ရှင်ကိုးရှင်စာရင်းဝင် ကလိန်အောင်ဆံတော်ရှင် တောင်တက်လမ်းမြေပြို

တနင်္သာရီတိုင်းတွင် ထင်ရှားသည့် ရှင်ကိုးရှင်စာရင်းဝင် ကလိန်အောင်ဆံတော်ရှင်ဘုရား တောင်တက်လမ်း ဇူလိုင်လ ၃၀ ရက် နံနက်ပိုင်းက မြေပြိုကျကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။ မိုးသည်းထန်စွာရွာသွန်းသဖြင့် မြေသားပြိုကျပြီး ကိုးနာရီကြာ လမ်းပိတ်ဆို့ခဲ့ကြောင်း ဂေါပကအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

တနင်္သာရီတိုင်းတွင် မိုးဆက်နည်းမည်၊ လယ်သမားများ မိုးမျှော်

ဇွန်လနောက်ဆုံးပတ်တွင်လည်း တနင်္သာရီတိုင်းတွင် မိုးရွာသွန်းမူ ဆက်လက်နည်းပါနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဇွန် ၂၁) ထုတ်ပြန်လိုက်သည်။ ဇွန်လ ၂၁ ရက်မှ ၃၀ ရက်အတွင်း တနင်္သာရီတိုင်းတွင် မိုးသွန်းမည့်အ‌ခြေအနေမှာ ပုံမှန်မိုးရွာသွန်းနေသည်ထက် လျော့နည်းနိုင်ကြောင်း...

ထားဝယ် ဒေါင်းငူဈေးအနီး ညောင်ကိုင်းကျိုးကျပြီး အမျိုးသမီးနှစ်ဦးဒဏ်ရာရ

ထားဝယ်မြို့ ဒေါင်းငူရပ်ကွက် ဒေါင်းငူဈေးအနီးတွင် ယနေ့ ညနေက ညောင်ကိုင်းကျိုးကျပြီး အမျိုးသမီးနှစ်ဦး ဒဏ်ရာရကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။ ယနေ့ ဇွန်လ ၁၄ ရက် ညနေ ၇နာရီခန့်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး ညနေဈေး (ခေါ်)...

တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်သို့ နီးကပ်လာ

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည် ယနေ့ (ဇူလိုင် ၁၃) စိုးရိမ်ရေအမှတ်ရောက်ရှိရန် တစ်ပေကျော်သာလိုတော့ကြောင်း တနင်္သာရီမြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ မြိတ်ခရိုင် တနင်္သာရီမြို့နယ်၏ မြစ်ရေအား စိုးရိမ်ရေအမှတ်အဖြစ် ၁၇...

တနင်္သာရီဆောင်း အေးလည်းအေးမည်၊ မိုးလည်းရွာမည်

‌ဆောင်းရာသီကာလဖြစ်သည့် နိုဝင်ဘာလမှ ဖေဖော်ဝါရီလအတွင်း တနင်္သာရီတိုင်းတွင် အေးလည်းအေးပြီး မိုးလည်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်သည်။ တနင်္သာရီတိုင်၏ နှစ်သုံးဆယ် ဆောင်းရာသီပျန်းမျှအမြင့်ဆုံးအပူချိန် ၃၂ ဒဿမ ၃ ဒီဂရီစင်တီဂရိတ်ရှိပြီး ပျန်းမျှအနိမ့်ဆုံးအပူချိန်မှာ ၂၁ ဒဿမ...

မိုးကြောင့် ဆားလုပ်ငန်းများ ရပ်ထားရပြန်ပြီဟုဆို

အားကောင်းသည့် မုန်တိုင်းငယ်ကြောင့် မိုးရွာနေသဖြင့် တနင်္သာရီတိုင်းတွင် ဆားထုတ်လုပ်မှု ရပ်နားထားရ ပြန်ပြီဖြစ်ကြောင်း ဆားလုပ်ငန်းရှင်အချို့က ပြောသည်။ ဖေဖော်ဝါရီလတွင်လည်း ရာသီဖျက်မိုးရွာသွန်းမှုကြောင့် ဆားအထွက်လျော့ခဲ့ပြီး လက်ရှိတွင်လည်း မုန်တိုင်းကြောင့် မိုးရွာသွန်းသဖြင့် လုပ်ငန်းများ ထပ်မံရပ်နားထားရခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်အချို့က ပြောသည်။

ထားဝယ်တွင် နေ့အပူချိန် ၄၀ ဒီဂရီဆဲစီးယပ်ကျော်အထိ ရောက်ပြီး စံချိန်သစ်ထပ်တင်

တနင်္သာရီတိုင်းမြို့တော် ထားဝယ်မြို့တွင် ဧပြီလ ၉ ရက် နေ့အပူချိန် ၄၀ ဒသမ ၇ ဒီဂရီဆဲစီးယပ်အထိ ရောက်ရှိပြီး စံချိန်သစ်တင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ယနေ့ ဧပြီလ ၁၀ရက်တွင် ထုတ်ပြန်သည်။ ယင်းအပူချိန်သည်...

တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်မှ အနည်းငယ်ပြန်ကျသော်လည်း မြို့ပေါ်တွင် ရေကြီးနေဆဲ

စိုးရိမ်ရေအမှတ်ရောက်ခဲ့သည့် တနင်္သာရီမြစ်ရေမှာ ယနေ့တွင် ကိုးလက်မခန့် ပြန်ကျသွားသော်လည်း တနင်္သာရီမြို့ပေါ်တွင် ရေကြီးနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ယခုလအစမှစပြီး မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည် ဩဂုတ်လ ၁၁ ရက်နေ့ ညနေ ၄ နာရီအချိန်တွင်...

တိုင်းအတွင်း ဒီဇင်ဘာလတွင်လည်း မိုးရွာဦးမည်

တနင်္သာရီတိုင်းအတွင်း မြို့နယ်များတွင် နိုဝင်ဘာလအတွင်းက မိုးရက်ဆက်ရွာသွန်းခဲ့ပြီး ယခု ဒီဇင်ဘာလ ၁၀ ရက်နေ့အထိလည်း မိုးရွာဦးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့က ထုတ်ပြန်ထားသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ...

ထိုင်းနိုင်ငံ အရှေ့မြောက်နှင့် တောင်ပိုင်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ဖွယ်ရှိ

မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ပင်လယ်ကွေ့တို့တွင် အားအသင့်အတင့် ရှိ အနောက်တောင်မုတ်သုံလေအပြင် ဗီယက်နမ်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းတွင် လေဖိအားနည်း ရပ်ဝန်း ကိုပါ တွေ့ရှိရသည့် အတွက် ထိုင်းနိုင်ငံ၏ အရှေ့မြောက် ၊ အရှေ့နှင့်အနောက်တောင် ကမ်းရိုးတန်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်သည်ဟု ခန့်မှန်းထားသည်။