ဟိန္ဒားသတ္တုမိုင်းအမှု နောက်ဆုံးအဆင့် အယူခံဝင်

0
517

ထားဝယ်ခရိုင်ရှိ ဟိန္ဒား သတ္တုတွင်း တွင် သတ္တုတူးဖော်နေသည့် ထိုင်းနိုင်ငံ သားပိုင် မြန်မာပွန်ပီပက် ကုမ္ပဏီကို မြောင်းပြို ကျေးရွာသားများက တရားစွဲ ဆိုထားသည့်အမှုကို နောက်ဆုံးအဆင့် အယူခံ ဝင်ထားကြောင်း ထားဝယ် ပရိုဘိုနီ ရှေ့နေများကွန်ယက်(DPLN) ထံမှ သိရသည်။

ဟိန္ဒားသတ္တုတွင်းတွင် သတ္တုတူး ဖော်လျက်ရှိသည့် မြန်မာပွန်ပီပက် ကုမ္ပဏီ (MPC)နှင့် အမှတ်(၂) သတ္တုတွင်း လုပ်ငန်းတို့ကို ၂၀၁၄ ခုနှစ် ဩဂုတ်လ ၁၉ က မြောင်းပြိုကျေးရွာမှ ဒေသခံများက လျော်ကြေးငွေ ရရှိရန် ထားဝယ်ခရိုင်တရားရုံးတွင် တရားစွဲဆို ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ပြည်တောင်စု တရားလွှတ်တော် (နေပြည်တော်)တွင် နောက်ဆုံးအဆင့် အထူးအယူခံဝင်ထား ကြောင်း ဒေသခံများကို အကူအညီပေး နေသည့် အထက်ပါ ရှေ့နေများကွန်ရက် ထံမှ သိရသည်။

သတ္တုမိုင်းကြောင့် ရေလွှမ်းမိုးမှု၊ စွန့်ပစ်မြေစာများကြောင့် နေအိမ်များ၊ စိုက်ခင်းများ၊ ဥယျာဉ်ခြံမြေ၊ ရေတွင်းရေ ကန်နှင့် အိမ်သာများ ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ တရားစွဲဆိုထားမှုနှင့် ပက် သက်၍ နောက်ဆုံး အခြေအနေ များနှင့် ပတ်သက်၍ ဒီဇင်ဘာ ၂၁ ရက်က ရန်ကုန်မြို့ Orchid Hotel တွင် သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ် သည်။