ဆန်ဈေးကျပြီး ကြက်သွန်ဖြူဈေးတက်သည့် ထားဝယ်ဈေးကွက်

0
387

ထားဝယ်တွင် ဆန်ဈေးကျပြီး ကြက်သွန်ဖြူဈေးအနည်းငယ်တက်လာသည်။

ပြီးခဲ့သည့်အပတ်က အကယ်ဒမီ အစိမ်းရောင်တံဆိပ် ပေါ်ဆန်းဆန် တစ်အိတ်လျှင် ၁၅၄၀၀၀ ကျပ်မှ ယနေ့ ၁၅၁၀၀၀ကျပ်၊ အနီရောင်တံဆိပ်မှာ ၁၄၂၀၀၀ကျပ်မှ ၁၃၈၀၀၀ကျပ်သို့ ဈေးကျသွားသည်။

တစ်ပတ်အတွင်း အကယ်ဒမီပေါ်ဆန်းဆန် တစ်အိတ်လျှင် ကျပ် ၄၀၀၀ ဈေးကျသွားခြင်းဖြစ်သည်။

ကြက်သွန်ဖြူဈေးမှာ အနည်းငယ်ပြန်တက်လာသည်။

ပြီးခဲ့သည့်အပတ်က ကြက်သွန်ဖြူ တစ်ပိဿာ ၉၀၀၀ ကျပ်သာရှိရာက ယနေ ၉၅၀၀ကျပ်ဖြစ်လာပြီး တစ်ပတ်အတွင်း ကြက်သွန်ဖြူတစ်ပိဿာ ၅၀၀ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။

ယင်းအပြင် အာလူးတစ်ပိဿာဈေးမှာလည်း ယခင်အပတ်ကထက် ၃၀၀ကျပ် ဈေးတက်သွားသည်။

ယခင်အပတ်က အာလူးတစ်ပိဿာ ၂၅၀၀ကျပ်မှာ ယနေ့ ၂၈၀၀ကျပ်ဖြစ်လာသည်။

ရက်ကိုးဆယ် အမျိုးအစားအကယ်ဒမီဆန်ကြမ်းနှင့် ရွှေဘိုပေါ်ဆန်း ဆန်ဈေးနှုန်းများမှာ ဇယားပါ‌ေစျးနှုန်းများအတိုင်း ဈေးငြိမ်နေသည်။