ထားဝယ်တွင် ဂဏန်းပျော့ စရောင်း

0
450

မြိတ်မြို့နယ်တွင် မွေးမြူသည့် ဂဏန်းပျော့ကို နိုင်ငံခြားတင်ပို့သည့် အရည်အသွေးအတိုင်း ထားဝယ်တွင် ပထမဆုံးအနေဖြင့် စတင်ရောင်းချနေ ပြီဖြစ်ကြောင်း သိရသည်။


ဂဏန်းပျော့ ဈေးနှုန်းမှာ တစ်ကီ လိုလျှင် တစ်သောင်းကျပ် ဖြစ်ပြီး ရိုးရိုး သဲဂဏန်းကိုမူ တစ်ကီလိုလျှင် သုံးထောင် ကျပ်ဖြင့် ဖြန့်ဖြူးရောင်း ချနေကြောင်း ဂဏန်းပျော့ အရောင်းဆိုင် တာဝန်ခံ ဦးရဲထွဋ်က ပြောသည်။
“ရောင်းတာက တစ်ပတ်လောက် ရှိပြီ။ စားသောက်ဆိုင်တွေ၊ ဟိုတယ် တွေက လာဝယ်ကြတယ်”  ဟုဦးရဲထွဋ် က ပြောသည်။
ဂဏန်းပျော့ကို မြိတ်ဒေသမှ သယ်ယူရောင်းချနေခြင်းဖြစ်ပြီး သရက် ချောင်းမြို့နယ်တွင်လည်း မွေးမြူရန် စီစဉ်လျက်ရှိကြောင်း သိရသည်။