လမ်းကျူး ဈေးဆိုင်များကို တရားစွဲမည်

မွန်ပြည်နယ်အတွင်းရှိ လူသွား စင်္ကြံန်၊ ပလက်ဖောင်းများပေါ်တွင် ဆက်လက် ကျူးကျော်ရောင်းချနေသည့် ဈေးဆိုင်များ ကို မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေ နှင့်အညီ တရားစွဲမည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။ ပြည်နယ်အတွင်းရှိ လမ်းဘေး ကျူး ကျော်ဈေးဆိုင်များ၊ ကျူးကျော်အိမ်ဆိုင် များကို မွန်ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်...

တိုင်းအတွင်း သတ္တု စမ်းသပ်တိုင်းတာ ခွင့်ပြုထားသည့် လုပ်ကွက် ၂၀ ကျော်ရှိ

တနင်္သာရီတိုင်းဒေသကြီးအတွင်း စမ်းသပ်တိုင်းတာခွင့်ပြုထားသည့် သတ္တုလုပ်ကွက် ၂၃ ခု ရှိကြောင်း တိုင်း အစိုးရအဖွဲ့က ထုတ်ပြန်သည်။ စမ်းသပ်တိုင်းတာခွင့်ရထားသည့် လုပ်ကွက်များနှင့် ကုမ္ပဏီများစာရင်းကို ဖေဖော်ဝါရီလ ၁ ရက်က ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။ စမ်းသပ်ခွင့်ရ ကုမ္ပဏီများက...

တစ်နှစ်အတွင်း သစ်မာတန်တစ်သောင်း ထုတ်ယူ

ယခုဘဏ္ဍာနှစ်တွင် တနင်္သာရီတိုင်း အတွင်းရှိ သစ်တောကြိုးဝိုင်းနှစ်ခုမှ သစ်မာတန်တစ်သောင်း ထုတ်ယူမည် ဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်း တိုင်း ဒေသကြီး တာဝန်ခံထံမှ သိရသည်။ ထားဝယ်ခရိုင်ရှိ နွားလပို့ကြိုးဝိုင်း တွင် သစ်မာတန်ချိန် နှစ်ထောင်နှင့် မြိတ်ခရိုင်ရှိ သကျက်ကြိုးဝိုင်းတွင်...

ထားဝယ်လျှပ်စစ် တစ်ယူနစ် ၁၃ ကျပ်ဈေးတက်၊ ဈေးထပ်တိုးရန် တင်ပြထား ဟုဆို

ထားဝယ်ခရိုင်အတွင်း သြဂုတ်လအတွက်သုံးစွဲခဲ့သည့် လျှပ်စစ်တစ်ယူနစ်လျှင် ၁၃ ကျပ် ဈေးတက်သွားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လအတွက် သုံးစွဲခဲ့သည့် တစ်ယူနစ်ဈေးနှုန်းကို ၂၃၅ ကျပ် ကောက်ခံနေရာမှ သြဂုတ်လအတွင်း သုံးစွဲယူနစ်ဈေးနှုန်းကို ၂၄၈ ကျပ် သတ်မှတ်ကောက်ခံခဲ့ခြင်းဖြစ်သည်။

ဈေးတက်သဖြင့် အောင်ဘာလေထီ ရောင်းအားထက်ဝက်ခန့်ကျဆင်း

ထားဝယ်တွင် အောင်ဘာလေထီ ဈေးများတက်လာသဖြင့် ထီရောင်းအား ထက်ဝက်ခန့် ကျဆင်းသွားခဲ့သည်ဟု ထီရောင်းဝယ်သည့် ကိုယ်စားလှယ်များ ထံမှ သိရသည်။ အောင်ဘာလေထီတစ်စောင်တစ် ထောင်ကျော်ဖြင့်ရောင်းချနေသည့်အချိန် မှစ၍ ထီရောင်းအားများတဖြည်းဖြည်း ကျဆင်းလာခဲ့သည်ဟု ထားဝယ်မြို့ ပုံကျွန်းရပ်ကွက်ရှိ မြိတ်သူလေးထီဆိုင်မှ ဒေါ်ချိုမာအေးက...

အွန်လိုင်းဖြင့် ပြန်လည်မှတ်ပုံမတင်သည့် ကုမ္ပဏီများ ယခုလကုန်အပြီး ပယ်ဖျက်တော့မည်

အွန်လိုင်းစနစ်ဖြင့် ယခုလကုန် အထိ မှတ်ပုံမတင်သည့် ကုမ်္ပဏီများကို  အပြီးပယ်ဖျက်တော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ်္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)ထံမှ သိရသည်။ မတ်လ ၃၀ ရက်နေ့အထိ မှတ်ပုံ မတင်သည့် ကုမ်္ပဏီများကို အပြီးသတ် ပယ်ဖျက်တော့မည်ဖြစ်ပြီး ယင်းကာလ မတိုင်မီ မှတ်ပုံတင်မည်ဆိုပါက ရန်ကုန်မြို့ရှိ...

အစားအသောက်နှင့် အလှကုန် ပစ္စည်းများကို ရွေ့လျားဓာတ်ခွဲကားဖြင့် တစ်လနှစ်ကြိမ် စစ်ဆေးမည်

တနင်္သာရီတိုင်းသို့ ခွဲဝေချထားပေးသည့် ရွေ့လျားဓာတ်ခွဲကားဖြင့် အစားအသောက်နှင့် အလှကုန်ပစ်္စည်းများကို စားသုံးရန် သို့မဟုတ် သုံးစွဲရန်မသင့်သည့် ဓာတုပစ္စည်း ပါဝင်ခြင်းရှိ/မရှိကို ဓာတ်ခွဲနိုင်တော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦး စီးဌာန(FDA) ထံမှ သိရသည်။ ရွေ့လျားဓာတ်ခွဲကားဖြင့် ဓာတုပစ္စည်း အမျိုးအစားပေါင်း တစ်ဆယ်ကျော်ကို ပါဝင်ခြင်းရှိ/မရှိ...

အွန်လိုင်းစနစ်ဖြင့် ပြန်လည်မှတ်ပုံ မတင်သည့် ကုမ္ပဏီများ ဒဏ်ငွေနှစ်သိန်းခွဲ ဆောင်ရမည်

အွန်လိုင်းစနစ်ဖြင့် ပြန်လည်မှတ်ပုံ မတင်သည့် ကုမ္ပဏီများအနေဖြင့် ဒဏ်ကြေးငွေ နှစ်သိန်းခွဲကျပ် ပေးဆောင်ပြီးမှသာ မှတ်ပုံတင်ခွင့် ရရှိတော့မည်ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ်္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA) ထံမှ သိရသည်။ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ (သို့မဟုတ်)အထူးကုမ္ပဏီအက်ဥပဒေတို့ဖြင့် မှတ်ပုံတင်ထားသည့် ကုမ်္ပဏီများ အနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေသစ်အရ အွန်လိုင်းစနစ်ဖြင့် ၂၀၁၉ ခုနှစ် ဇန်န၀ါရီလ...

စင်ခွန်းတွင် သစ်ခွပန်းအရောင်း အ၀ယ်ပါးလာ

မောတောင်နယ်စပ်ဂိတ်ကို မြန်မာ ဘက်မှ ၂၀၁၃ ခုနှစ် မေလတွင် တရားဝင်ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်းတွင် သစ်ခွပန်း အရောင်းအ၀ယ် တဖြည်း ဖြည်း နည်းပါးလာကြောင်း ထိုင်းနယ်စပ် စင်ခွန်းဂိတ် တောင်ခြေဈေး တွင် သစ်ခွပန်း ရောင်းချနေသူအချို့က ပြောသည်။ မြန်မာနိုင်ငံဘက်မှ သစ်ခွပန်းလာ ရောက်ရောင်းချသူ...

မြိတ်ဈေးကွက်အတွင်း ကင်းမွန်စဖမ်း ဈေးအနည်းငယ်ကျ

မြိတ်ဈေးကွက်အတွင်း ကင်းမွန်များရောက်ရှိလာပြီး မူလပေါက်ဈေးထက်အနည်းငယ် ဈေးကျသွားကြောင်း ကင်းမွန်လှေ လုပ်ငန်းရှင်များထံမှသိရသည်။ ကင်းမွန်ဖမ်းရာသီမစခင်က ကင်းမွန်တစ်ဗန်းလျှင် ကျပ်တစ်သိန်းသုံးသောင်းမှ ကျပ်တစ်သိန်းလေးသောင်းထိ ရှိခဲ့ရာမှ လက်ရှိအချိန်တွင် တစ်သိန်းနှစ်သောင်းသာ ရှိတော့ကြောင်း ကင်းမွန်လှေလုပ်ကိုင်သူများထံမှ သိရသည်။