video

မြိတ်လေယာဉ်ပြန်ပေးဆွဲမှုကြီး

လေယာဉ်ပြန်ပေးဆွဲသွားသော ရဲရင့်နှင့်ရဲသီဟတို့နှစ်ဦးကို ဓားစာခံမိသားစုဝင်များနှင့် နဝတ အာဏာပိုင်များမှအပ မြို့သူမြို့သား အားလုံးလိုလိုက သူရဲကောင်းများဟု မသတ်မှတ်တာတောင်အကြမ်းဖက်သမားများဟု မယူဆကြပေ။ ၁၉၈၉ ခုနှစ်က မြိတ်မြို့တွင်ဖြစ်ပွားခဲ့သော လေယာဉ်ပြန်ပေးဆွဲမှုအကြောင်းကို ယခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် ဖော်ပြပေးလိုက်ပါသည်။
video

ထားဝယ်မြို့ဟောင်းများကပြောတဲ့ ထားဝယ် လူမျိုး

သမိုင်းမဝင်၊ စာမတင်၊ ရွာပင်မခေါ်ရ ဟူသော စကားရပ်အရပင် မည်သည့်မြို့ မည်သည့်ရွာဖြစ်စေ သမိုင်းကရှိစမြဲပင်။ သမိုင်းဆိုသည်ကား ပျောက်ပျက်ကောင်းသည့် အရာမဟုတ်ပေ။ သမိုင်းဆိုလျင် သိရမည်၊ သိအောင်ပြုရမည်ဟု သမိုင်းပညာရှင်များက မိန့်ဆိုခဲ့ကြသည်။ သမိုင်းအစဉ်အလာကြီးသည့် တနင်္သာရီတိုင်းတွင်လည်း တန်ဖိုးဖြတ်မရသည့်...
video

မြိတ်မြို့ရဲ့ မူလနာမည် ဘာလဲ

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ ‘ဓလေ့ သမိုင်း’ အစီအစဉ် တင်ဆက်ဖို့ အချိန်ရောက်ရှိလာပြန်ပါပြီ။ ဒီတစ်ပတ်အစီအစဉ်မှာတော့ လှပပြီး စိတ်ဝင်စားဖွယ် သဘာဝနေရာများစွာ ရှိနေတဲ့ နာမည်ကျော် မြိတ်မြို့ဖြစ်ပေါ်လာပုံအကြောင်းကို တင်ဆက်ထားပါတယ်။
video

‘ထားဝယ်လုံချည်အကြောင်း သိသမျှ’

‘ဓလေ့ သမိုင်း’ အစီအစဉ်တင်ဆက်ဖို့အချိန် ပြန်လည်ကျရောက်လာပါပြီ။ ဒီတစ်ပတ် အစီအစဉ်မှာတော့ ရှေးယခင်ကတည်းက ထားဝယ်လူမျိုးတို့ အမြတ်တနိုး ဝတ်ဆင်ကြတဲ့ ထားဝယ်လုံချည်အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ သမိုင်းအစဉ်အလာကြီးတဲ့ တနင်္သာရီတိုင်းမှာ တန်ဖိုးဖြတ်မရတဲ့ သမိုင်းဖြစ်ရပ်တွေ၊...
video

‘ပူလယက္ခနှင့် မိမ္မမြို့’

‘ပူလယက္ခ’ ‘မိမ္မမြို့’ ဆိုတာကို မသိရင် တနင်္သာရီတိုင်းသား မမည်သေးပါဘူးလို့ ပြောကြတယ်။ Dawei Watch ပရိသတ်တွေကော သိကြလား…….. Dawei Watch မီဒီယာကနေ စီစဉ်တင်ဆက်နေတဲ့ ဒီတစ်ပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာ...
video

‘ရှင်ကိုးရှင်’ အကြောင်းကို သမိုင်းရှုထောင်မှ ရဲရဲတင်းတင်း တင်ပြခြင်း

‘ရှင်ကိုးရှင်’ ဆိုတာ ဘယ်အချိန်ကစပေါ်တာလဲ၊ ဘာကြောင့်ပေါ်လာတာလဲ၊ ‘ရှင်ကိုးရှင်’ ပေါ်လာတဲ့အတွက် ဘယ်သူတွေ အကျိုးရှိနေလဲ၊ ဘာတွေဆုံးရှုံးသွားရလဲ ဆိုတာကို သမိုင်းရှုထောင်မှ ရဲရဲတင်းတင်း တင်ပြထားတာကို နားဆင်နိုင်ပါပြီ။
video

ကော့သောင်းက ဘုရားဌာန်

သဘာဝကျောက်ဂူတွေကို စိတ်ဝင်စားသူတွေအတွက် မဖြစ်မနေသွားသင့်တဲ့ ဘုရားဌာန်တောင်က မြန်မာနိုင်ငံတောင်ဘက်စွန်းက ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်မှာ ရှိနေတာပါ။ ဘုရားဌာန်တောင်က ကျောက်ဂူတွေမှာ ခေတ်လက်ရာ အမျိုးမျိုးရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေကိုလည်း လေ့လာဖူးမျှော်နိုင်ပါသေးတယ်။ ဒါကြောင့် ရှေးဟောင်းသမိုင်း...
video

တိုင်းကိုသာသိပြီး မြို့ကိုမသိသော “မြို့”

တနင်္သာရီကို လူတိုင်းသိပေမယ့် တိုင်းအနေနဲ့သာ သိကြပါတယ်။ တနင်္သာရီမြို့ဆိုရင် လူတော်တော်များများက ကြောင်တောင်တောင် ဖြစ်သွားတတ်ပါတယ်။ ဒီအပတ် Dawei Watch ရဲ့ ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာ ရှေးဟောင်းအမွေအနှစ် ယဉ်ကျေးမှုများစွာ၊ သမိုင်းကြောင်း မြောက်မြားစွာဖြင့်...
video

ထားဝယ်မြို့က ရွှေကျောင်းကြီး

သမိုင်းဝင်ရွှေကျောင်းကြီး ထားဝယ်မြို့မှာရှိတယ်ဆိုတာ မသိတဲ့သူတွေရှိသလို သိသူတွေကလည်း ထဲထဲဝင်ဝင် မရှိလှပါဘူး။ ထဲထဲဝင်ဝင် သိပါတယ်ဆိုတဲ့သူ အတော်နည်းနိုင်ပါတယ်။ ဒါကြောင့် ဒီလိုရှေးဟောင်းသမိုင်းဝင်ရွှေကျောင်းကြီး အကြောင်းကို သိရှိစေဖို့ Dawei Watch ရဲ့ ‘ဓလေ့ သမိုင်း’ အစီအစဉ်ကနေ...
video

ထားဝယ်နယ်သား မီးပုံးပျံ ဦးကျော်ရင်ဆိုတာ

မီးပုံးပျံ ဦးကျော်ရင်လို့ ပြောလိုက်ရင် မသိသူမရှိကြပါဘူး။ ဒါပေမဲ့ ကျောင်းဖတ်စာအုပ်ထဲ ပါသလောက်ထဲကမှ အနည်းအကျဉ်းလောက်သာ မှတ်မိနေကြတာပါ။ တစ်ကယ်တော့ မြိတ်အရေးပိုင် ကမ္ဘာကျော် စာရေးဆရာကြီး မောရစ်ကောလစ် ( Maurice Collis ) ကတောင်...