ထားဝယ်မြို့၌ ၁၄ နှစ်အတွင်း ဧပြီလအတွက် အပူချိန် အမြင့်ဆုံး စံချိန်အဖြစ် ဧပြီလ၂၀ ရက်တွင် ၃၈.၈ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့ ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန် ကြားမှုဦးစီးဌာန၊ တနင်္သာရီတိုင်း ဒေသကြီး ရုံးထံမှ သိရသည်။
ဧပြီလ၏ ယခင်စံချိန်အဟောင်း ဖြစ်သည့် ၂၀၀၂ခုနှစ် အမြင့်ဆုံး အပူချိန်မှာ ၃၈.၅ ဒီဂရီစင်တီဂရိတ် ရှိ ရာမှ ၂၀၁၆ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် အပူချိန် ၃၈.၈ ဒီဂရီစင်တီဂရိတ် အထိ စံချိန်တင် မြင့်တက်ခဲ့ကြောင်း တိုင်း ဒေသကြီး မိုး/ဇလရုံး မှတ်တမ်းများအရ သိရသည်။
ဧပြီလ ၂၀ ရက်နေ့တွင် ထား ဝယ်မြို့၌ ၃၈.၈ ဒီဂရီစင်တီဂရိတ်၊ မြိတ်မြို့တွင် ၃၉ ဒီဂရီစင်တီဂရိတ်၊ ကောသောင်းမြို့တွင် ၃၈ ဒီဂရီစင်တီ ဂရိတ်နှင့် လောင်းလုံးမြို့တွင် ၃၈ ဒီဂရီစင်တီဂရိတ် အထိရှိခဲ့ကြောင်း ၎င်း ရုံးမှတ်တမ်း အရသိရသည်။ထားဝယ်တွင် မတ်လ အတွင်း အမြင့်ဆုံးအပူချိန်အဖြစ် ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့က ၃၉ ဒီဂရီ စင်တီ ဂရိတ် အထိ မြင့်တက်ခဲ့ပြီး ၆နှစ်အတွင်း မတ်လ၏အမြင့်ဆုံး စံချိန်တင်ခဲ့ပြီး ကြောင်း မိုး/ဇလရုံး(တိုင်း)ထံမှ သိရ သည်။
ထားဝယ်မြို့၏ ဖြစ်မြဲအပူချိန်မှာ ၃၄.၆ ဒီဂရီစင်တီဂရိတ်ခန့်၊ မြိတ်မြို့၏ ဖြစ်မြဲအပူချိန်မှာ ၃၅.၈ ဒီဂရီစင်တီ ဂရိတ်ခန့်နှင့် ကော့သောင်းမြို့တွင် ၂၉.၃ ဒီဂရီစင်တီဂရိတ်ခန့် ရှိကြောင်း မိုး လေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီး ဌာန (တနင်္သာရီတိုင်း ဒေသကြီးရုံး) ထားဝယ်မြို့ထံမှသိရသည်။