Sea View ကွန်ဒို စူပါမားကက် ပစ္စည်းအမျိုးအမည် နှစ်သိန်းကျော် ရောင်းမည်

0
586

လာမည့် ခြောက်လအတွင်း ဖွင့်လှစ် ရန် စီစဉ်ထားသည့် မြိတ်ကမ်းနားလမ်းရှိ Sea View ကွန်ဒိုတွင် ပစ္စည်းအမျိုး အမည်ပေါင်း နှစ်သိန်းကျော် ထည့်သွင်း ရောင်းချမည်ဖြစ်ကြောင်း မြိတ်ဈေးဝယ် စင်တာ မန်နေဂျာ ဒေါ်မေသူက ပြော ကြားသည်။

ယင်းပစ္စည်းများတွင် စားသောက် ကုန်၊ လူသုံးကုန် နှင့် အလှကုန်ပစ္စည်းများ ပါဝင်သည်ဟု ၎င်းက ပြောကြားသည်။

“စူပါမားကက်ဖွင့်ဖို့အတွက် မတ်လကနေပြီးတော့ ဆိုင်ခန်းတွေကို အပ်နှံသွားမယ်”ဟု ဒေါ်မေသူက ဆိုသည်။

စူပါမားကက်ကို Sea View Mall နှင့် မြိတ်ဈေးဝယ်စင်တာ (Myeik Shopping Center) တို့ပူးပေါင်းကာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူများ ကပြောသည်။

စူပါမားကက် ပတ်ပတ်လည်တွင် ဆိုင်ခန်းပေါင်း ၂၈၇ ခန်း ပါဝင်မည် ဖြစ်သည်။

လက်ရှိအချိန်တွင် ဆိုင်ခန်းပေါင်း ၁၀၀ နီးပါးခန့် ရောင်းချငှားရမ်းထားပြီး ဖွင့်လှစ်ရောင်းချနေသည့် ဆိုင်ခန်း ၅၀ ခန့်ရှိနေပြီ ဖြစ်ကြောင်း Sea View ကွန်ဒို ၏ လက်ထောက်မန်နေဂျာ ကိုသောင်းကြွယ် က ပြောပြသည်။

စူပါမားကက်ဖွင့်နိုင်ရေး Sea View Mall နှင့် Myeik Shopping Center မှတာဝန်ရှိသူများ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ လ ၃၁ ရက်က သဘောတူ လက်မှတ်ရေး ထိုးခဲ့ကြသည်။

Dawei Watch