အခြားတိုင်းဒေသကြီး / ပြည်နယ် များနှင့် လျှပ်စစ်မီတာခ နှုန်းထားတူ ဖြစ်ရေးအတွက် သက်ဆိုင်ရာ တာဝန် ရှိသူများက အလေးထား ဆောင်ရွက် ပေးရန် တနင်္သာရီတိုင်း ဒေသကြီး အရပ်ဘက်အဖွဲ့အစည်းများဖိုရမ်က တောင်းဆိုလိုက်သည်။
ဇန်နဝါရီလ ၁၈ ရက်နှင့် ၁၉ ရက်တွင် ကျင်းပခဲ့သည့် တနင်္သာရီ တိုင်းဒေသကြီး အရပ်ဘက် အဖွဲ့ အစည်းများ ဖိုရမ်အပြီးတွင် ထုတ်ပြန် ချက်ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်တွင် လျှပ်စစ် မီတာခနှုန်းထား တန်းတူရရှိရန် အတွက် ဦးစားပေး အချက် တစ်ချက် အနေဖြင့် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
” သက်ဆိုင်တဲ့ တာဝန်ရှိသူတွေ ကနေ လုပ်ပေးဖို့ တောင်းဆိုတာဖြစ် ပါတယ်” ဟု တနင်္သာရီတိုင်း ဒေသကြီး အရပ်အဖွဲ့အစည်းများ ဖိုရမ်၏ တိုင်း ဒေသကြီး တာဝန်ခံတစ်ဦးဖြစ်သူ ဦး ကျော်မင်းထိုက်က ပြောသည်။ထို့အပြင် မူးယစ်ဆေးဝါး တား ဆီးကာကွယ်ရေး၊ မြေယာအငြင်းပွား မှု၊ ကမ်းဝေးလှေများ ကမ်းနီးဝင်ဖမ်းခြင်း အပါအဝင် အခြားအချက်များ ကိုလည်း တောင်းဆိုထားသည်။
ယင်းဖိုရမ်ကို တိုင်းအတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စား လှယ် ၁၄၀ ဦးတက်ရောက်ခဲ့ ကြောင်း သိရသည်။