video

တံခါးပေါက်များနဲ့ နေပြည်တော်

ထားဝယ် သာဂရမြို့ဟောင်းကို ခရစ် ၇၅၁ ခုလို့ တွေ့ရတဲ့အတွက် ထိုင်းနိုင်ငံ သမိုင်းတွေအရ ဒွါရဝတီ-မွန် အကြီးအကျယ်ထွန်းကားချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ဒီအကြောင်းကို ယခုအပတ် Dawei Watch ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာ တင်ဆက်ပေးလိုက်ပါတယ်။
video

မြိတ်မြို့မှ သင်္ချိုင်းစာနှင့် ဆင်မြူရယ်ဝှိုက်

၁၉၇၇ ခုနှစ် ဆရာကြီးမြသန်းတင့်တို့ မြိတ်ကိုရောက်စဉ် ကမ်းနားလမ်းမှ ပန်းခြံလေး၏ ထောင့်တစ်နေရာတွင် မေရီပိုဗေး၏ သင်္ချိုင်းစာက သောက်ရေအိုးစင်၏ အောက်ခံခုံလေးအဖြစ်ကို ရောက်ရှိနေပြီဖြစ်သည်။ တနင်္သာရီတိုင်း၏ ရှေးဟောင်းသမိုင်းနေရာများနှင့် တန်ဖိုးထားမြတ်နိုးဖွယ် ရိုးရာဓလေ့များအကြောင်းကို Dawei Watch မီဒီယာက...
video

ပုံရိပ်များ၏ ကောက်ကြောင်း

ယခုခေတ်တွင်တော့ ဓာတ်ပုံတစ်ပုံရိုက်တတ်ရန် အထွေအထူး သင်နေစရာမလိုတော့ ကလေးကအစ ဓာတ်ပုံရိုက်တတ်နေပြီ နည်းပညာတိုးတက်မှုက အလှဓာတ်ပုံကို အခက်အခဲမရှိ ရိုက်လို့ရရန် လုပ်ပေးလိုက်သည်။ ဒီဂျစ်တယ်နည်းပညာခေတ် မတိုင်ခင်ကမူ ဖလင်များဖြင့် ဓာတ်ပုံရိုက်ကြရသလို ဓာတ်ပုံတစ်ပုံ ရဖို့ကလည်း အမှောင်ခန်းထဲတွင် ခက်ခက်ခဲခဲ...
video

ထားဝယ်သူ ဆင်ဖြူမလေးနဲ့ ဆင်ဖြူမရှင် မိဘုရားကြီး

ရတနာပုံခေတ်မှာ မင်းတုန်းမင်းတရားကြီးထံကို ထားဝယ်နယ်ကနေ ဆင်ဖြူတော်တစ်စင်း ဆက်သဖူးပါတယ်။ ဒီထားဝယ်နယ်က ရတနာဆင်ဖြူတော်မလေးနဲ့ ဆင်ဖြူမရှင် မိဘုရားကြီးတို့ အကြောင်းကို သမိုင်းရှုထောင့်ကနေ စိတ်ဝင်စားဖွယ်တင်ပြလိုက်ပါတယ်။ တနင်္သာရီတိုင်းရဲ့ ခမ်းနားလှတဲ့ သမိုင်းတွေ၊ ဓလေ့တွေကို ပုံမှန်ဖော်ပြနေတဲ့ Dawei Watch...
video

မြိတ်ဓလေ့ ကွမ်းမာအုပ်စောင့် မင်္ဂလာ

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများတွင် ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဓလေ့များစွာရှိသည်။ ရိုးရာဓလေ့များမှာ စိတ်ဝင်စားဖွယ်ကောင်းလှပြီး မြတ်နိုးတန်ဖိုးထားဖွယ်များဖြစ်သည်။ သို့သော် မြို့ပြယဉ်ကျေးမှု လွှမ်းမိုးလာသည်နှင့်အမျှ ရိုးရာဓလေ့ အတော်များများမှာ ပျောက်ကွယ်နေပြီဖြစ်သည်။ မြိတ်ဒေသတွင်လည်း စိတ်ဝင်စားဖွယ် ရိုးရာဓလေ့များစွာရှိပြီး...
video

အရိပ်ကပွဲ ဘင်လည်ကားနှင့် တီဗွီဖန်သား အလွမ်းများ

အာဝဇ္ဇာန်းကောင်းကောင်းနဲ့ ဇာတ်ကား၊ ဒါရိုက်တာ၊ ဝတ္ထု၊ ဇာတ်ညွှန်း၊ မင်းသား၊မင်းသမီး၊ ဇာတ်ပို့ ဇာတ်ရံ၊ လူကြမ်းပါမကျန် အမွှန်းတင်ပြီး အပြောရွှင်ရွှင်နဲ့ ကြော်ငြာနေတဲ့ အသံကိုကြားတာနဲ့ ကစားနေတာကို ရပ်ပြီး ဘင်လည်ကားနောက် ကလေးတွေ အပြေးလိုက်ကြပါပြီ။ ခေတ်ကတော့...
video

ထားဝယ်မြို့ကို ဘယ်လိုတည်ခဲ့တာလဲ

မြို့စား မင်းနဲလှ သာဂရမြို့မှ ပြောင်းရွှေ့ပြီး ထားဝယ်မြစ်အရှေ့ဘက်ခြမ်းမှာ ထားဝယ်မြို့ကို သာယာဝတီဆိုတဲ့ မြို့အမည်နဲ့ တည်ခဲ့တာပါ။ ထားဝယ်မြို့ကို သာယာဝတီဆိုတဲ့ အမည်နဲ့ ဘာကြောင့် တည်ခဲ့တာပါလဲ။ အဲဒီကနေ ထားဝယ်ဆိုတဲ့အမည်နဲ့ ဘယ်လိုရှင်သန်လာခဲ့တာလဲဆိုတဲ့အကြောင်း တင်ဆက်ပေးထားပါတယ်။ Dawei...
video

မြစ်ဖျား‌ရေကို လှမ်းမျှော်ခြင်း

‘ထားဝယ်စကားဆိုတာ တစ်ကယ်တော့ အသံပြောင်းနေတဲ့ မြန်မာစကားတွေပါကွာ’ ဟု အလွယ်ပြောခဲ့သူများအား မြန်မာစကားတွင် လုံးဝမရှိခဲ့သော ထားဝယ်အသံများအကြောင်း ပြောပြချင်သည်။ လာနားထောင်လှည့်ပါ။ ထားဝယ်လူမျိုးများတွင် ကိုယ်ပိုင်ဘာသာစကားရှိသည်။ ရှိခဲ့သည်။ ဆက်ရှိနေရန်မှာ မျိုးဆက်သစ် ထားဝယ်သားများ၏ တာဝန်ဖြစ်သည်။
video

ယောနဲ့ ထားဝယ်က ဆွေမျိုးတွေလား………

ထားဝယ်သားတွေကို ယောနယ်သားတွေနဲ့ မှားလေ့ရှိကြပါတယ်။ ဘာကြောင့် ဒီလိုဖြစ်တာပါလဲ။ ယောစကားအချို့နဲ့ ထားဝယ်စကားအချို့ တူနေတာကလည်း စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။ Dawei Watch ပရိသတ်တွေကကော ဘယ်လိုထင်ပါသလဲ။ ယောနယ်ကလားလို့ အမေးခံရတာမျိုးကော ကြုံဖူးကြပါသလား။
video

ဘီအိုင်အေ ကော့သောင်း ရောက်စဉ်က

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်ဝင် တပ်မှူးတွေ ယိုးဒယားကနေ မြန်မာနိုင်ငံကို ဖာပွန်၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်စတဲ့ စစ်ကြောင်းကြီး ၄ ကြောင်းခွဲပြီး ဝင်ရောက်ခဲ့ကြပါတယ်။ ဘီအိုင်အေ အဖွဲ့ကော့သောင်း ရောက်စဉ်က အခြေအနေတွေကို သမိုင်းမှတ်တမ်းအဖြစ်...