ကွမ်းပင်ဘုတ်ဖတ်မှ လူသုံးကုန်ပစ္စည်း ထုတ်စက် အရစ်ကျစနစ်ဖြင့် ရောင်းမည်

0
699

မြိတ်မြို့ ပလောက်စုရပ်ကွက်တွင် ကွမ်းသီးပင် ဘုတ်ဖတ်မှ လူသုံးကုန် ပစ္စည်းများ ထုတ်လုပ်နေသူ ဦးသန်းဇော်ဦး က လုပ်ငန်းလုပ်ကိုင် လိုသူများအတွက် စက်များအား အရစ်ကျစနစ်ဖြင့် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း ပြောသည်။

အဆိုပါလုပ်ငန်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းတစ်ခု ရရှိစေရန် ရည်ရွယ် ၍ ယင်းသို့ အရစ်ကျစနစ်ဖြင့် ရောင်းချ ခြင်းဖြစ်ကြောင်း ဦးသန်းဇော်ဦးက ပြောပြသည်။

“ထုတ်လုပ်တဲ့နည်းစနစ်ကို တစ်ပတ် ခေါ်ပြီး သင်ပေးပါမယ်”ဟု ဦးသန်းဇော်ဦး က ပြောသည်။
အရစ်ကျစနစ်ဖြင့် ရောင်းချရာတွင် အများဆုံး စက်သုံးလုံးအထိ ဝယ်ယူရ မည်ဖြစ်‌ကြောင်း ၎င်းက ပြောသည်။

စက်တစ်လုံးလျှင် ကျပ်သိန်းနှစ်ဆယ်ကျသင့်မည်ဖြစ်ပြီး ကနဦးအနေဖြင့် သုံးဆယ်ရာခိုင်နှုန်း ပေးသွင်းရမည် ဖြစ်သည်။

ကျန်ငွေများအား ဘဏ်တိုးနှုန်းဖြင့် ပေါင်းကာ လစဉ်ပေးစနစ်ဖြင့် တစ်နှစ် တိတိ ပေးသွင်းရမည် ဖြစ်သည်။

စက်ဝယ်ယူသူများ ထုပ်လုပ်သည့် ပစ္စည်းများအား ဈေးကွက်ရရှိအောင် ချိတ်ဆက် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးသန်းဇော်ဦးသည် ကွမ်းပင် ဘုတ်ဖတ်မှ လူသုံးကုန်များအဖြစ် တစ်ခါ သုံး ထမင်းဘူး၊ ဇွန်း၊ ခရင်း၊ ဟင်းခွက်၊ ကော်ဖီခွက် ပန်းကန်ပြား စသဖြင့် ၆ မျိုးခန့်အား ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလမှစပြီး ဈေးကွက်ဝင် ပစ္စည်းများအဖြစ် စတင်ထုတ်လုပ်ခဲ့ သည်။

မြင့်မိုရ်(မြိတ်)