ရည်ညွှန်းကိုးကား ပုရိသယောကျာ်း

0
1023

ကမ္ဘာပေါ်တွင် ခန္ဓာဗေဒ ဇီဝရုပ်အားဖြင့် အမျိုးသမီးနှင့် အမျိုးသားဟူ၍ နှစ်မျိုးရှိပေသည်။ သို့ရာတွင် ယနေ့ အခါသည် အမျိုးသားများသာ အရာရာတွင် ကြီးစိုး နေဆဲဟု ဆိုကြကာ ထို အခြေအနေအပေါ် သမားရိုးကျဟု သဘောထားကာ အများစုက တိတ်ဆိတ် နေတတ်ပေသည်။ အမျိုးသားများကသာ ကြီးစိုးလုပ်ကိုင်ဆုံးဖြတ်ကြသဖြင့် အမျိုး သမီးများ၏ ဘဝတွင် လစ်ဟာလိုအပ်ချက်များရှိလာခဲ့ပေသည်။ ထိုတိတ် ဆိတ်နေမှုများ ထိုလစ်ဟာချက်များ၌ အကျိုးဆက်များရှိနေသည်။ အမျိုးသမီးများ၏ ဘဝများအပေါ် နေ့စဉ် သက် ရောက်မှုများရှိနေပေသည်။ ဥဒါဟရုဏ်အားဖြင့် အောက်ပါအကြောင်းများကို လေ့လာကြည့်ကြပါစို့။

နိုင်ငံအချို့တွင် ရုံးခန်းများအတွက် သင့်တော်သည့် အပူချိန်စံနှုန်းကို လွန်ခဲ့သော ၁၉၆၀ ဝန်းကျင်နှစ်များက သတ်မှတ်ရန်ကြိုးစားခဲ့ကြရာတွင် အပူချိန်ကို ပုံမှန် အမျိုးသားများ၏ ကိုယ်ခန္ဓာအပူချိန်ကိုလိုက်၍ သတ်မှတ်ခဲ့ ကြသည်။

သို့ရာတွင် နှစ်များစွာ ဆယ်စုနှစ်များစွာကြာမြင့်ပြီးသောအခါမှသာ ထိုသတ်မှတ်အပူချိန်စံနှုန်းများသည် အမျိုးသမီးများအတွက် အဆင်မပြေကြောင်းကို သုတေသနတစ်ခုက ထုတ်ဖော်လိုက်နိုင်သည်။ အမှန်တကယ် အချက်အလက်များအရမူ ရုံးခန်း၏စံအပူချိန်မှာ အမျိုးသမီးများ၏ ဇီဝ ဖြစ်စဉ်ထက် ပို၍ကျော်လွန်ခန့်မှန်းတွက် ချက်ထားခြင်းမျိုးဖြစ်နေခဲ့သည်။ သဘောမှာ အမျိုးသမီးများအတွက်ဆို လျှင် ရုံးခန်းများ၏အပူချိန်သည် ပျမ်းမျှအားဖြင့် ၅ ဒီဂရီခန့် ပိုအေးလွန်း နေသည့်သဘောမျိုးဖြစ်သည်။ ထိုသို့ အမျိုးသားများကို စံယူခြင်းကို အင်္ဂလိပ် အခေါ် Reference Man ဟုဆိုပါသည်။ နေရာတိုင်း လုပ်ငန်းတိုင်းတွင် အမျိုးသား များကိုသာ စံထား၍ လုပ်ကိုင်လာခဲ့ကြခြင်းမျိုးပင်ဖြစ်ပါသည်။
လွန်ခဲ့သောနှစ်ပေါင်း ၁၀ဝ ကျော်ခန့် ၁၉၀ဝ ပြည့်နှစ်များတွင် ဗြိတိန် တွင် နှစ်စဉ် လူပေါင်း ၄၄၀ဝ ခန့် အလုပ်ခွင်အတွင်းသေဆုံးနေခဲ့ရသည်ဟုဆိုသည်။ ယခုအခါ ၂၀၁၆ တွင် ထိုသို့ သေဆုံးရမှုမှာနှစ်စဉ် ၁၃၅ ဦးခန့်သာရှိ တော့သည်။ သို့ရာတွင် အမျိုးသားများ လုပ်ငန်းခွင်အတွင်း အပြင်းအထန်ထိ ခိုက်ဒဏ်ရာရမှုနှုန်းကျဆင်းလာနေသော်လည်း အလုပ်ခွင်ထဲရောက်အမျိုးသမီးများကြား၌မူ ထိုသို့ ပြင်းထန်စွာ ထိခိုက်ရမှုများ တိုးလာနေသည်ဟူသော အထောက်အထားများတွေ့လာရသည်။ ကျား-မကွဲပြားမှုအပေါ် မူတည်၍ ကိန်းကဏန်းအချက်အလက် ကွာဟ ချက်ကလည်း အမျိုးသားများသာ လွှမ်းမိုးသော စက်မှုလုပ်ငန်းများအပေါ်အလေး ဂရုပြုထားသော သမားရိုးကျ သုတေသန များနှင့်ဆက်စပ်နေခဲ့သည်။ နှစ်စဉ်လူ ပေါင်း ၈၀ဝ၀ ခန့် အလုပ်နှင့်ဆက်စပ်၍ဖြစ်ရသော ကင်ဆာ ရောဂါကြောင့် ကွယ်လွန်နေကြရသည်။ သုတေသန အများစုမှာ လုပ်ငန်းခွင်ရှိ အမျိုးသား များအပေါ်တွင်သာ အာရုံစိုက်နေခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော် လောက်ကပင် ရင်သားကင်ဆာဖြစ်ပွားမှုနှုန်းမှာ စက်မှုဖွံ့ဖြိုးသော နိုင်ငံများ တွင် သိသာစွာပင် မြင့်တက်လာခဲ့သည်၊ သို့သော် သုတေသနအများစုမှာ လုပ်ငန်းခွင်ရှိ အမျိုးသမီးများအပေါ် လေ့လာခြင်းမရှိခဲ့သဖြင့် ထိုရောဂါနှင့် အမျိုးသမီးများ၏ လုပ်ငန်းခွင်အခြေအနေကို တိကျစွာသိရန် ခက်သွားခဲ့သည်။

ဗြိတိန်တွင် အလုပ်သမားများသည် ဥပဒေအရ ကိုယ်ခန္ဓာအကာအကွယ် ဝတ်စုံပစ္စည်းကောင်းများလိုအပ်ပါသည်။ ထိုပစ္စည်းများ ဥပမာ လက်အိတ်၊ ဝတ်စုံ၊ မျက်မှန် အစရှိသည်များကို အလုပ်၏လိုအပ်ချက်အလျောက် အလုပ်ရှင်က အခမဲ့ ပံ့ပိုးရမည်ဖြစ်သည်။ သို့ရာတွင် ပြဿနာကာ အများစုသော အဆိုပါ ဝတ်စုံ၊ ပစ္စည်းများမှာ ဥရောပရှိ အမျိုး သားများ၏ ဆိုဒ်နှင့်ပုံစံကိုက်အောင် ဒီဇိုင်း ထုတ်ထားခြင်းမျိုးဖြစ်သည်။ သို့ဖြစ်ရာ အမျိုးသမီးအလုပ်သမားများအတွက် ဥပဒေအရလိုအပ်ချက်အဖြစ် ထိုသို့သော ဝတ်စုံ ပစ္စည်းများ ဝယ်ရသည့် အခါတွင် ဆိုဒ်ငယ်များကိုသာ ရွေးဝယ်နေရသည့်အဖြစ်မျိုးဆိုက်နေသည်။
အကာအကွယ် PPE ဝတ်စုံတစ်ခုသည် အလုပ်သမားတစ်ယောက်၏ ကိုယ်ခန္ဓာနှင့် မတော်ဘဲ ပုခုံးကျယ်နေ ခြင်းမျိုး၊ ပွယောင်းယောင်းဖြစ်နေခြင်း၊ ချိုင်းကြားတွင် ကျပ်နေခြင်းမျိုးစသော ပြဿနာမျိုးရှိနေလျှင် ထိုဝတ်စုံကို ဝတ်ထားသော အလုပ်သမားတွင် သက်ရောက်မှုများရှိနိုင်ပါသည်။ အကယ်၍ အရေးပေါ်အခြေအနေတစ်စုံတစ်ရာရှိခဲ့လျှင် ထိုဝတ်စုံနှင့် မတော်နေသော ပြဿနာက အလုပ်သမားများကို ဒုက္ခကောင်းစွာပေးနိုင်ပေသည်။ စံချိန် မှီဟူသော အမေရိက အမျိုးသားသုံး မျက်နှာအကွယ်အကာ (ဖုန်မဝင်စေရန်)၊ အန္တရာယ်ရှိသောအရာများနှင့် မျက်လုံး ကိုကာကွယ်သော မျက်နှာဖုံးများသည် အမျိုးသမီးအများစုနှင့် မတော်ချေ။ ထို့အပြင် လူမည်းများ နှင့်လူနည်းစု တိုင်းရင်းသားများ အမျိုးသားများ အတွက်ပင် မတော်လှပေ။ ၂၀၁၇ ခုနှစ် အတွင်း ထုတ်ပြန်ခဲ့သော သုတေသန အရမူ ကိုယ်ခန္ဓာနှင့် မတော်သော အကာအကွယ်ဝတ်စုံများ၊ ပစ္စည်းများ သည် အရေးပေါ်အခြေအနေများတွင် ဝတ်ဆင်ထားသူကို အဆိုးဆုံး ပြဿနာ ပေးနိုင်သည်ဟု ဆိုထားသည်။

ရှေ့တန်းတွင်တာဝန်ထမ်းဆောင်နေသူများအဖို့ ထိုကဲ့သို့ အကာအကွယ် ဝတ်စုံနှင့်မတော် ကျပ်ခြင်း၊ ချောင်ခြင်းသည် သေစေလောက်သည်အထိ ဖြစ်ခဲ့ သော သာဓကမျိုးရှိခဲ့သည်။ လွန်ခဲ့သော ၁၉၉၇က ဗြိတိန်အမျိုးသမီး ရဲအရာရှိ တစ်ဦး မတော်တဆဖြစ်ရပ်တစ်ခုနှင့် ကွယ်လွန်ခဲ့ရသည်။ ထိုဖြစ်ရပ်တွင် ထို ရဲအရာရှိအမျိုးသမီးသည်အခင်းဖြစ်ပွားရာတွင် သူမ၏ အကွယ်အကာဝတ်စုံ (လုံခြုံရေး ချပ်ဝတ်)ကို ချွတ်ခဲ့ကြောင်း၊ အကြောင်းအရင်းမှာ ထိုဝတ်စုံဝတ်ထား လျက် ကိရိယာတစ်မျိုးကို သုံးကာ လုပ်ငန်းကိစ္စတစ်ခုဆောင်ရွက်ရာတွင် အဆင်မပြေသဖြင့် အကာအကွယ်ဝတ်စုံချွတ်၍ လုပ်ဆောင်ခဲ့ရာမှ မတော်တဆမှုကြုံရ ကြောင်း ပေါ်ပေါက်ခဲ့သည်။ ထိုဖြစ်ရပ် ပြီးနောက် နှစ်နှစ်ခန့်အကြာတွင် အမျိုး သမီးရဲအရာရှိတစ်ဦးသည် လုံခြုံရေး အကာအကွယ်ဝတ်စုံများ ဝတ်ဆင်ရာ တွင် ကျန်းမာရေးထိခိုက်မှုရှိ၍ သူမအနေနှင့် ရင်သားများသေးငယ်အောင် ခွဲစိတ် ခဲ့ရကြောင်း ဖွင့်ဟခဲ့သည်။ ထိုကိစ္စပေါ် ပေါက်လာပြီးနောက်တွင် အခြားသော ရဲအရာရှိအမျိုးသမီးပေါင်း ၇၀ဝ မှာလည်း ယင်းတို့၏ အကာအကွယ်ဝတ်စုံ များ၏ စံနှုန်းများနှင့်ပတ်သက်၍ တိုင်တန်းပြောဆိုမှုများထွက်ပေါ်လာခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်း ထိုကဲ့သို့ တိုင်တန်းချက်များပေါ်ပေါက် နေခဲ့သော်လည်း ထိုကိစ္စနှင့်ပတ်သက်၍ အနည်းငယ်မျှသာ ‌ဖြေရှင်းဆောင်ရွက် ပြီးသည်ဟုထင်ရသည်။ ဗြိတိန်ရှိ အမျိုးသမီးရဲအရာရှိများက ယင်းတို့အသုံးပြု နေရသော ခါးပတ်များကြောင့် အရေးပြားပွန်းရခြင်း အညိုအမဲစွဲခြင်းမျိုး ရှိကာ၊ အရိုးအကြော ကုသမှုများခံယူရကြောင်း အချွန်သို့ ဓား နှင့်ထိုး၍မပေါက်သော ဝတ်စုံများကြောင့် ရင်သားများအတွက် နေရာလပ်မရှိကြောင်း ရင်ဖွင့်ခဲ့ကြသည်။ ဤအဖြစ်သည် အမျိုးသမီး ရဲအရာရှိများအတွက် သက်တောင့် သက်သာမရှိသော အခြေအနေမျိုး မဟုတ်သည့်အပြင် အန္တရာယ်ရှိသော အခြေအနေမျိုးလည်းဖြစ်သည်။

သန့်စင်ခန်းများထားရှိပုံကိုကြည့်လျှင်လည်း အမျိုးသားများက ပို၍ အဆင်ပြေသည့် ပုံစံများရှိနေသည်။ တက္ကသိုလ်တစ်ခုတွင် အမျိုးသားနှင့် အမျိုးသမီး သန့်စင်ခန်းအရေအတွက် အတူတူထားရှိပေးထားသည်ဟု ဆိုကြပါစို့။ ထိုတက္ကသိုလ်တွင် အမျိုးသားနှင့် အမျိုးသမီးဦးရေကလည်း မျှသည်ဟု ယူဆပါစို့။ သို့သော် အသေအချာပြန် တွေးကြည့်လျှင် အမျိုးသမီး သန့်စင်ခန်း တွင် အပေါ့သွားရန်သီးသန့်နေရာမျိုး ရှားသည်။ အမျိုးသားများအတွက်မူ အပေါ့သွားနိုင်သော ကမုတ်ခွက်များ၊ နေရာများသီးသန့်ထားရှိပေးထားသည်။ ထို့ကြောင့် ပြန်တွေးကြည့်လျှင် အခန်း ငါးခုပါသောသန့်စင်ခန်းတွင် အမျိုးသား ၁၀ဦးခန့် တပြိုင်နက် အသုံးပြုနေနိုင်စဉ် အမျိုးသမီး ငါးဦးလောက်သာ တပြိုင် နက်အသုံးပြု၍ရသော အခြေအနေ ဖြစ်သည်။ အခြားအကြောင်းအရင်း တစ်ခုမှာ အမျိုးသမီးများသည် အမျိုးသား များထက် သန့်စင်ခန်းသုံးချိန် ပိုယူရ ခြင်းဖြစ်သည်။ လေ့လာမှုများအရ ပျမ်းမျှ အားဖြင့် အမျိုးသမီးများသည် အမျိုးသား များထက်အချိန် သန့်စင်ခန်းဝင်ချိန်နှစ်ဆ ကျော်ခန့်ပိုကြာလေ့ရှိသည်ဟုသိရသည်။ အခင်းကြီးငယ်သွားသည့်အပြင် ရာသီ သွေးဆင်းချိန်တွင် သုံးရသော ဂွမ်း တောင့်သို့မဟုတ် ပက်ဒ်များလဲရခြင်း၊ ကိုယ်ဝန်ရှိသူများသည် ဆီးနှင့်ဆိုင်သော ပြဿနာများရှိတတ်ခြင်း အစရှိသော အမျိုးသမီးတို့၏ ကာယိကဒုက္ခများ များသည့်အလျောက် အချိန်ပိုယူရတတ် ခြင်းဖြစ်သည်။ ဤသို့သော အချက်များကို သန့်စင်ခန်းဆောက်ရန် ဆုံးဖြတ်ချက် ချသူများထည့်တွက်ခဲ့ခြင်းရှိမရှိဆိုသည်မှာကား မေးခွန်းကြီးဖြစ်သည်။ သို့သော် ယနေ့တိုင် နေရာအများစုတွင် အမျိုးသားနှင့် အမျိုးသမီး သန့်စင်ခန်းတို့မှာ အရေအတွက်တူညီနေသည်ကသာများ ပေသည်။

အမျိုးသမီးများ၏လက်ချောင်း များသည် ယေဘုယျအားဖြင့် အမျိုးသားများထက်ငယ်ကြောင်း အချက်အလက် များစွာကဆိုထားသည်။ သို့ရာတွင် အချို့သော ပစ္စည်းများမှာ အမျိုးသားများ၏ စံနှုန်းနှင့်သာကိုက်အောင် (အမျိုး သားများနှင့်ကိုက်အောင်သာ) ပုံစံထုတ် ထုတ်လုပ်ဆဲပင်ဖြစ်သည်။ သဘောမှာ အမျိုးသားများသုံးရန်အဆင်ပြေသည်ဆိုလျှင် လူအားလုံးနှင့် ပြေသည်ဟူသော ယူဆချက်မျိုးဖြစ်သည်။ ယနေ့ စမတ် ဖုန်းများ၏ ယေဘုယျ အရွယ်အစားမှာ ၅လက်မခွဲဖြစ်သည်။ အမျိုးသားများက ထိုဖုန်းမျိုးကို လက်တစ်ဖက်တည်းနှင့် အေးအေးဆေးဆေး ကိုင်တွယ်အသုံးပြုနိုင်နေစဉ် အမျိုးသမီးများ၏ ပျမ်းမျှ လက်အရွယ်အစားက ထိုဖုန်းမျိုးကို ကိုင်ရန် ခက်နေသည်။ သို့ရာတွင် အက်ပဲလ် Apple ကဲ့သို့သော ကုမ္ပဏီမျိုးက အမျိုးသမီးများက အမျိုးသားများထက် iPhone ပိုမိုပိုင်ဆိုင်နိုင်ဖွယ်ရှိဟူသော စစ်တမ်းမျိုးထုတ်နေတတ်သည်။

၂၀၁၆ခုနှဈတှငပြှုလုပခြဲ့သော ဝါရှငတြနတြကျကသိုလမြှ သဒျဒဗဒေ ဘာသာရပြ သုတသေီ ရခယွြေ၏ လေ့လာမှုအရ ဂူးဂဲလြ၏ စကားမှတြ မိမှုဆော့ဝဲလြ (အသုံးပှုသူ၏အသံကို မှတသြားနိုငသြော ဆော့ဝဲလြ) သညပြငြ အမွိုးသားမွား၏ အသံကို ၇၀ ရာခိုငြ နှုနြး ပိုမိုတိကစွှာ မှတသြားနိုငသြညြ ဟုဆိုသညြ။ သို့ဆိုလွှငြ ဈေးတနြးတူ ပေး၍ ဝယရြသော အမွိုးသမီးမွားအတှကြ မမွှတနိုငပြေ။ ထို့ထကဆြိုးသညကြ ဤကဲ့သို့သော စကားသံဖှငြ့ စကပြဈစညြးကို ထိနြးခွုပနြိုငသြော စနဈ မွိုးပါသညြ့ ယာဉမြွားတှငြ အမွိုး သမီးမွား မောငြးနှငသြညြ့အခါထို ဆော့ဝဲလြ၏ အလုပလြုပမြှုမှာ အမွိုးသား မွား ထိနြးခွုပမြောငြးနှငသြညနြှငြ့တနြးတူပငဟြုဆို၍မရ။ ယာဉအြနျတရာယကြငြး ရှငြးရေးအတှကလြညြး စိုးရိမဖြှယဖြှဈသညြ။ ထိုဆော့ဝဲလသြုံးရသညကြ ပို၍ ဘေးကငြးစှာ မောငြးနှငနြိုငဖြို့ အထောကအြကူဖှဈစရနေဖြှဈသောလြညြး အမွိုး သမီးမွားအတှကမြူ ပှောငြးပှနအြကွိုးရလဒဖြှဈလာနိုငသြညြ။ တဈခါက ၂၀၁၂ မောဒြယဖြို့ဒြ ဖိုးကပကြားဝယထြားသော ဇနီးမောငနြှံသညြ ကား၏ အသံမှတြ သားမှုဆော့ဝဲလပြှူနာကို ကှုံရသညြ။ ထိုဆော့ဝဲလကြ ခငပြှနြးဖှဈသူ၏ အသံကိုသာ အသအခွောမှတသြားကာ ဇနီးဖှဈသူ၏ အသံကို မမှတသြားနိုငြ ခှငြးမွိုးပငြ။ ဆော့ဝဲလထြုတလြုပသြူမွားက အမွိုးသားအသံကို စံယူကာ ပှုလုပခြဲ့ပုံပငဖြှဈသညြ။

ကားမတော်တဆမှုအများစုတွင် အမျိုးသားများပါဝင်မှုနှုန်းမြင့်လေ့ရှိကာ အပြင်းအထန်ဒဏ်ရာရလေ့ရှိသည်။ သို့ရာတွင် အမျိုးသမီးများသည်လည်း ကားမတော်တဆဖြစ်တတ်သည်သာ။ အကယ်၍ အမျိုးသမီးတစ်ဦးကားမောင်း ရင်း မတော်တဆယာဉ်တိုက်မှုမျိုးကြုံရလျှင် သူမသည် အမျိုးသားများထက် အပြင်းအထန်ဒဏ်ရာရနိုင်ချေ ၄၇ ရာခိုင်နှုန်းပိုရှိသည်။ အတော်အတန် ထိခိုက်ဒဏ်ရာရနိုင်ချေ ၇၁ ရာခိုင် နှုန်းပိုရှိသည်။ သေဆုံးနိုင်ချေ ၁၇ရာခိုင် နှုန်း ပိုမြင့်သည်။ အကြောင်းအရင်းမှာ ကားများ၏ ဒီဇိုင်းကြောင့်ဖြစ်သည်။ အမျိုးသမီးအများစု ကားမောင်းလျှင် ထိုင်ခုံ၏ အရှေ့ဘက်နားတွင်တိုး၍ထိုင်ကာ လေဘာ၊ ဘရိတ်စသည်တို့နင်း၍ မီအောင်၊ ကား၏ ဒက်ဘုတ်ကိုကျော် ကြည့်ကာ ရှေ့မြင်ကွင်းကို မြင်အောင် အားထုတ်ရလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးအများစုမှာ အမျိုးသားများနှင့်ယှဉ်လျှင် ယေဘုယျအားဖြင့် အရပ်ပုသောကြောင့်ဖြစ်သည်။ ဤသည်မှာ ကားမောင်းရာတွင် မှန်ကန်သော ပုံစံမျိုးမဟုတ်ကြောင်း သုတေသီများက တွေ့ရှိခဲ့သည်။ ခြုံပြောရလျှင် အမျိုးသမီးအများစုကားမောင်းရာတွင် ပုံစံမမှန်သောကြာင့် မတော်တဆဖြစ်လျှင် ထိခိုက်၊ သေဆုံးမှုမြင့်ခြင်းပင်။ ခါးပတ်လည်းပတ်ပါသည်။ မတော်တဆဖြစ်လျှင် ထွက်လာသော လေအိတ် လည်းထွက်ပါသည်။ သို့ရာတွင်ထိုအရာ များသည်ပင် ယာဉ်မောင်းအမျိုးသမီးများကို သေစေသော အရာများဖြစ်နေနိုင်သည်။ အရင်းစစ်လိုက်လျှင် ရှင်းလှသော အဖြေကြီးတစ်ခုရှိသည်။ ကား အများစုကို ပုံစံထုတ်စမ်းသပ်စဉ်ကပင် အမျိုးသားများ၏ ကိုယ်ဟန် လိုအပ်ချက် အနေအထားများနှင့်သာ စံထားလျက် ထုတ်လုပ်ခဲ့ခြင်းပင်ဖြစ်သည်။ ကားမတော်တဆမှုများကို စမ်းသပ်ရာ၌ပင် အမျိုးသားအရုပ်များသုံးကာ စမ်းသပ်ခဲ့ခြင်းမျိုးတွေ့ရသည်။

ထို့ကြောင့် ကားများ၏ ထိုင်ခုံ၊ ခါးပတ်၊ အရေးပေါ် အခြေအနေတုံ့ပြန်မှုစနစ်များမှာ အမျိုး သမီးများနှင့် အဆင်မပြေဘဲမတော်တဆ ကြုံသော် ပြင်းစွာ ထိခိုက်နိုင်ချေ၊ အသက်ဆုံးပါးနိုင်ချေများရခြင်းပင်ဖြစ်သည်။ ကားထုတ်လုပ်သည့် လုပ်ငန်းကြီးများနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး အဖွဲ့ကြီးများသည်ပင် မကြာသေးမီကမှ (အမေရိကန်တွင် ၂၀၁၁ ဝန်းကျင်၊ ဥရောပတွင် ၂၀၁၅) အမျိုးသမီး အရုပ် များကိုသုံးကာ ယဉ်ဘေးကင်းရေးအတွက် စမ်းသပ် ပုံစံထုတ်ခြင်းကိုစတင် လာခဲ့ကြသည်။ ကိုယ်ဝန်ဆောင်များ ကားစီးစဉ် ဘေးကင်းရေးကား အတပ်မပြောနိုင်သောသော အခြေအနေတွင် ပင်ရှိသေးသည်။ ဥပမာ ကိုယ်ဝန်ဆောင်များအတွက် သုံးရမည့် ကားခါးပတ်များမှာ ကိုယ်ဝန်၏ သက်တမ်းအရ ပြောင်းလဲသုံးစွဲရမည့် အနေအထားမျိုး လည်းဖြစ်နေသည်။

အထက်ပါ သာဓက ဥပမာများသည် ထင်ရှားသည့်ဖြစ်ရပ်များမျှသာဖြစ်၏။ ကမ္ဘာတဝန်းကြုံတွေ့နေရသော ကျား မ တန်းတူညီမျှမှုကိစ္စရပ်များကား များစွာအသင်္ချေရှိနိုင်ပေသည်။ ဤ အရေးကိစ္စများကို ဖြေရှင်းရာတွင်မူ တန်းတူညီမျှမှုကို အရေအတွက်ပမာဏ သဘောဖြင့် နှိုင်းဆခြင်းထက် အနှစ်သာရအားဖြင့် လက်တွေ့အားဖြင့်မည်မျှ တန်းတူညီမျှဖြစ်စေရေးဆောင်ရွက်ရန် ကြိုးပမ်းနိုင်ကြသည်ကိုမူ အလေးထား သင့်ကြပါပေသည်။

ကိုးကား- https://www.theguardian.com/lifeandstyle/2019/feb/23/truth-world-built-for-men-car-crashes