ထားဝယ်တွင် H1N1 သံသယ လူနာရှာဖွေမှု အရှိန်မြှင့်

0
408

ရာသီတုပ်ကွေး H1N1 သံသယ လူနာ ရှာဖွေမှု အရှိန်မြှင့်နိုင်ရန် ထား ဝယ်မြို့ပေါ်ရပ်ကွက် ၄ ခုတွင် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု ဆေးခန်း များကို တိုးချဲ့ဖွင့်လိုက်ကြောင်း တနင်္သာရီ တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။
ရာသီတုပ်ကွေး H1N1သံသယ လူနာများကို အချိန်စောစီးစွာ ရှာဖွေဖော် ထုတ် ကုသနိုင်ရန်နှင့် ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်း မီစွာ ရရှိနိုင်စေရန် အစရှိသည့် ရည်ရွယ် ချက်များဖြင့် အဆိုပါဆေးခန်းများကို တိုးချဲ့ဖွင့်လှစ် ခဲ့ခြင်းဖြစ်ကြောင်း ပြည် သူ့ ကျန်းမာရေးဦးစီးဌာန တိုင်းဒေသ ကြီးဦးစီးမှူးက ဆိုသည်။

မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ကြက်စားပြင်ရပ်ကွက်၊ ဘုမ္မော်၊ ဥဿရံ တိုးချဲ့နှင့် ညောင်ရမ်းတောင်ရပ်ကွက် များတွင် ဩဂုတ်လ ၉ ရက်ကစပြီး မနက် ၉ နာရီမှ ည ၈ နာရီအထိ နေ့စဉ် ဖွင့်လှစ်နေကြောင်း ၎င်းက ပြောသည်။
“ကြီးကြီးကျယ်ကျယ် ဖြစ်လာမှာ မို့လို့ စိုးရိမ်လို့ မဟုတ်ဘူး၊ ကြိုတင်ပြီး ပြင်ဆင်သင့်တာ ပြင်ဆင်ဖို့ဖြစ်တယ်” ဟု အဆိုပါ တိုင်းဦးစီးမှူးက ပြောသည်။
ဩဂုတ်လ ၉ ရက်အထိ ထားဝယ် ဆေးရုံကြီးတွင် H1N1 လူနာ ၉ ဦးအထိ ရှိလာကြောင်း ပြည်သူ့ကျန်းမာရေးဦးစီး ဌာနထံမှ သိရသည်။
အပြင်းစားကြက်ငှက်တုပ်ကွေး H5N1ဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့သည့် ထားဝယ်မြို့ ဝဲကျွန်းထိန်သစ်ရပ်ကွက်ရှိ ကြက်ခြံအနီးတွင် ဇူလိုင်လ ၂၆ ရက်မှ စကာ ယာယီဆေးခန်းတစ်ခုကို စတင် ဖွင့်လှစ်ခဲ့ပြီး လက်ရှိအချိန်တွင် ယာယီ ဆေးခန်း စုစုပေါင်း ၅ ခု အထိ ရှိလာမည် ဖြစ်သည်။

ရာသီတုပ်ကွေး H1N1 သည် ကူးစက်ခံရပါက သေဆုံးနိုင်ချေ နည်း သော်လည်း ကူးစက်နှုန်း မြင့်မားသည့် သဘော သဘာဝရှိကြောင်း သိရသည်။
လက်ရှိ ထားဝယ်တွင် တွေ့ရှိသည့် H1N1 တွေ့ရှိသည့် လူနာ ၉ ဦးအနက် ထက်ဝက်ခန့်မှာ ယာယီဆေးခန်းမှ ကျန်းမာရေး ဝန်ထမ်းများက ကွင်းဆင်း ရှာဖွေရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း တိုင်းပြည်သူ့ကျန်းမာဦးစီးမှူးက ဆိုသည်။
အဆိုပါဆေးခန်းများတွင် ဖျားနာ ခြင်းအပါအဝင် ကျန်သည့် အထွေထွေ ရောဂါများကိုလည်း ပြသနိုင်ကြောင်း သိရသည်။

ယင်းအပြင် ထားဝယ်မြို့အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများနှင့် ချိတ်ဆက်ကာ ဖျားနာခြင်းကြောင့် ကျောင်းတက်ရန် ပျက်ကွက်ပါက သက် ဆိုင်ရာ ကျောင်းများမှ သတင်းရယူကာ ကုသမှုများ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။
ထားဝယ်တွင် ရာသီတုပ်ကွေးH1N1ရောဂါအပြင် ကြက်များတွင် လည်း အပြင်းစား ကြက်ငှက်တုပ် ကွေးH5N1ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုလည်းရှိပြီး လူသို့ကူးစက်မှု မရှိသေး ပေ။

မြန်မာနိုင်ငံတွင် ဇူလိုင်လ ၂၁ ရက် မှ ဩဂုတ်လ ၇ ရက်အထိ H1N1ပိုး တွေ့ လူနာ ၁၅၄ ဦးရှိပြီး သေဆုံးသူ ၁၆ ဦး ရှိကာ သေဆုံးမှု ၃.၉၁ ရာခိုင် နှုန်းရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်