ကတန်ကျွန်း ကမ်းလွန်ရေနံလုပ် ကွက်အတွက် ကန်ဒေါ်လာ သန်း ၁၅၀ ကနဦး ရင်းနှီးမြှုပ်နှံမည်

0
647

ကျွန်းစုမြို့နယ် ကတန်ကျွန်းကမ်း လွန်အနီးရှိ ရေနံလုပ်ကွက် အမှတ် ၁၅ တွင် သဘာဝဓာတ်ငွေ့ ရှာဖွေရေးစီ မံကိန်းအတွက် ကနဦးအနေဖြင့် အ မေရိကန်ဒေါ်လာ သန်း ၁၅၀ ရင်းနှီး မြှုပ်နှံမည်ဖြစ်ကြောင်း Canadian Foresight Group Pte Co.,Ltd (ကနေဒါ) ဒု- ဥက္ကဌ မစ္စပါလာဝူးက ပြောသည်။


လာမည့် ဒီဇင်ဘာလတွင် စမ်း သပ်တူးဖော်ရန် လျာထားပြီး ကုမ္ပဏီ ၃ခုက အကျိုးတူ ပူးပေါင်းလုပ်ကိုင်သွား မည်ဖြစ်ကြောင်း မစ္စပါလာဝူးက ရှင်းပြ သည်။
အဆိုပါ အမှတ် ၁၅ လုပ်ကွက် သည် ၁၃၄၈၀ ကီလိုမီတာ ကျယ်ပြီး ကပ္ပလီပင်လယ်အတွင်း တည်ရှိကာ စမ်းသပ်မှု အောင်မြင်ပါက အမေရိကန် ဒေါ်လာ သန်း ၅၀၀ ထပ်မံရင်းနှီးမြှုပ် နှံသွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ ဌာနေတာဝန်ခံဦးကျော်မိုးက ပြောသည်။
ယင်းစီမံကိန်း ဧရိယာသည် ကျွန်းစု မြို့နယ်မှ မိုင် ၁၅၀ အကွာတွင် တည်ရှိပြီး စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ ဩစတေးလျ နိုင်ငံအခြေစိုက်  TRGM – 15 Pte Ltd. ကနေဒါအခြေစိုက် CFG Pte ကုမ္ပဏီ လီမိတက်နှင့် မြန်မာ နိုင်ငံမှ Century Bright Gold ကုမ္ပဏီလိမိတက်တို့သည် ယင်းလုပ် ကွက်အတွက် ထုတ်ဝေမှုအပေါ် ခွဲဝေခံ စားရေး စာချူပ်ကို မတ်လ ၃၀ ရက် နေ့က နေပြည်တော်တွင် လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။