တနင်္သာရီရေဘေးသင့်ပြည်သူများကို အရေးပေါ်လူနာတင်ယာဉ်ကွန်ရက်မှ အစားအစာနှင့် ပစ္စည်းများသွားလှူမည်

0
372

တနင်္သာရီမြို့နယ်ရှိ ရေဘေးသင့် ပြည်သူများကို ထားဝယ်ခရိုင် အရေးပေါ် လူနာတင်ယာဉ် ကွန်ရက်အဖွဲ့ဝင်များက အစားအစာ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် အဝတ်အထည်များကို ဇူလိုင်လ ၂၈ ရက် တွင် သွားလှူမည်ဖြစ်ကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာတင်ယာဉ်အဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။

ငွေကျပ်သိန်းတစ်ရာခန့်တန်ဖိုးရှိ ဆန်၊ ရေသန့်၊ အစားအစာ၊ မီးဖိုးချောင် သုံးပစ္စည်းများ တင်ဆောင်သည့် ကား ၁၉ စီးဖြင့် တနင်္သာရီမြို့နယ်ရှိ ရေဘေး ကယ်ဆယ်ရေးစခန်းများတွင် သွားလှူ မည်ဖြစ်ကြောင်း ဦးနိုင်မျိုးသွင်က ဆို သည်။
အစားအသောက်နှင့် ကုန်ပစ္စည်း များအတွက် ကွန်ရက်အဖွဲ့ဝင် အရေး ပေါ်လူနာတင်ယာဉ်အဖွဲ့များ၊ ပြင်ပ အလှူရှင်များက လှူဒါန်းထားကြောင်း ၎င်းက ဆိုသည်။

သွားရောက်လှူဒါန်းရာတွင် ကွန်ရက်အဖွဲ့ဝင် ၁၂၀ ဦးခန့် လိုက်ပါ မည်ဖြစ်ကာ စာသင်ကျောင်းကဲ့သို့ လိုအပ်သည့်နေရာများတွင် သန့်ရှင်းရေး လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ကွန်ရက်အဖွဲ့ဝင်တွေ စုပေါင်းပြီး သွားလှူဖြစ်တာပါ”ဟု ဦးနိုင်မျိုးသွင်က ဆိုသည်။

ထားဝယ်ခရိုင် အရေးပေါ်လူနာတင် ယာဉ်ကွန်ရက်အဖွဲ့တွင် အရေးပေါ် လူနာတင်ယာဉ်အဖွဲ့ပေါင်း ၇၂ ဖွဲ့ရှိ ကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီ သယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။