှားမူးယစ်အမှုကို အမှုဖွင့် စစ်ဆေးနေသည့် ရန်ကုန်တိုင်း ဆိပ်ကမ်း ရဲစခန်းမှ အမှုစစ်ရဲအရာရှိများက ဇွန်လ နှောင်းပိုင်းတွင် အောင်လွင်ကို ထားဝယ် မြို့၌ လာရောက်စစ်ဆေးခဲ့သည်။
မလေးရှားသို့ မူးယစ်ဆေးတင်ပို့မှု တွင် အဓိကတရားခံဖြစ်သည့် မောင်မောင် နှင့် ဇေယျာဟိန်းတို့၏ ထွက်ဆိုချက်များ အရ ထားဝယ်မြို့တွင် နေထိုင်သူဦးအောင်လွင် နှင့် မလေးရှားနိုင်ငံတွင် တွေ့ဆုံ သိကျွမ်း ခဲ့ပြီး ၎င်းတို့သည် ချင်ကျားမူ(ခ)မကျားဝေ (ခ) နှင်းဦးလွင်နှင့် ဆက်သွယ်ကာ မူးယစ် ဆေးဝါးများကို မလေးရှားနိုင်ငံသို့ ပို့ ဆောင်ခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ က ဇွန်လ ၁၉ရက်တွင် ထုတ်ပြန်ထားသည်။

မလေးရှားမူးယစ်ဆေးအမှု ကွင်း ဆက်တရားခံအဖြစ် ထားဝယ်မြို့မှ အောင်လွင်(ခ) ထားဝယ်ကြီးကို မလွှဲ တောင်စစ်ဆေးရေးဂိတ်တွင် ဇွန်လ ၁၂ ရက်ညက ဖမ်းဆီးခဲ့သည်။
အောင်လွင်ကမူ လက်ရှိ ဖမ်းမိ သည့် မလေးရှားမူးယစ်ဆေးအမှုတွင် ပါဝင်ခြင်းမရှိဘဲ ယခင်က မူးယစ်ဆေး တင်ပို့ရာတွင် ပွဲစားအနေဖြင့် ပါဝင်ခဲ့ သည်ဟု ထွက်ဆိုထားကြောင်း တနင်္သာ ရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

မလေးရှားမူးယစ်အမှုနှင့် ပတ် သက်၍ အောင်လွင်ကို လက်ရှိအချိန် လွှဲပြောင်းပေးရန် တောင်းခံလာခြင်း(သို့) ညွှန်ကြားလာခြင်း မရှိသေးကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှ ရဲအရာရှိတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန် ချက်တွင်မူ မလေးရှားသို့ ပို့သည့် မူး ယစ်ဆေးဝါးအမှုတွင် မောင်မောင် (ခ) HJ Yassin ၊ ဇေယျာဟိန်း၊ ချင်းကျားမူ (ခ) မကျားဝေ(ခ) နှင်းဦးလွင်နှင့် ၎င်း ၏ခင်ပွန်း အကိုကြီး(ခ) ကတုံးတို့ ပူးပေါင်း ၍ မူးယစ်ဆေးဝါးများကို မင်းနိုင်၏အကူ အညီဖြင့် မလေးရှားနိုင်ငံသို့ ပေးပို့ခဲ့ သည်ဟု အောင်လွင်(ခ)ထားဝယ်ကြီးက ထွက်ဆိုထားကြောင်း ဖော်ပြထားသည်။
မလေးရှားနိုင်ငံသို့ တင်ပို့သည့် ၁ ဒသမ ၂ တန်နီးပါးရှိ မက်အဖက် တမင်း မူးယစ်ဆေးဝါးများကို မေလ ၂၂ ရက်က ဖမ်းမိခဲ့ခြင်း ဖြစ်သည်။