တနင်္သာရီတိုင်း ကမ်းရိုးတန်းတွင် မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ အထိ ငါးသယံဇာတ သုတေသန ပြု လုပ်မည် ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနရုံးထံမှ သိရသည်။
ယင်းသုတေသန လုပ်ငန်းကို မေလ ၁ရက်မှ ၈ရက်နေ့အထိ ရခိုင် ကမ်းရိုး တန်းနှင့် မေလ ၉ရက်မှ ၂၁ ရက်နေ့အထိ မြစ်ဝကျွန်းပေါ်ဒေသ ဖြစ်သော ဧရာဝတီ နှင့် မွန်တို့တွင် ပြုလုပ်ခဲ့ကြောင်း သိရ သည်။
မြန်မာ့ပင်လယ် ငါးလုပ်ငန်း ရေပြင် အတွင်း ငါးသယံဇာတ တည်ရှိမှုနှင့် ထုထည်ပမာဏ၊ ငါးများ၏ အလေ့ အထ နှင့် ၎င်းတို့၏ ပေါက်ဖွားချိန် နှင့်နေရာ သန္တာကျောက်တန်းများ တည်ရှိမှု အခြေအနေကို သိရှိရန် သုတေသနပြုလုပ် ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ရေပြင်အလိုက် ဒေသ အလိုက် အာဟာရ ဓာတ်ပါဝင်မှုနှုန်း စသည့် ရေငန်ဂေဟဆိုင်ရာ အချက် အလက်များကို ဖော်ထုတ်နိုင်ရန်နှင့် နှစ်စဉ် မှန်မှန် မျိုးမပြုန်းတီးစေဘဲ ဖမ်းဆီးနိုင်သော ပမာဏကို တွက် ချက်ပြီး ရေရှည် တည်တံ့သော ငါးလုပ် ငန်း စီမံခန့် ခွဲမှုများကို ပြုလုပ်နိုင်ရန် အတွက် ယင်း သုတေသနကို ပြုလုပ်ခြင်း ဖြစ်သည်ဟု သိရသည်။