မြိတ် Fever Clinic ပြန်ဖွင့်မည်

0
141

လတ်တလောဖြစ်ပေါ်နေရသည့် ကိုဗစ်ကူးစက်ရောဂါအခြေအနေတို့ကြောင့် ဇူလိုင်လ ၅ ရက်နေ့မှ စ၍ အခမဲ့ ဆေးကုခန်း ပြန်ဖွင့်သွားမည်ဖြစ်ကြောင်း မြိတ်မြို့ သံဃာ့ဆေးရုံရှိ အနံ့ပျောက်၊ ဖျားနာ လူနာများအတွက် အခမဲ့ဆေးကုပေးသည့် Fever Clinic က ထုတ်ပြန်ပြောဆိုလိုက်သည်။

အဆိုပါ ဖျားနာဆေးကုခန်းအား ပြီးခဲ့သည့် မေလ တတိယအပတ်မှစပြီ ယာယီပိတ်ထားရာမှ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေခြင်း ဖြစ်သည်။ ဖျားနာဆေးကုခန်းအား အပတ်စဥ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ သုံးရက်၊ နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲ အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Fever Clinic အား မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ စေတနာ့ဝန်ထမ်းဆရာဝန်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြိတ်နှင့် ပရဟိတ စေတနာ့ဝန်ထမ်း အဖွဲ့များ ပူးပေါင်းကာ ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်သည်။

ထို့ပြင် အနံ့မရခြင်းနှင့် ကိုဗစ်သံသယလူနာများအတွက် အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ မွန်းလွှဲ ၁ နာရီမှ ၃ နာရီအတွင်း ဖုန်းဖြင့်ဆက်သွယ်ပြီးတိုင်ပင်ဆွေးနွေး အကြံဉာဏ်ရယူနိုင်ကြောင်း ဖျားနာဆေးကုခန်း၏ လူမှုကွန်ရက်စာမျက်နာပေါ်တွင် ဖေါ်ပြထားသည်။

မနေ့ ညနေ ၄ နာရီ အထိ ထုတ်ပြန်ထားချက်အရ မြိတ်ခရိုင်တွင် ၂၄ နာရီအတွင်း ကိုဗစ် လူနာ ၁၉ ဦး တွေ့ရှိကြောင်း ကျန်းမာရေး ဌာနက ထုတ်ပြန်ထားသည်။

ဆက်သွယ်နိုင်သည့် ဆရာဝန်များ၏ဖုန်းနံပါတ်များ

-ဒေါက်တာ နွေးနွေးလတ် ဖုန်း ၀၉၉၇၁၂၁၅၅၅၉

ဒေါက်တာ တင်ဇာနိုင်ဖုန်း ၀၉၅၀၃၈၉၅၂

ဒေါက်တာ ထွဋ်လွင်ဦးဖုန်း ၀၉၄၂၂၂၂၀၀၇၁

ဒေါက်တာ နေမျိုးအောင်ဘိုဘိုရှိန်းဖုန်း ၀၉၅ ၄၁၃၂၈၀

ဒေါက်တာ မင်းဝေဦး- ဒေါက်တာ တင်စိုးမိုးဖုန်း ၀၉၄၂၂၁၉၉၁၁၈