ခရိုင်၊ မြို့နယ်အဆင့် လူငယ်ရေးရာ ကော်မတီများကို ခြောက်လအတွင်းဖွဲ့မည်

တိုင်းအတွင်း ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် လူငယ်ရေးရာကော်မတီများကို ခြောက်လအတွင်း ဖွဲ့စည်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ တွဲဖက်အတွင်းရေးမှူး ကိုဟိန်းထက်က ပြောသည်။ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ကော်မတီများတွင် လူငယ်ကိုယ်စားလှယ် ၆၀ ရာခိုင်နှုန်းနှင့် အစိုးရကိုယ်စားလှယ် ၄၀ ရာခိုင်နှုန်း ပါဝင်မည်ဖြစ်ပြီး ဇန်န၀ါရီ လ ၁၆ ရက်မှ လာမည့်အချိန်ခြောက်လ...

ထားဝယ်တွင် တိရစ္ဆာန်ရောဂါရှာ ဖွေရေးဓာတ်ခွဲခန်း လာမည့်နှစ် စသုံးနိုင်မည်

ထားဝယ်မြို့တွင် တည်ဆောက်ထားသည့် တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတွင် ရောဂါရှာဖွေရေးလုပ်ငန်းများကို လာမည့်နှစ်တွင်စတင် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန(တိမွေးကု)ထံမှ သိရသည်။ တိုင်းဒေသကြီး တိမွေးကုရုံးဝင်း အတွင်းရှိ တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ် ခွဲခန်းအဆောက်အအုံကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ထားသည်။ လက်ရှိတွင် ရောဂါရှာဖွေရေးဓာတ် ခွဲခန်းသုံးပစ္စည်းများ ဝယ်ယူရန် တိုင်းအစိုးရ ဘတ်ဂျက်မှ ငွေကျပ်သိန်း...

ကျေးရွာပေါင်း၁၇၀ တွင် တစ်အိမ်သုံးဆိုလာ တစ်သောင်းနီးပါးတပ်ဆင်မည်

ယခုဘဏ္ဍာနှစ်တွင် တနင်္သာရီတိုင်း ရှိ ကျေးရွာပေါင်း ၁၇၀ တွင် တစ်အိမ်သုံး ဆိုလာအစုံရေ တစ်သောင်းနီးပါး တပ်ဆင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။ ဘက္ထရီအိုး၊ အင်ဗာတာ၊ မီးကြိုး၊ မီးသီးငါးလုံးနှင့် ဆက်စပ်ပစ္စည်များ အပါအဝင် တစ်အိမ်သုံး ၆၀ ဝပ် အမျိုးအစား ဆိုလာ...

မသန်စွမ်းသူများ သွားလာမှုအဆင်ပြေစေရေး ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်း

တနင်္သာရီတိုင်းအတွင်း မသန်စွမ်းသူများ သွားလာမှုအဆင်ပြေစေရေး ပူးပေါင်းညှိနှိုင်းရေးအဖွဲ့(တိုင်း)ကို ဇန်နဝါရီ လ ၁၆ ရက်က ဖွဲ့စည်းလိုက်ကြောင်း မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ တွဲဖက် အတွင်းရေးမှူးနှင့် တနင်္သာရီတိုင်း လူငယ်ရေးရာကော်မတီ ပြည်ထောင်စုကိုယ်စားလှယ် ကိုဟိန်းထက်က ပြောသည်။ တိုင်းအစိုးရရန်ပုံငွေဖြင့် တည်ဆောက်မည့် အများပြည်သူအဆောက်အအုံများတွင် မသန်စွမ်းသူများ အကျုံးဝင်အသုံး ပြုနိုင်မည့် ၀ှီးချဲသွားလမ်းကဲ့သို့ နေရာများ...

ကံပေါက်တွင် ဧကငါးသောင်းကျော် ဓာတ်သတ္တု စမ်းသပ်တိုင်းတာခွင့်ပြုရန် ဒယ်လ်ကိုကုမ္မဏီ အဆိုပြုမှု မြေပြင်အခြေအနေ စိစစ်ဆဲ

ကံပေါက်ဒေသရှိ မြေဧက ငါးသောင်းကျော်တွင် ဓာတ်သတ္တုစမ်းသပ်တိုင်းတာခွင့်ပြုရန် ဒယ်လ်ကိုကုမ္ပဏီက အဆိုပြုမှုကို မြေပြင်အခြေအနေ စိစစ်ဆဲဖြစ်ကြောင်း တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ဇန်န၀ါရီ ၇ ရက်တွင် ပြောသည်။ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ရေဖြူမြို့နယ်၊...

တိုင်းအစိုးရအဖွဲ့၏ ဦးစားပေး လုပ်ငန်း ၁၂ ခုကို ထုတ်ပြန်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က လက်ရှိဘဏ္ဍာရေးနှစ်တွင် ဦးစားပေး လုပ်ဆောင်မည့် လုပ်ငန်း ၁၂ ခုကို ထုတ်ပြန်ခဲ့သည်။ ဇန်န၀ါရီလ ၁၇ ရက်က ပြုလုပ်သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး၏ ရသုံးခန့်မှန်းခြေငွေစာ ရင်းဆိုင်ရာ အချက်အလက်များစာစောင်တွင် ထည့်သွင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်က ဦးစားပေးလုပ်ငန်း ၁၄ ခုကို သတ်မှတ်ခဲ့ပြီး လက်ရှိဘဏ္ဍာနှစ်တွင်...

ထားဝယ် ပညာရေးကောလိပ် မူလတန်းဆရာအတတ်ပညာ သင်တန်းသား ငါးရာခေါ်မည်

၂၀၁၉ ခုနှစ် ပညာသင်နှစ်အတွက် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ် ပညာသင်တန်းအတွက် သင်တန်းသားငါးရာ ခေါ်ယူမည်ဖြစ်ကြောင်း ထားဝယ်ပညာရေးကောလိပ်ထံမှ သိရသည်။ ယမန်နှစ်က သင်တန်းသား ၂၀၀ ခေါ် ယူခဲ့ပြီး လာရောက်လျှောက်ထားသူ ၁၃၀၀ ဦး ကျော်ရှိကြောင်း ထားဝယ်ပညာရေးကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီသန်းက ပြောသည်။ “ဆရာလိုအပ်ချက် တအားများလို့၊ ကျောင်းတွေမှာ...

ရန်ပုံငွေအခက်အခဲကြောင့် ထားဝယ်မြစ်ကူး တံတားအသစ် မဆောက်ဖြစ်သေး

ထားဝယ်မြို့နယ်နှင့် လောင်းလုံး မြို့နယ်ကို ဆက်သွယ်မည့် ထားဝယ်မြစ်ကူး တံတားအသစ်ကို ရန်ပုံငွေအခက်အခဲကြောင့် ယခုဘဏ္ဍာနှစ်တွင် မဆောက်နိုင်သေးကြောင်း လမ်းဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းမင်းထွဋ်က ပြောသည်။ တံတားအသစ်ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ရန်လျာထားသော်လည်း ရန်ပုံငွေအခက်အခဲကြောင့် မဆောက်ဖြစ်သေးကြောင်း ဦးဝင်းမင်းထွဋ်က ပြောသည်။ အဆိုပါ လမ်းတွင် ပြည်သူများ သွားလာမှုများပြားသည့်အတွက် တံတားအသစ်...

တယ်လီနော Broadband ကို သရက်ချောင်းနေ သုံးစွဲသူတစ်ဦး တိုင်ကြား

ကြော်ငြာထားသည့်အတိုင်း ၀န်ဆောင် မှုမရရှိခြင်းကြောင့်ဟုဆိုကာ တယ်လီနော Broadband  သုံးစွဲသည့် သရက်ချောင်း မြို့နယ်အတွင်း နေထိုင်သူတစ်ဦးက တိုင်ကြားထားကြောင်း စားသုံးသူရေးရာ ဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းထွန်းက ပြောသည်။ အဆိုပါ တယ်လီနော Broadband သုံးစွဲသူက နေပြည်တော်ရှိ စားသုံးသူ အကာအကွယ်ပေးရေး ဗဟိုကော်မတီကို အွန်လိုင်းမှတစ်ဆင့်...

တောင်မင်းပြောင်ရွာက တာဝါတိုင် သတ်မှတ်ရက် ကျော်သည်အထိ မပြောင်းပေးသေးဟုဆို

လောင်းလုံးမြို့နယ် တောင်မင်းပြောင်ရွာရှိ တယ်လီနောဆက်သွယ်ရေး တာဝါတိုင်သည် ပြောင်းပေးရန် သတ် မှတ်ထားသည့်ရက်ကျော်နေသော်လည်း ပြောင်းရွှေ့ပေးခြင်းမရှိသေးကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။ ယင်းဖုန်းတိုင်ကို လွန်ခဲ့သည့် သုံးနှစ် ခန့်ကတည်းက စိုက်ထူထားခြင်းဖြစ်ပြီး ကျန်းမာရေး ထိခိုက်ခြင်းများ ရှိလာသည်ဟုဆိုကာ အဆိုပါဖုန်းတိုင်နားတွင် နေထိုင်သူ ဆယ်ဦးခန့်က ၂၀၁၈ ခုနှစ် မတ်လခန့်...