ကျွန်းပေါ်ဟိုတယ်ဖြစ်သည့် သူဋ္ဌေးကျွန်းဟိုတယ်တစ်ခုတွင်သာ ယစ်မျိုးလိုင်စင်ရှိသည့် ကော့သောင်းခရိုင်အတွင်းရှိ ဟိုတယ်များကို လိုင်စင် ထပ်ထုတ်ပေးမည်ဖြစ်ကြောင်း ကော့သောင်းခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
ကော့သောင်းမြို့ပေါ်ရှိ ဟိုတယ် ၅ ခုနှင့် ကျွန်းပေါ် ဟိုတယ် ၃ ခုတွင် နိုင်ငံခြား အရက်များ လက်လီရောင်းချခွင့် လိုင်စင်ထုတ်ပေးသွားမည်ဖြစ်ကြော
ကော့သောင်းတွင် ယစ်မျိုးလိုင်စင် ထပ်တိုးမထုတ်ပေးသည်မှာ နှစ်အတော်ကြာနေပြီဖြစ်ပြီး ယခုနှစ်တွင် တိုင်းအစိုးရ၏ ခွင့်ပြုချက်ဖြင့် ထပ်တိုးထုတ်ပေးခြင်းဖြစ်ကြောင်း ကော့သောင်းခရိုင် အထွေထွေ အုပ်ချုပ်ရေး ရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ဟိုတယ်တစ်ခု ဖွင့်ပြီဆိုတာနဲ့ လိုအပ်တဲ့ လိုင်စင်တွေ အကုန်လုပ်ရသလို အရက် ၊ ဘီယာ လည်း ရောင်းရတယ်။ ဒီအတွက် လိုင်စင်တွေ တရားဝင်ထုတ်ပေးတာတော့ ကောင်းပါတယ်”ဟု ကော့သောင်းဟိုတယ် မန်နေဂျာက ဆိုသည်။
လိုင်စင်လျှောက်ထားရန်လည်း ပြင်ဆင်နေကြောင်း အထက်ပါ မန်နေဂျာက ပြောသည်။
လျှောက်ထားမည့်ဟိုတယ်များကို အထက်ပါ ရုံးမှ ရောင်းချခွင့် လိုင်စင်ထုတ်ပေးမည်ဖြစ်ပြီး လိုင်စင်တမ်း တစ်နှစ် ဖြစ်ကြောင်း သိရသည်။
ယခင်က ကော့သောင်းတွင် ကျွန်းပေါ်ဟိုတယ်တစ်ခုဖြစ်သည့် သူဋ္ဌေးကျွန်းတွင်သာ ယစ်မျိုးလိုင်စင်ရှိသည်။