ဆဲဗင်န်းဇူလိုင် အခမ်းအနား မြို့တော်ခန်းမတွင် ပထမဆုံး ကျင်းပခွင့်ရ

၅၄ နှစ်မြောက် ဆဲဗင်န်း ဇူလိုင် အောက်မေ့ဖွယ်အခမ်းအနားကို ထားဝယ်မြို့တော်ခန်းမတွင် ပထမဆုံး အကြိမ် ကျင်းပခွင့်ရမည်ဖြစ်ကြောင်း အခမ်းအနား စီစဉ်သူများထံမှ သိရ သည်။ ယခင်အစိုးရ လက်ထက်က နှစ်စဉ် ဇူလိုင်လ ၇ ရက်တွင်  မောင်းမကန်ကမ်း ခြေ၌ အောက်မေ့ဖွယ် အခမ်းအနားကို ပြုလုပ်လေ့ရှိပြီး ယခုနှစ်တွင်မူ...

တနင်္သာရီတိုင်းအတွင်း VMS စနစ်တပ်ပြီး ငါးဖမ်းလှေ ၂၃ ရာခိုင်နှုန်း သာရှိသေး

တနင်္သာရီတိုင်းအတွင်း မှတ်ပုံတင်ထားသည့် ကမ်းဝေးငါးဖမ်း ငါးသယ်လှေများ၏ ၂၃ ရာခိုင်နှုန်းသာ စောင့်ကြည့်ထိန်းချုပ် လေ့လာရေးစနစ်(VMS) တပ်ဆင်သေးကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ တိုင်းအတွင်း ကမ်းဝေးငါးဖမ်း ငါးသယ်လှေ ၁၅၁၃ စီးရှိရာ နိုဝင်ဘာလ ၃...

ဥတ္တူရွာတွင် ရုတ်တရက်ရေးကြီး၊ နေအိမ်ထဲ ရေဝင်

သရက်ချောင်းမြို့နယ် ဥတ္တူရွာတွင် ယနေ့ည ၈ နာရီဝန်းကျင်မှစပြီး ထူးထူးခြားခြား ရုတ်တရက်ရေကြီးလာသဖြင့် နေ‌အိမ်တွေထဲ ရေဝင်နေကြောင်း သိရသည်။ ည ၁၁ နာရီအချိန်အထိ ရေတဖြည်းဖြည်းမြင့်တက်နေဆဲဖြစ်ပြီး လယ်နှင့်နီးသည့်နေအိမ်များ ညတွင်းချင်း ရေလွတ်ရာပြောင်းရွေ့နေရကြောင်း ယင်းရွာနေ အမျိုးသမီးတစ်ဦးက...

ကလိန်အောင်အခြေစိုက် ခမရ ၄၁၀ တပ်ရင်း ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရ

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ကျောက်ရှပ်ရွာအခြေစိုက် အမှတ် ၄၁၀ စစ်ကောင်စီ ခြေမြန်တပ်ရင်း ကို ဖေဖော်ဝါရီလ ၂ ရက် နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးသီးလေးလုံးချတိုက်ခိုက်ခဲ့ကြောင်း ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒေါနတပ်ခွဲ ၄) က ထုတ်ပြန်သည်။

ထားဝယ်ကမ်းနားလမ်း နေရာအချို့ကို နှစ်လမ်းသွားအဖြစ် သုံးလအတွင်း အပြီးချဲ့မည်

ထားဝယ်မြို့ ဆိပ်ကမ်းသာလမ်းရှိ မြောင်းပုလဲတံတားထိပ်မှ ကမ်းနားဈေး အနီးအထိကို နှစ်လမ်းသွားလမ်းအဖြစ် အချိန်သုံးလအတွင်း အပြီးချဲ့မည် ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင် သာယာရေးကော်မတီအတွင်းရေးမှူးက ပြောသည်။ အရှည်ပေ ၁၄၀၀ ရှိ မြောင်းပုလဲ တံတားထိပ်မှ ကမ်းနားဈေးအနီးအထိ လမ်းပိုင်းကို လက်ရှိ ခင်းထားသည့် ကွန်ကရစ်လမ်းနှင့် အပြိုင် ၁၈...

ထားဝယ်တွင် ဝက်ရှားလာခြင်းကြောင့် တစ်ပိဿာ ၁၇၀၀၀ ကျပ်အထိဖြစ်လာ

ထားဝယ်တွင် ဝက်ရှားလာခြင်းကြောင့် ဝက်သားဈေး တစ်ပိဿာ ၁၇၀၀၀ ကျပ်အထိဖြစ်လာကြောင်း ဝက်သားရောင်းသူအချို့က ပြောသည်။ ၂၀၂၂ ခုနှစ် သီတင်းကျွတ်လမတိုင်မီအချိန်ထိ ဝက်သားတစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်ခန့်သာရှိပြီး သီတင်းကျွတ်ကာလမှ နိုဝင်ဘာလအတွင်း ၁၇၀၀၀ ကျပ်အထိ ခုန်တက်သွားသည်။

စိတ်ကျန်းမာရေး မကောင်းသူတစ်ဦး ကိုယ့်ဆိုင်ကယ်ကိုယ် မီးပြန်ရှို့

ထားဝယ်မြို့၊ ပေါက်တိုင်းတံတား အနီးတွင် စိတ်ကျန်းမာရေးမကောင်းသူ တစ်ဦးက ၎င်းင်းစီးနင်းလာသည့် ဆိုင်ကယ်ကို မီးရှို့ကာ ထွက်ပြေးသွားကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ မေလ ၇ ရက်ည ၈ နာရီခန့်က ပေါက်တိုင်းတံတားရှိ ဂိတ်အနီးတွင် ဆိုင်ကယ်စီးနင်းလာသည့် အသက်...
Dawei Watch, Dawei News, Dawei News Media

ကိုရိုနာရောဂါပိုးနှင့် ထားဝယ်ဒေသရှိ တက္ကသိုလ်များ၏ စာမေးပွဲဖြေဆိုသည့် အခြေအနေ

မြန်မာနိုင်ငံတွင် ကိုရိုနာရောဂါပိုး ရှိသည့် ဓာတ်ခွဲအတည်ပြုလူနာမတွေ့ရှိရသေးသော်လည်း တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ကျင်းပနေ သော စာမေးပွဲအသီးသီးကို တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူအများစု၏ သဘောဆန္ဒအရ ဝင်ရောက်ဖြေဆိုနိုင်သည်ဟု ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာနက မတ်လ ၁၈ ရက်နေ့က ညွှန်ကြားထားသည်။

ထားဝယ်ခရိုင်လျှပ်စစ် ဘယ်အခြေအနေဆိုက်နေသလဲ

တိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် အတူ GGS ကုမ္ပဏီတာဝန်ရှိသူများ ဖမ်းဆီးခံရ ပြီးနောက် ထားဝယ်ခရိုင် လျှပ်စစ်ပြဿနာကို ကိုင်တွယ်ရန် ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ အထောက်အကူပြု ဗဟိုကြီးကြပ်မှုကော်မတီကို မတ်လနှောင်း ပိုင်းက စတင်ဖွဲ့စည်းလိုက်သည်။ တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးက ဥက္ကဋ္ဌအဖြစ်...

တနင်္သာရီတိုင်းတွင် လေးလအတွင်း ကိုဗစ်လူနာ ငါးရာကျော်တွေ့

တနင်္သာရီတိုင်းတွင် ဖေဖော်ဝါရီလမှ ဇွန်လဆန်းအထိ လေးလကျော်ကာလအတွင်း ကိုဗစ်ပိုးတွေ့လူနာ ငါးရာကျော်ရှိပြီဖြစ်ကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ လက်ရှိတွင် တိုင်းအတွင်း ဆေးရုံတက်ရောက်ကုသနေသည့် လူနာ ၁၂၈ ဦးရှိပြီး မနေ့ကတစ်ရက်တည်းတွင် ပိုးတွေ့လူနာသစ် ၂၂ ဦးတွေ့ရှိကြောင်း အထက်ပါဌာနမှ...