မြိတ်တွင် လူငယ်တစ်ဦး ကြိုးဆွဲချသတ်သေ

0
409
ပုံစာ - ကြိုးဆွဲချသေဆုံးသည့် အလောင်းကို လာရောက်သယ်ယူနေစဥ်။ Photo - မိဘမေတ္တာ

မြိတ်မြို့၊ တရုတ်တန်းရပ် ၊ သရက်တောအနောက်ကျောင်းလမ်းတွင် အသက် ၁၈ နှစ်အရွယ်အမျိုးသားတစ်ဦး ယနေ့ (ဧပြီ ၁၅၊ သင်္ကြန်အကြတ်နေ့) နေ့လယ်ပိုင်းတွင် ကြိုးဆွဲချကာသေဆုံးသွားကြောင်း ရပ်ကွက်နေပြည်သူများနှင့်ပရဟိတအသင်းများထံမှသိရသည်။

“အိမ်မှာလူကြီးတွေမရှိတဲ့အချိန် တစ်ယောက်တည်းရှိနေတုန်းအခုလိုဖြစ်သွားတယ် “ဟု မြို့ခံပရဟိတအသင်းတာဝန်ရှိသူတစ်ဦးကပြောသည်။

၎င်း၏ရုပ်အလောင်းကို မြိတ်ဆေးရုံသို့ပို့ဆောင်ကာ ယင်းမှတစ်ဆင့်ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ပြီဖြစ်သည်။

“ဘာကြောင့်အခုလိုဖြစ်သွားလဲတော့ ပြောမတတ်ဘူး၊ ရပ်ကွက်ထဲမြင်နေရတဲ့ ကလေးတစ်ယောက်ဆိုတော့ စိတ်မကောင်းဘူး “ ဟု တရုတ်တန်းရပ်ကွက် အမျိုးသမီးတစ်ဦး ကပြောသည်။

အဆိုပါ လူငယ်အမျိုးသား ကြိုးဆွဲချရသည့်အကြောင်းအရင်းကို သီးခြားအတည်မပြုနိုင်သေးပေ။

မတ်လနှောင်းပိုင်းကလည်း မြိတ်မြို့နယ်၊တုံးဗျောငယ်ရွာတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ခဲ့သေးသည်။