နာမည်ကြီး ဗွီဒီယိုဖိုင်၏ နောက်ဆက်တွဲဂယက်များ

0
625

ထားဝယ်အမျိုးသမီးငယ်တစ်ဦးက ထားဝယ်အမျိုးသားလူငယ်တစ်ဦးအား ပါးရိုက်နေသည့် ရုပ်သံဖိုင်တစ်ခု ဖေ့စ်ဘွတ် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဇူလိုင် လ ၁၁ ရက် ညက စတင်ပျံ့နှံ့ခဲ့ပြီး ဇူလိုင် လ ၁၂ ရက်တွင် ကျယ်ကျယ်ပျံ့ပျံ့ ပြန့်နှံခဲ့ သည်။
ယင်းရုပ်သံဖိုင်က လူမှုကွန်ရက် သုံးစွဲသူများကြား တမဟုတ်ခြင်း ပျံ့နှံ့ သွားပြီးနောက် ယင်းနေ့ရက်များအတွင်း ထားဝယ်ဒေသအတွင်း လူအပြောအများ ဆုံးသတင်းတစ်ခု ဖြစ်ခဲ့သည်။

အချို့က ထားဝယ်မှ မြန်မာ ဘာသာသို့ ပြန်ဆိုဖော်ပြသည်အထိ ရှိ လာသည်။
ထိုနောက်တွင် လူမှုကွန်ရက် အသုံးပြု သည့် ထားဝယ်ဒေသခံ အသိုင်းအဝိုင်းက အဆိုပါ အမျိုးသမီး ငယ်ကို ပြင်းပြင်း ထန်ထန် ဝေဖန်မှု များရှိခဲ့ပြီး ဆဲဆိုမှုများ အထိ ရှိခဲ့သည်။ ရုပ်သံဖိုင်ပါ အမျိုး သမီးငယ်၏ ဓာတ်ပုံများကိုပါဖော်ပြပြီး ဆဲဆိုဝေဖန်ခဲ့ကြသည်။
အချို့လူငယ်များကမူ အဆိုပါ အမျိုး သမီးအား ကြမ်းတမ်းသော စကားလုံး များဖြင့် ဆဲရေးတိုင်းထွာကာ အမျိုး သမီး၏ အသက်ကိုပင် ခြိမ်းခြောက်ထား သည့် ရုပ်သံဖိုင်များကို လူမှုကွန်ရက်ပေါ် တင်ခဲ့ကြသည်။

“အစ်မကတော့ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာက ပြဿနာတစ်စုံ လုံး သေချာသိပြီးမှ ပြောလို့ရမယ်။ လောလောဆယ်ကတော့ ဒီဗီဒီယိုကို တင်လိုက်တဲ့သူက မှားတယ်လို့ ပြောရ မယ်”ဟု ထားဝယ်အမျိုးသမီးသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဒေါ်မာလာက ပြောသည်။
သို့သော် ၎င်းဗွီဒီယိုဖိုင်အား မည်သူ စတင်၍ လူမှုကွန်ရက်ပေါ် တင်ခဲ့သည် ကို မသိရှိရသေးပေ။

လက်ရှိတွင် ထိုအမျိုးသမီးငယ် သည် သူနာပြုသင်တန်း ကျောင်းတက် ခွင့်ကို စွန့်လွှတ်လိုက်ရပြီ ဖြစ်သည်။
အမျိုးသမီးငယ်မှာ ထားဝယ် သူနာပြုသင်တန်းကျောင်းမှ ဒုတိယနှစ် သင်တန်းကျောင်းသူဖြစ်ပြီး ဗီဒီယိုဖိုင် စတင်ပြန့်နှံ့ခဲ့သည့် ဇူလိုင်လ ၁၂ နေ့၏ ညနေ ၄ နာရီကတည်းက သင်တန်း ကျောင်းမှ ထွက်ခွာသွားခဲ့ကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
ကျောင်းစည်းကမ်းအရ ညနေ ၄ နာရီတွင် အပြင်ထွက်လျှင် ညနေ ၆ နာရီ မတိုင်မီ ကျောင်းသို့ အရောက်ပြန် ရမည်ဖြစ်သည်။
“အဲဒီနေ့ကတည်းက မလာတော့ ဘူး။ ကျောင်းစည်းမျဉ်း စည်းကမ်းအရ အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ ပျက် ကွက်ရင် ကျောင်းတက်လို့ကို မရတော့ ဘူး”ဟု ကျောင်းအုပ်ဆရာမကြီးက ဇူလိုင်လ ၁၄ ရက်နေ့ ညနေတွင် ပြောသည်။

အမျိုးသမီးငယ်၏ မိဘများထံ သွားရောက်စုံစမ်းခဲ့ရာ မိဘများက သမီး ဖြစ်သူ အိမ်သို့ ရောက်မလာကြောင်းနှင့် သမီးဖြစ်သူနှင့် တွေ့ဆုံကာ ဂဃဏန မေးမြန်း ဆွေးနွေးခွင့်မရမချင်း တစ်စုံတစ်ရာ ဖြေကြားခြင်း မပြုလိုဟု ဖြေဆိုခဲ့သည်။
လက်ရှိတွင် သမီးဖြစ်သူနှင့် အဆက် အသွယ် မရသေးဟု အမျိုးသမီး၏ မိဘ များက ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီတွင် ပြောသည်။
ဗွီဒီယိုဖိုင်ပါ အခင်းအကျင်းအရ ကိုယ်ထိလက်ရောက် စော်ကားခံရ နေရသူ အမျိုးသားတစ်စုံတရာ မတုံ့ပြန် နိုင်ရန် အမျိုးသမီးဘက်မှ လူငယ်အုပ်စု ချီ ရှိနေနိုင်ကြောင်း သုံးသပ်ကြသည်။ အမျိုးသမီးဘက်မှ လူငယ် ၁၆ ဦးနှင့် အထက် ရှိနေသည်ဟု လူမှုကွန်ရက်တွင် သတင်းပြန့်နေသည်။

ကိုယ်ထိလက်ရောက် စော်ကားခံရ နေရသည့် အမျိုးသားအား တနင်္သာရီ အပတ်စဉ်မှ သွားရောက်တွေ့ဆုံခဲ့ရာ ၎င်းအမျိုးသားက တစ်စုံတရာ ဖြေဆို ရန် ငြင်းဆန်ခဲ့သည်။
ယခုကိစ္စတွင် ပြဿနာ အရင်း အမြစ်ကို သေချာစုံစမ်းရန် လိုအပ်ပြီး နောက်တွင် ယခုကဲ့သို့ မဖြစ်လာစေရန် ပြဿနာများ ဖြေရှင်းရာတွင် အချင်း ချင်းညှိနှိုင်း၍ဖြစ်စေ၊ တရားဥပဒေ အရ ဖြစ်စေ ဖြေရှင်းခြင်းက အကောင်း ဆုံးဖြစ် ကြောင်း ဒေါ်မာလာက ပြောသည်။
ပြဿနာဖြေရှင်းနည်း များစွာရှိရာ ယခုကဲ့သို့သော ဖြေရှင်းနည်းမှာ မမှန် ကန်သည့်နည်းလမ်းဖြစ်ပြီး အကြမ်း ဖက်မှန်သမျှကိုမူ ဆန့်ကျင်ကြောင်း ၎င်းက ပြောသည်။

လူမှုကွန်ရက်ပေါ် ပြန့်နှံသွားသည့် ဗွီဒီယိုဖိုင်၏ နောက်ဆက်တွဲဂရက် များကို ထိုအမျိုးသမီး ခံနိုင်ရည်မရှိ ဖြစ်လာ နိုင်ကြောင်း ထားဝယ်အမျိုးသမီး သမဂ္ဂ အထွေထွေအတွင်းရေးမှူး ဒေါ်မာ လာက ပြောသည်။
“အခုအချိန်မှာ သူ့(အမျိုး သမီး ငယ်)ကို အားပေးနှစ်သိမ့်မှုတွေ လုပ်ပေး ဖို့ လိုအပ်မယ်လို့တော့ ထင်တယ်”ဟု ဒေါ်မာလာက ဆိုသည်။