ရောင်းမော် ဘောလုံးအသင်းအား အရေးယူရန် တင်ပြထား

0
547

ရောင်းမော် ကျေးရွာဘောလုံး အသင်းမှ အသင်းသားတချို့ကို ဥပဒေ နှင့်အညီ အရေးယူနိုင်ရန် တိုင်းအစိုးရအ ဖွဲ့ထံ ဩဂုတ်လ ၆ ရက်နေ့က တင်ပြ ထားကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။

ထားဝယ်မြို့နယ် ကျေးရွာပေါင်းစုံ အသက် ၂၂ နှစ်အောက် အမျိုးသားဘော လုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲအပြီးတွင် ရောင်းမော်ကျေးရွာအသင်းက တိုင်းအား ကစားကွင်း ခြံစည်းရိုး၊ ပလစ်စတစ် ထိုင်ခုံ စသည် တို့ကိုဖျက်ဆီးခဲ့သဖြင့် ယခုကဲ့သို့ အရေးယူရန်တင်ပြခြင်း ဖြစ် ကြောင်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

“ကျေးရွာအုပ်ချုပ်ရေးမှူး ကတော့ လျော်ပေးမယ်ပြောနေတယ်။ ဒီလိုသာ လျော်ပေးနေရင် အခြားအဖွဲ့တွေလည်း ရိုက်ချိုးပြီး လျော်ပေးမယ် ပြောလာမှာ ပေါ့”ဟု ဦးစိုးမိုးနိုင်က ပြောသည်။
၎င်းအပြင် ထားဝယ်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီမှ လည်း ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းနှင့်အညီ ထပ်မံအရေးယူရန်ရှိကြောင်း ယင်း ကော်မတီဥက္ကဋ္ဌ ဖြစ်သူထားဝယ် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလင်းသန့်က ပြော သည်။

“ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းအရ တော့ ကိုယ်တို့က အရေးယူရမှာကတော့ အဆင်သင့်ပဲ။ ပြစ်ဒဏ်က အရမ်းကြီး သွားမှာစိုးလို့ ဟိုဘက်ကို ခဏစောင့်နေ တာအဲလိုသဘောပါ”ဟု ၎င်းကပြော သည်။
ယင်းဘောလုံးပွဲကို ဩဂုတ်လ ၅ ရက်နေ့တွင် ရောင်းမော်အသင်းနှင့် တလိုင်းတောင်အသင်းတို့ ယှဉ်ပြိုင်က စားခဲ့ရာ ရောင်းမော်အသင်းမှ တလိုင်း တောင်အသင်းအား ၂ ဂိုး ၄ ဂိုးဖြင့် ရှုံးနိမ့် ခဲ့ကြောင်း သိရသည်။