ဥတ္တူရွာတွင် ရုတ်တရက်ရေးကြီး၊ နေအိမ်ထဲ ရေဝင်

0
695

သရက်ချောင်းမြို့နယ် ဥတ္တူရွာတွင် ယနေ့ည ၈ နာရီဝန်းကျင်မှစပြီး ထူးထူးခြားခြား ရုတ်တရက်ရေကြီးလာသဖြင့် နေ‌အိမ်တွေထဲ ရေဝင်နေကြောင်း သိရသည်။

ည ၁၁ နာရီအချိန်အထိ ရေတဖြည်းဖြည်းမြင့်တက်နေဆဲဖြစ်ပြီး လယ်နှင့်နီးသည့်နေအိမ်များ ညတွင်းချင်း ရေလွတ်ရာပြောင်းရွေ့နေရကြောင်း ယင်းရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။

“ရေက အရင်ကလည်းကြီးဖူးပါတယ်။ ဒါပေမယ့် အခုလို ရေကြီးတဲ့ပုံစံမျိုးတော့ တခါမှကို ကျွန်မတို့ရွာမှာ မကြုံဖူးဘူး” ဟု ၎င်းက ပြောသည်။

ရေစကြီးလာသည့်အချိန်က မိုးဖွဲဖွဲသာရွာနေရာမှာ ယခုအခါ မိုးပိုသည်းလာသဖြင့် ရေထပ်တက်နိုင်ခြေရှိကြောင်း ဆိုသည်။

ရေမြင့်ခန့်မှန်း လေးပေမှ ငါးပေအထိ မြင့်တက်နေသည့် နေရာများရှိနေပြီး အထူးသဖြင့် လယ်နှင့်နီးသည့် နေရာများတွင် ယင်းကဲ့သို့မြင့်တက်နေသည်ဟုဆိုသည်။

ဖြစ်နိုင်ပါက လယ်အနီးနားနေသူများကို ညတွင်းချင်း ရေလွတ်ရာနေရာသို့ပြောင်းရွှေ့ပေးရန် လိုအပ်နေကြောင်း ဆိုသည်။

မကြုံစဖူး ယင်းကဲ့သို့ ရုတ်တရက်ရေမြင့်တက်လာသဖြင့် ရွာသာများ စိုးရိမ်လျှက်ရှိကြောင်း သိရသည်။