မီးပျက်နေချိန် ယာဉ်ထိန်းရဲများလမ်းမရှင်းသည့်အပေါ် ဝေဖန်မှုမြင့်

0
539

မီးပျက်နေသည့်အချိန်တွင် ထား ဝယ်မြို့ရှိ မီးပွိုင့်လမ်းဆုံများ၌ ယာဉ် ထိန်းရဲများ ယာဉ်ကြောရှင်းလင်းပေးခြင်း မရှိသည့်အပေါ် ဒေသခံပြည်သူများ အ ကြား ဝေဖန်မှု မြင့်တက်လျက်ရှိသည်။
ယာဉ်ထိန်းရဲများအနေဖြင့် မီးပွိုင့် လမ်းဆုံများတွင် အမြဲတမ်း ယာဉ်ကြော ရှင်းလင်းခိုင်းနေခြင်းမျိုးမဟုတ်ဘဲ ယာဉ်အသွားအလာများပြီး မီးပျက်သည့် အချိန်များတွင်သာ ယာဉ်ကြောရှင်းပေး ရန်လိုအပ်ကြောင်း ထားဝယ်မြို့ ကြက် စားပြင်ရပ်ကွက်နေ ကိုလှသိန်းက ဆိုသည်။
“မီးပျက်နေချိန်ဆို အရမ်းအန္တရာယ် များတယ်၊ တော်တော်လေးကို သတိထား ပြီး ဖြတ်နေရတယ်”ဟု ကိုလှသိန်းက ပြောသည်။

ထားဝယ်ခရိုင်လျှပ်စစ်ထုတ်ရန် အ တွက် သဘာဝဓာတ်ငွေ့သွယ်တန်းထား သည့် ဇောတိက သဘာဝ ဓာတ်ငွေ့ပိုက် လိုင်းကို Full Field Planned Shut-down လုပ်မည်ဖြစ်သည့်အတွက် ပြီးခဲ့ သည့် ဇန်နဝါရီလ ၂၇ ရက်မှ ဖေဖော်ဝါရီ လ ၅ ရက်နေ့အထိ အလှည့်ကျစနစ်ဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ် အင်ဂျင်နီယာ ရုံးက ထုတ်ပြန်ထားသည်။
ယင်းကြောင့် လမ်းဆုံမီးပွိုင့်များ လည်း အလှည့်ကျ မီးပျက်လျက်ရှိသည်။

ယာဉ်ထိန်းရဲများ လမ်းရှင်းခြင်းကို အရေးကြီးပုဂ္ဂိုလ် သွားလာချိန်နှင့် ကျောင်းတက် ကျောင်းဆင်းချိန်များတွင်သာ တွေ့ရပြီး မီးပျက်သည့်အချိန်တွင် ယာဉ်ကြောရှင်း နေသည်ကို မတွေ့ရကြောင်း ထားဝယ်မြို့ ပုံကျွန်းရပ်ကွက်နေ ဦးမြတ်ဇော်က ဆိုသည်။
“တော်တော့ကို လွဲနေတယ်လို့ ထင်တယ်၊ ယာဉ်ထိန်းဆိုတာ မီးပွိုင့် တွေမှာ အမြဲရှိနေသင့်တယ်”ဟု ဦးမြတ် ဇော်က ပြောသည်။
ယာဉ်အသွားအလာများချိန်တွင် မီးပျက်ပြီး မီးပွိုင့်များ အလုပ်မလုပ် သည့်အတွက် ယာဉ်မောင်းသူအချင်းချင်း နားလည်မှုဖြင့် ရှောင်တိမ်းသွားလာနေရ ကြောင်း ၎င်းက ဆိုသည်။

မီးပျက်သည့်အချိန် မီးပွိုင့်များတွင် ယာဉ်ထိန်းများ လမ်းပေါ်ထွက်ကာယာဉ် ကြောရှင်းလင်းပေးရန် ညွှန်ကြားထားပြီး ယာဉ်ကြောရှင်းလင်းခြင်းမရှိပါက အ ရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲ တပ်ဖွဲ့မှူးရဲမှူးကြီးနေမျိုးက ဆိုသည်။

“ဒါက ညွှန်ကြားချက်ရှိပြီးသား၊ မီးပျက်တာနဲ့ ယာဉ်ထိန်းက လမ်းပေါ်မှာ ရှိရမယ်၊ မရှိရင် အရေးယူရမယ်၊ အခုက လူကြီးလာမှ ထွက်တဲ့ပုံစံဖြစ်နေတယ်”ဟု ရဲမှူးကြီးနေမျိုးက ပြောသည်။
ယာဉ်ထိန်းရဲများက အရေးကြီး ပုဂ္ဂိုလ် သွားလာချိန်များတွင်သာ ယာဉ် ကြောရှင်းကာ လမ်းပြလေ့ရှိသည်ဟု ဒေသခံပြည်သူများအကြား ပြောဆို ဝေဖန်နေမှုများရှိသည်။