video

ညစျေးတန်း၊ အလင်းဆိုင်နှင့် ငယ်ကညများ

ထားဝယ်မြို့၏ လွမ်းမောဖွယ် ညစျေးတန်းများ၊ မိုးအလင်းရောင်းကြသည့် အလင်းဆိုင်များမှာ မဆလ ခေတ်မှစတင်ပြီး တည်ရှိနေခဲ့သည်။ ပုံစံနေရာများ ပြောင်းသွားသော်လည်း ယခုအချိန်အထိ ရှိနေသော ညစျေးတန်းနှင့် အလင်းဆိုင်များမှာ အဝေးရောက် ထားဝယ်သားများအတွက် လွမ်းမောဖွယ်ပင်။ ၂၀၁၇ နှစ်ဆန်းပိုင်းက...
video

ဆလုံနတ်ပွဲ

ဆလုံမျိုးနွယ်စု ၁၈၀၀ မပြည့်တော့ဟုဆိုသည်။ ဆလုံမျိုးနွယ်စု၏ တစ်ဦးတည်းသော နတ်ဆရာအိုကြီးကာရှားက သူ့နေရာဆက်ခံမည့် နတ်ဆရာမရှိတော့ဟုဆိုလိုက်သည်။ ဆလုံ(မော်ကင်း) လူမျိုးတို့၏ စိတ်ဝင်စားဖွယ် နတ်ပွဲအကြောင်းကို ယခုအပတ် ဓလေ့သမိုင်း အစီအစဉ်တွင် တင်ဆက်လိုက်ပါသည်။
video

တနင်္သာရီတိုင်းက နတ်ကိုးကွယ်မှု

ထားဝယ်၊ တနင်္သာရီ ဆိုသည့် ရှေးတိုင်းပြည်ကြီးအဖြစ် ထင်ရှားခဲ့သည့် တနင်္သာရီတိုင်းအတွင်း ၃၇ မင်းကိုးကွယ်မှု အလွန်နည်းပါးသည်။ သို့သော် ထားဝယ်ဒေသတွင် ထင်ရှားသည့် နတ်များရှိသည် ရှင်ဂီး(ရှင်းကြီး - ရွာရှင်) နတ်ပွဲဆိုလျှင် ရွာလုံးကျွတ်၊ နယ်လုံးကျွတ်လုပ်ကြသည်။
video

စန္ဒမာလာနှင့် တိုင်းတစ်ပါးသား ရင်ခွင်ရောက် မြိတ်မြို့က တော်ဝင်နှင်းဆီ

စန္ဒမာလာဟုဆိုလိုက်ပါက မောရစ်ကောလစ်ရေးပြီး လူထုဒေါ်အမာ ဘာသာပြန်ထားသည့် နာမည်ကြီးဝတ္ထုဆိုသည်ကို လူတိုင်းသိရှိကြလိမ့်မည်ထင်သည်။ သို့သော် စန္ဒမာလာထဲက အဓိကဇာတ်ဆောင်တွေက အပြင်မှာတစ်ကယ်ရှိသည်ဟုဆိုလျှင်တော့ အံသြသွားမည်ထင်သည်။ စာရေးသူ မောရစ်ကောလစ်က သူ့ဝတ္ထုမှာ စိတ်ကူးယဉ် သက်သက်ဖြင့်ပုံဖော်ထားသည်ဟု...
video

တနင်္သာရီသားတိုင်း သိရမည့် နဂါးတံဆိပ်

သမိုင်းစဉ်များကို လေ့လာကြည့်ကြလျှင် တနင်္သာရီသားနှင့် တနင်္သာရီနဂါးတံဆိပ်ကို ခွဲခြား၍ မရနိုင်ပေ။ တနင်္သာရီတိုင်းအမည် ဆင်းသက်လာသော တနင်္သာရီ နဂါးလှေတော် အခြေခံသမိုင်းကို တနင်္သာရီ တိုင်းသား မှန်ရင်သိကို သိရမည်ဖြစ်သည်။ ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် ‘တနင်္သာရီနဂါးတံဆိပ်’...
video

တနင်္သာရီ သမိုင်းသစ် ရေးရအောင်

ရှေးခေတ်အုပ်ချုပ်ပုံအရ ကိုယ့်ဒေသကိုယ်အုပ်ချုပ်တာ ဖြစ်ပါတယ်။ တနင်္သာရီမှာ တနင်္သာရီမင်း၊ ထားဝယ်မှာ ထားဝယ်မင်း ဆိုပြီးရှိပါတယ်။ မြို့ပြနိုင်ငံတွေဖြစ်ပါတယ်။ တနင်္သာရီတိုင်းအကြောင်း သမိုင်းအထောက်အထားတွေနဲ့ တင်ပြထားတဲ့ ‘တနင်္သာရီ သမိုင်းသစ် ရေးရအောင်’ ဆောင်းပါးကို ယခုအပတ် ‘ဓလေ့ သမိုင်း’...
video

မန္တလေးမြို့တော်က ထားဝယ်ဓမ္မာရုံ

ထားဝယ်ဒေသကလူတွေ မရှိသလောက်ရှားပါးတဲ့ မန္တလေးမြို့တော်ကြီးမှာ ထားဝယ်ဓမ္မာရုံကြီး တစ်ခုရှိနေပါတယ်။ မန္တလေးမြို့ နန်းမြို့တော်ကြီးနဲ့ နီးနီးကပ်ကပ်နေရာမှာ ထားဝယ်ဓမ္မာရုံ ဘာကြောင့် တည်ရှိနေတာပါလဲ။ ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်မှာ ဒီအကြောင်းအရာကို ဖော်ပြထားပါတယ်။
video

ထားဝယ်ဒေသက ပွာကညော

အရှေ့တောလို့ခေါ်တဲ့ ထားဝယ်ဒေသ အရှေ့ဘက်မှာ နေကြတဲ့ပွာကညောဆိုတဲ့ လူမျိုးတွေအကြောင်း ဒီအပတ်ရဲ့ ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာတင်ဆက်ပေးလိုက်ပါတယ်။ ဒီလူမျိုးတွေက ထားဝယ်အရှေ့ဘက်သာ မဟုတ်ပါဘူး။ တနင်္သာရီရိုးမတစ်လျှောက်လုံးကနေ မြောက်ဘက် ရှမ်းပြည်အထိ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးရိုးမမှာလည်းတွေ့ရပါတယ်။
video

ကိုင်ဖမား

ထိုင်းနိုင်ငံမှာ နေရာအတော်များများမှာ တွေ့ရတာက ကြက်နှစ်ကောင်ရုပ်တုတွေ ဒီကြက်ရုပ်တွေကို နတ်ကွန်းတွေ၊ အထင်ကရအဆောက်အဦတွေ၊ ကိုးကွယ်ယုံကြည်ရာ နေရာတွေရှေ့မှာ အများအားဖြင့် တွေ့နိုင်ပါတယ်။ ထားဝယ်မှာဆိုလည်း ထားဝယ်ရိုးကြက်ကိုးလို့ အဆိုရှိကြပါတယ်။ လောင်းလုံးမြို့နယ် သဗျာကျေးရွာမှာ နတ်သုံးပါး အရုပ်နဲ့ နတ်စင်ရှိပါတယ်။...
video

ထားဝယ်သူ ဆင်ဖြူမလေးနဲ့ ဆင်ဖြူမရှင် မိဘုရားကြီး

ရတနာပုံခေတ်မှာ မင်းတုန်းမင်းတရားကြီးထံကို ထားဝယ်နယ်ကနေ ဆင်ဖြူတော်တစ်စင်း ဆက်သဖူးပါတယ်။ ဒီထားဝယ်နယ်က ရတနာဆင်ဖြူတော်မလေးနဲ့ ဆင်ဖြူမရှင် မိဘုရားကြီးတို့ အကြောင်းကို သမိုင်းရှုထောင့်ကနေ စိတ်ဝင်စားဖွယ်တင်ပြလိုက်ပါတယ်။ တနင်္သာရီတိုင်းရဲ့ ခမ်းနားလှတဲ့ သမိုင်းတွေ၊ ဓလေ့တွေကို ပုံမှန်ဖော်ပြနေတဲ့ Dawei Watch...