ရာဇ၀င်ထဲက မင်းသမီးကို ပြန်လည်ရှာဖွေခြင်း (၂)

KNU စစ်ဆေးရေး ဂိတ်အလွန်ကတည်းက တဖြေးဖြေး တက်လာလိုက်တဲ့ တောင်တန်းဟာ ဆုံးတယ်လို့ကိုမရှိပါဘူး။တောကလည်း တဖြေးဖြေးပိုနက် လာတယ်လို့ ထင်ရပါတယ်။လမ်းက လဲမြေနီလမ်းကြမ်း ဆိုတော့ ဖုန်တထောင်းထောင်းပေါ့။ဒါပေမယ့် ဘာဖြစ်ဖြစ် ထားဝယ်မြို့ဝန်းကျင်မှာမြင်ခွင့်မရနိုင်တော့တဲ့ သဘာဝ သစ်တောကြီးကို ကားလမ်းတဖက်တချက်မှာမြင်နေရတာကိုက တကယ့်ထူးခြားတဲ့ရသ တခုပါပဲ။ ‘’ရှေ့ကတောင်အမည်က ဆင်ချီးပန်းတောင်၊ဒီဒေသမှာအမြင့်ဆုံးပဲ။ဂီယာကို သတိထားကားဆရာ’’ ဆိုပြီးကျနော်ဘေးမှာ ထိုင်နေတဲ့...

ရာဇ၀င်ထဲက မင်းသမီးကို ပြန်လည်ရှာဖွေခြင်း (၁)

ပထမအခေါက်ပြန်တော်ပြန်ရီးစဉ်ကတည်းကဒီနေရာဆီမဖြစ်ဖြစ်အောင်သွားမယ်ဆိုပြီးစိတ်ကူးထားခဲ့၊ကြေညာထားခဲ့ပေမဲ့  အခြေနေအရပ်ရပ်ကြောင့်မသွားဖြစ်ခဲ့ပါ။ဒီတခေါက်မှာလည်းကန်ချနပူရီ-ဖုနန်းလွန်-ထီးခီးလမ်းကနေ၀င်ပြီးမင်းသမီးခစန်းဆီဝင်မယ်လို့စီစဉ်ထားပေမဲ့အထမမြောက်ခဲ့ပြန်ပါဘူး။ ဒါပေမယ့်သွားချင်စိတ်ကတော့ကြီးစိုးနေဆဲ။ ခက်နေတာကမင်းသမီးစခန်းဆိုတာဟာပြီးခဲ့တဲ့ခရီးစဉ်နှစ်ခေါက်အတွင်းဘုရားဖူးအလည်သွားခဲ့သလိုမျိုးအများသွားနေကြ (Tourist Attraction) ကမ္ဘာလှည့်ခရီးသည်တွေစိတ်ဝင်စားတဲ့နေရာမျိုးမဟုတ်။ကန့်သတ်နယ်မြေလား၊စစ်တပ်ကထိမ်းချုပ်ထားသလား၊ KNU ကရင့်အမျိုးသားအစည်းရုံးကထိမ်းချုပ်ထားသလား၊ဘယ်အဖွဲ့အောက်မှာရှိနေသလဲဆိုတာကိုအသေချာဘယ်သူမှမသိ။ ဒီလို ဘာမှမသိတဲ့နေရာတခုကို အရဲစွန့်သွားဖို့ဆိုတာ ဘယ်လွယ်ပါ့မလဲ။ မိဘတွေကို ဖွင့်ပြောလိုက်ရင် မသွားဖို့ တားမှာအသေအချာပါပဲ။ ပထမ အခေါက်တုန်းကလဲ အဲဒီလိုတိုင်ပင်မိလို့ အတားခံခဲ့ရပြီးပြီလေ။ ဒီတော့ ''လူဆိုး တွေနဲ့မောင်တိုင်ပင်'' ဆိုသလို မိတ်ဟောင်းဆွေဟောင်း၊ ရဲဘော်ဟောင်းတွေနဲ့ပဲ တိုးတိုးတိတ်တိတ် တိုင်ပင်ရပါတယ်။ သူတို့ရဲ့အကြံပေးချက်အရထားဝယ်-ကန်ချနပူရီနယ်စပ်ဆီပြေးနေတဲ့မှန်လုံကားတွေကိုစုံစမ်းကြည့်တော့...