ထိုင်း ကော့တောင်ကျွန်းသွားသော ခရီးသွားလှေမီးလောင်၊ ၄ ဦးဒဏ်ရာရ

0
671

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့တောင်ကျွန်းသို့ သွားသော ညအိပ်ခရီးသွားလှေတစ်စီး ယနေ့ နံနက်ပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

နံနက် ၆ နာရီ ၅၀ မိနစ်ဝန်းကျင်တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး ကော့တောင်ကျွန်းနှင့် ၃ ကီလိုမီတာခန့်အကွာတွင် မီးလောင်ခဲ့ခြင်းဖြစ်သည်။

ညအိပ်လှေပေါ်တွင် ခရီးသည်နှင့်ဝန်ထမ်း ၁၀၈ ဦး လိုက်ပါလာခဲ့ကြပြီး မီးလောင်မှုကြောင့် ၄ ဦး ဒဏ်ရာ အနည်းငယ်ရရှိခဲ့သည်။

မီးလောင်သည့်လှေပေါ်မှ ခရီးသည်များကို ကူညီပေးရန် ကော့တောင်နှင့် ကော့ဖငန်းကျွန်းက ရဲတပ်ဖွဲ့များကို စေလွှတ်ထားကြောင်း အာဏာပိုင်များက ဆိုသည်။

လက်ရှိတွင် မီးလောင်ရသော အကြောင်းအရင်းနှင့် ပျက်စီးမှုများကို စုံစမ်းနေဆဲဖြစ်ကြောင်း အာဏာပိုင်များက ပြောဆိုထားသည်။

ကော့တောင်ကျွန်းသည် ထိုင်းတောင်ပိုင်း ကော့စမွေ၊ ကော့ဖငန်းကျွန်းများဘေးတွင် ရှိသော ခရီးသွားကျွန်းဖြစ်ပြီး ညအိပ်လှေများဖြင့် သွားလာရသည်။

Ref: Khaosod English