အုပ်စုဖွဲ့ဆိုင်ကယ်စီး ရိုက်နှက်မှုနှင့် မိန်းကလေးများအား နှောင့်ယှက်မှု စိပ်လာ

0
437

ထားဝယ်မြို့တွင် ညဖက်အုပ်စုဖွဲ့ ဆိုင်ကယ်စီးလူငယ်များမှ လမ်းသွား လမ်းလာများအား တုတ်ဖြင့် ရိုက် နှက်ခြင်းနှင့် လမ်းပေါ် သွားလာနေသည့် မိန်းကလေးများအား ကာယိနြေ္ဒပျက် ပြားစေရန် နှောင့်ယှက်မှုများ ခပ်စိပ်စိပ် ဖြစ်ပွားနေကြောင်း ထားဝယ်မြို့ ဒေသခံ များက ဆိုသည်။


ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက် ညပိုင်းတွင် ရွှေဝယ်သီရိ ကစားကွင်းမှ ပြန်လာစဉ် နတ်မင်းကြီး ၄ ပါးအရှေ့တွင် ဆိုင်ကယ်စီး လူငယ်တစ်စုမှ သံတုတ်ဖြင့် ရိုက်ခဲ့သည့်အတွက် ဆေးရုံတွင် ၆ ချက် ချုပ်လိုက်ရကြောင်း အရိုက်ခံရသူ၏ အလုပ်ရှင်ဖြစ်သူက ဆိုသည်။
” ထားဝယ်မှာ ညဖက်လမ်းထွက်ရင် အရင်ကလို လုံခြုံမှု မရှိတော့ဘူးလေ၊ ဆိုင်ကယ်စီး လူရမ်းကားတွေ သောင်း ကျန်းနေတာ” ဟု အဆိုပါ အလုပ်ရှင်က ပြောသည်။ယင်းဩဂုတ်လ ၇ ရက် တစ်ရက် တည်းတွင် ဆိုင်ကယ်စီးလူငယ်များမှ လူရိုက်မှု ၃ မှု ကျူးလွန်ခဲ့ကြောင်း ထားဝယ်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦး ကဆိုသည်။

 
ထို့အပြင် ပြီးခဲ့သည့် အပတ်က ဘုရားကြီးအရှေ့ဘက်လမ်းတွင် ဆိုင် ကယ်စီးလာသည့် အမျိုးသမီးနှစ်ဦးအား လူငယ် ၄ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် လိုက်လာကာ ကာယိနြေ္ဒ ပျက်ပြား သည်အထိ ပြုမူခံခဲ့ရသည်ကို မြင်တွေ့ရ ကြောင်း ထားဝယ်မြို့မှ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး ကပြော သည်။” လူငယ်လေးတွေက အသက်နှစ် ဆယ်တောင်ပြည့်မဲ့ပုံ မပေါ်ဘူး၊ ဝင်ပြီး မကူရဲဘူးလေ သူတို့မှာ ဘာလက်နက်ပါ မှန်းမှမသိတာ” ဟု အဆိုပါ အမျိုးသားက ဆိုသည်။အမျိုးသမီးများအား ကာယိနြေ္ဒ ပျက်ပြားသည်အထိ နှောင့်ယှက်ခံရမှု များတွင် ကာယကံရှင်အမျိုးသမီးများမှ ရှက်သည့်အတွက်ရဲစခန်းသို့ အကြောင်း ကြားတိုင်ကြားမှု ရှိမည်မဟုတ်ကြောင်း ၎င်းက ခန့်မှန်းသည်။

 
လိုင်စင်မဲ့ ဆိုင်ကယ်ပေါများခြင်း နှင့် စည်းပျက်ဆိုင်ကယ်များ ပေါများ ခြင်းကြောင့် ဆိုင်ကယ်ဖြင့် ဒုစရိုက် ကျူးလွန်မှု များပြားလာခြင်းကို ထိန်း သိမ်းရ ခက်ခဲနေကြောင်း ထားဝယ်မြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။” ဆိုင်ကယ်နံပတ်ပြားကို မထင် မရှားတပ်တာမျိုးတွေနဲ့ လိုင်စင်မဲ့ ဆိုင် ကယ်တွေက နီးရာနံပတ်ပြားတွေ တပ် ပြီးလုပ်နေကြတော့ ဖမ်းဆီးရာမှာ အခက်တွေ့စေတယ်” ဟု အဆိုပါ တာဝန်ရှိသူ ကပြောသည်။စည်းကမ်းပျက်ယာဉ်နှင့် လိုင်စင်မဲ့ ဆိုင် ကယ်များကို တစ်ရက်လျှင် ၁၀ မှု မှ ၁၅ မှု အထိ ဖမ်းဆီးနေပြီး အား လုံးကိုမူ ထိထိရောက်ရောက် အရေး မယူနိုင် သေးကြောင်း ၎င်းကဆိုသည်။
ယင်းအပြင် ချိန်းတွေ့သည့် အတွဲ များထံမှ ချိန်းခြောက်ကာ ငွေညစ်မှုများ လည်း ရှိနေသေးကြောင်း အဆိုပါ ရဲအရာရှိ ကပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက် နေ့ညကလည်း တစ်ညတည်း ထားဝယ် နာရေးရုံးခန်း အပါအဝင် ဆိုင်ခန်းလေး ခန်း ဖောက်ထွင်းခံရကာ လက်ရှိအချိန်ထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။