ရွှေတစ်ကျပ်သား သိန်းသုံးဆယ်ကျော်ဖြင့် ဈေးငြိမ် (ဇွန် ၆)

ယမန်နေ့နှင့် ယနေ့ဈေးနှုန်းနှိုင်းယှဉ်ချက်အရ အခေါက်ရွှေ‌‌ဈေးမှာ အပြောင်းအလဲမရှိ ငြိမ်နေသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သိန်းသုံးဆယ်‌‌ငါးသောင်းကျပ် (3050000ကျပ်)ဈေးဖွင့်ထားသည်။ ထိုင်းဘတ်‌ဈေးလည်း ငြိမ်နေပြီး ဓာတ်ဆီဈေးမှာ တက်ရိပ်ပြနေသည်။

မတ်ပဲစိုက် တောင်သူများ တွက်ခြေမကိုက်

ယခုနှစ်တွင် မတ်ပဲစတင်စိုက်ပျိုး စဉ်ကတည်းက အပင်အောင်မြင်မှုနည်း ပါးသည့်အပြင် ယခု သီးနှံပေါ်သည့် အချိန်တွင်လည်း သီးနှံထွက်နှုန်းကျဆင်း နေသဖြင့် တောင်သူများ တွက်ခြေမကိုက် ဘဲဖြစ်နေကြောင်း လောင်းလုံးမြို့နယ် တွင် မတ်ပဲစိုက်ပျိုးနေသည့် တောင်သူ အချို့ထံမှ သိရသည်။

အလှုပ်အခတ်မရှိသည့် ရွှေနှင့် ထိုင်းဘတ် ယနေ့ဈေးနှုန်း (နိုဝင်ဘာ ၁၈)

တောင်ပိုင်းသားတို့ နေ့စဉ်ဘဝအတွက် အရေးပါလှသည့် ရွှေဈေး၊ ဘတ်ဈေးနှင့် ဓာတ်ဆီဈေးနှုန်းများကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ပုံမှန်ဖော်ပြပေးနေပါသည်။ နိုဝင်ဘာလ ၁၇ ရက်နှင့် ၁၈ ရက်နေ့ ထားဝယ်ဈေးကွက်အတွင်း ရောင်းချနေသည့် ဈေးနှုန်း နှိုင်းယှဉ်ချက်အရ...

မြိတ် – ကျွန်းစု အမြန်ယာဉ်ခ တိုးကောက်ခွင့်မပြု

မြိတ်မြို့မှ ကျွန်းစုမြို့သို့ ပြေးဆွဲနေသည့် အမြန်ယာဉ်ခနှုန်းထား တိုးကောက် မည့်အစီအစဉ်ကို ခွင့်မပြုကြောင်း မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။ အမြန်ရေယာဉ်များအရှုံးပေါ်နေ သည်ဟုဆိုကာ ဇွန်လ ၂၀ ရက်မှ စတင်၍ ခရီးသည်တစ်ဦးလျှင် လေးရာကျပ် တိုးကောက်မည်ဖြစ်ကြောင်း အမြန်ယာဉ်အသင်းက ကြေညာခဲ့သည်။

ကျပ်သုံးသောင်း ထပ်တက်သည့် ရွှေဈေး (ဇန်နဝါရီ ၉ )

ပြီးခဲ့သည့် သောကြာနေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်သုံးသောင်း ထပ်တက်သွားသည်။ ထိုင်းဘတ်ဈေးနှင် ဓာတ်ဆီဈေးလည်း အတက်ဘက်တွင် ရှိနေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ်...

တစ်လတာ ဘတ်၊ ရွှေ ပေါက်ဈေး အပြောင်းအလဲ

တနင်္သာရီတိုင်းသားများ၏ နေ့စဉ်လူမှုစီးပွားဘဝတွင် အရေးပါသည့် ဘတ်၊ရွှေ စျေးကွက်ကို လေ့လာရာတွင် ပြီးခဲ့သည့် တစ်လတာအတွင်း တစ်ကြိမ်သာ လှုပ်သွားပြီး စျေးတန်းတစ်ခုတွင် တည်ငြိမ်နေသည်ကို တွေ့ရသည်။ အောက်တိုဘာလ ၈ ရက်မှ နိုဝင်ဘာလ ၇ ရက်နေ့အထိ...

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

ယခုအပတ်တွင် ရွှေဈေးမှာ လုံးဝအလှုပ်အခတ်မရှိဘဲငြိမ်နေပြီး ထိုင်းဘတ်ဈေးမှာ အတက်အကျ အနည်းငယ်သာရှိသည်။ ထူးခြားချက်အနေဖြင့် အခေါက်ရွှေဈေးမှာ ဈေးတန်းတစ်ခုတွင် တစ်ပတ်လုံးငြိမ်နေခဲ့သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏...

ရွှေစျေးပြန်ကျ (မေ ၂၉)

မေလ ၂၆ ရက်နှင့် ယနေ့ဈေးနှုန်းနှိုင်းယှဉ်ချက်အရ အခေါက်ရွှေ‌တစ်ကျပ်သားလျှင် ကျပ်တစ်သောင်း ကျသွားသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သိန်းသုံးဆယ်‌ငါးသောင်းငါး‌ထောင် (3055000ကျပ်)ဈေးဖွင့်ထားသည်။ ထိုင်းဘတ်‌ဈေးမှာ အနည်းငယ်တက်လာပြီး ဓာတ်ဆီဈေးမှာ ကျရိပ်ပြနေသည်။

ရွှေတစ်ကျပ်သား နှစ်ဆယ့်ရှစ်သိန်းရှစ်သောင်းဖြင့် ဈေးငြိမ် (မတ်လ ၁‌၇)

ယမန်နေ့နှင့် ယနေ့ဈေး နှိုင်းယှဉ်ချက်အရ အခေါက်ရွှေ‌ဈေးမှာ အပြောင်းအလဲမရှိ ငြိမ်နေသည်။ ထားဝယ်ဈေးကွက်ပေါက်ဈေးအရ အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းရှစ်သောင်းဖြင့် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်‌ဈေးမှာ အနည်းငယ်တက်လာပြီး ဓာတ်ဆီဈေးမှာ တစ်လီတာလျှင် ၁၄၀ ကျပ်အထိ...

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

ယခုအပတ် ရွှေဈေးနှင့် ထိုင်းဘတ်ဈေးမှာ အတက်ဈေးတွင် အပြောင်းအလဲနည်းနည်းဖြင့် ဈေးဖွင့်ထားခဲ့သည်။ ဈေးကွက်အတွင်း စက်သုံးဆီပြတ်လပ်မှုကြောင့် ဓာတ်ဆီဈေးမှာ ဈေးတန်းအမြင့်တွင်ပင် ဆက်ရှိနေသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့်...